BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, April 17, 2012

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့ချုပ်မှ ရွေးချယ်ချီးမြှင့်မည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင်စာရင်း ထွက်ပေါ်


ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့ချုပ်မှ ရွေးချယ်ချီးမြှင့်မည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင်စာရင်း ထွက်ပေါ်ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့ချုပ်မှ ရွေးချယ်ချီးမြှင့်မည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင်စာရင်း ထွက်ပေါ်

၂၀၁၁-၁၂ ပရီးမီးယားလိဂ် ဘောလုံးရာသီအတွက် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့မှ ရွေးချယ်သည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို လာမည့် တနင်္ဂနွေနေ့ညမှာ ရွေးချယ်ချီးမြှင့်တော့မည်ဖြစ်ရာ ဆန်ကာတင်စာရင်းများ ထွက်ပေါ်လာပြီ ဖြစ်သည်။ ဆန်ကာတင် စာရင်းမှာ အာဆင်နယ် တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီက ဦးဆောင်ပြီး ကစားသမား ၆ ယောက် အမည်စာရင်းများ ထွက်ပေါ်လာခဲ့သည်။

ဆန်ကာတင် ကစားသမားများအဖြစ် အာဆင်နယ်တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီ၊ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဝိန်းရူနီ၊ တော့တင်ဟမ် စပါး ကွင်းလယ်ကစားသမား စကော့တ် ပါကား၊ မန်ချက်စတာစီးတီးအသင်းမှ ကစားသမားများ ဖြစ်သည့် ဂိုးသမား ဂျိုးဟတ်၊ ကွင်းလယ်ကစားသမား ဒေးဗစ် ဆေးလ်ဗား၊ တိုက်စစ်မှူး ဆာဂျီယို အဂူရိုတို့ကို တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ဆကာတင် ရွေးချယ် စာရင်းသွင်းခဲ့ခြင်း ဖြစ်သည်။


တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုအတွက် ဆန်ကာတင်စာရင်းလည်း ထွက်ပေါ်လာခဲ့ပြီး စပါး တောင်ပံ ကစားသမား ဂရတ်ဘေးလ်က ရေပန်းစားလျက်ရှိသည်။ လူငယ်ကစားသမား ဆုအတွက် စပါး တောင်ပံ ကစာသမား ဂရတ်ဘေးလ်၊ နောက်ထပ် စပါးကစားသမား တစ်ဦး ဖြစ်သည့် နောက်ခံလူငယ် ကယ်လီ ဝေါ့ကာ၊ မန်စီးတီး တိုက်စစ်မှူး ဆာဂျီယို အဂူရို၊ အာဆင်နယ် လူငယ် အဲလက်စ် အောက်က်စ်လိဒ် ချန်ဘာလိန်၊ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘတ်နှင့် ချယ်ဆီး တိုက်စစ်မှူး ဒန်နီယယ် စတားရိုက်တို့ ဆန်ကာတင် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။



Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်