BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, April 17, 2012

ဘာရိန်းလက်ရွေးစင်အသင်းအား နည်းပြချင်သည်ဟု ပြောကြားလိုက်သည့် မာရာဒိုနာ

ဘာရိန်းလက်ရွေးစင်အသင်းအား နည်းပြချင်သည်ဟု ပြောကြားလိုက်သည့် မာရာဒိုနာ

ဘာရိန်းလက်ရွေးစင်အသင်းအား နည်းပြချင်သည်ဟု ပြောကြားလိုက်သည့် မာရာဒိုနာ

မနှစ်ကမေတွင် ယူအေအီးကလပ် အယ်လ်ဝါဆာအသင်းအား ကိုင်တွယ်ခဲ့သည့် မာရာဒိုနာက ဘာရိန်းလက်ရွေးစင်အသင်းအား နည်းပြသွားချင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ဘာရိန်းဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ရှိတ်အလီဘင် ခါလီဖာ အယ်လ် ခါလီဖာနှင့်တွေ့ဆုံခဲ့သည့် အင်တာဗျူးတွင် မာရာဒိုနာက အနာဂတ်တွင် အာရှနိုင်ငံအသင်းတစ်သင်းအား ကိုင်တွယ်သွားချင်သည့် သူ၏ဆန္ဒအား ပြောကြားခဲ့ခြင်းဖြစ်သည်။

"ခင်ဗျားရဲ့နိုင်ငံလက်ရွေးစင်အသင်းအတွက် နည်းပြရှာနေတယ်ဆိုရင် ကျွန်တော့်ရဲ့နာမည်ကို ဇကာတင်စာရင်းထဲမှာ ထည့်ထားလိုက်ပါ" ဟု မာရာဒိုနာက ပြောကြားခဲ့ခြင်းဖြစ်သည်။

သူ၏လက်ရှိအလုပ်ရှင်များအား ဘယ်တော့မှ သစ္စာမဖောက်ကြောင်း ပြောကြားမှုနှင့်အတူ အာဂျင်တီးနားကလပ် ဆန် လိုရန်ဇိုအသင်းအား နည်းပြမည်ဆိုသည့် သတင်းများအား ငြင်းဆိုလိုက်ပြီးနောက် မာရာဒိုနာက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။

အသက် (၅၁)နှစ်အရွယ်ရှိ မာရာဒိုနာသည် ဘာရိန်းဘောလုံးအဆင့်အတန်းအားချီးကျူးခဲ့သော်လည်း၊ ဂေါက်သီးပြိုင်ပွဲများ၏အရည်အသွေးများအား တိုးတက်အောင်ပြုလုပ်ဖို့လိုသေးကြောင်း ထောက်ပြပြောကြားခဲ့သည်။

"ဘာရိန်းဘောလုံးဟာ ယေဘူယျအားဖြင့် ကောင်းပါတယ်၊ အယ်လ်ရစ်ဖာအသင်း (ဘာရိန်းထိပ်တန်းကလပ်တစ်ခု)ဟာ လက်ရှိမှာ ဘောလုံးကို အကောင်းဆုံးကစားပြနေပြီး၊ တိုးတက်မှုရှိနေတဲ့ အသင်းတစ်သင်းပါ၊ ဒါပေမယ့် ဂေါက်အားကစားမှာတော့ လိုအပ်မှုတွေရှိနေတာ တွေ့ရပါတယ်" ဟု မာရာဒိုနာက ပြောကြားခဲ့သည်။

မာရာဒိုနာသည် လက်ရှိတွင် အယ်လ်ဆာဝါကလပ်အား ယူအေအီးလိဂ်တွင် အဆင့်(၆)နေရာ၌ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားသည်

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်