BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, December 30, 2012

Samsung galaxy camera တွင် ဖုန်း Simcard ထည့်၍ message ပို့နိုင်ကြောင်း

Samsung galaxy camera တွင် ဖုန်း Simcard ထည့်၍ message ပို့နိုင်ကြောင်း  သိရသည်။ အဆိုပါ ကင်မရာတွင် Android OS, V 4.1 (Jelly Bean) အသုံးပြုထားပြီး Quad-core 1.4 GHz Cortex-A9 CPU ကို အသုံးပြုထားသည်။
internal memory မှာ 8 GB ဖြစ်ပြီး 64 GB ထိ ထပ်တိုး၍ ကဒ်စိုက် အသုံးပြုနိုင်သည်။ 300 g အလေးချိန်ရှိပြီး 4.8" Super Clear LCD Capacitive touckscreen ဖြစ်ပြီး ဓာတ်ပုံများကို ချက်ချင်းရိုက်၍ Social Site များတွင် ချက်ချင်း Share နိုင်မည် ဖြစ်သည်။ wifi အသုံးပြုနိုင်မည့်အပြင် Bluetooth Function, voice control ပြုလုပ်နိုင်မည်။ Shutter, Speed, Aperture, ISO စသည်တို့ကို touchscreen တွင်ပင် စိတ်ကြိုက်ချိန်ညှိနိုင်မည် ဖြစ်သည်။
Smart Camera အမျိုးအစားဖြစ်ပြီး professional shooting mode များ၊ editing လုပ်ဆောင်ချက်များနှင့် အခြားသော app များ စုံလင်စွာ အသုံးပြု နိုင်မည် ဖြစ်သည်။ အဆိုပါ smart camera ၏ ဈေးနှုန်းများမှာ ကျပ် လေးသိန်းသုံးသောင်း ဝန်းကျင်ရှိပြီး ယခုအခါ ဈေးကွက်အတွင်း ဝယ်ယူနိုင်ပြီ ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, December 22, 2012

ကမ္ဘာပေါ်တွင် ဆေးလိပ်ကြောင့် ၈ စက္ကန်တွင် တစ်ဦးသေ

စစ်တမ်းကောက်ယူမှုအရ  ၈ စက္ကန့်မှာ တစ်ဦးနှုန်း သေနေတာက အသည်း နဲ့ အရေအပြား ကင်ဆာရောဂါကြောင့် ဖြစ်ပြီး ယင်းရောဂါရဲ့  ဇစ်မြစ် က ဆေးလိပ်သောက်သုံးခြင်း ဖြစ်ပါတယ်။

ကင်ဆာရောဂါဖြစ်ပြီး သေဆုံးတဲ့ အမျိုးသား ၉၀ ရာခိုင်နှုန်း ဟာ ဆေး လိပ်ကြောင့် ဖြစ်ပြီး အနောက်တိုင်းမှာဆိုရင် အမျိုးသမီး ၄၀ ရာခိုင်နှန်း ဖြစ် ပါတယ်။ ဆေးလိပ်သောက်တဲ့ သက်တမ်း ၁၀ နှစ်မှ ၁၅ နှစ်ကြားအထိ ရှိလာပြီဆိုရင် ကင်ဆာဖြစ်ဖို့ လုံလောက်တဲ့အချိန်လို့ ဆိုပါတယ်။
ဆေးလိပ်သောက်သုံးသူ ကိုယ်တိုင်မဟုတ်ပေမယ့် ဆေးလိပ်ငွေ့ ပုံမှန်ရှူ ရှိုက်နေရတဲ့ သူများလည်း ကင်ဆာရောဂါဖြစ်နိုင်ချေ အလားအလာက ပုံမှန်သောက်သုံးသူနဲ့ ကွာခြားမှု သိပ်မရှိကြောင်းလဲ သိရပါတယ်။
--
Ref: medic-facts

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

iPhone ဖြင့် 3D ကြည့်ရှုနိုင်

iPhone နဲ့ သုံးဖက်မြင် တီဗီ (3D ရုပ်ရှင်) များကို ကြည့်ရှုနိုင်ဖို့ အတွက် Gadgets အသစ် ဖြစ်ပါတယ်။
Hasbro လို့ အမည်ရတဲ့ မျက်မှန် ဖြစ်ပါတယ်။ ဒီအတွက် iPhone မှာ အရင်ဆုံး App တစ်ခု သွင်းရ ပါသေးတယ်။ ဖုန်းကို မျက်မှန်နဲ့ တပ်ပြီး ကြည့်ရတာ ဖြစ်ပါတယ်။ ဖုန်းကို လက်မှာ ကိုင်ထားပြီး ကြည့်ရတာမျိုး မဟုတ်ပါဘူး။ ဒီတော့ သုံးရတာ နည်းနည်းတော့ ကသိကအောင် ဖြစ်စရာ ရှိမယ် ထင်ပါ တယ်။
ကြော်ငြာ ဗီဒီယိုထဲမှာ မှန်ဘီးလုံး ကိုင်ပြနေတဲ့အတိုင်း ပြထားပါတယ်။ ဒီတော့ မျက်နှာ မတပ်ပဲ လက်မှာပဲ ကိုင်ထားရမလားလို့လည်း တစ်ချက် တွေးစရာ ရှိပါတယ်။ သို့ပေမယ့် ဒီလိုမဟုတ်ပါဘူး။ လက်နဲ့ ကိုင်စရာ မလိုပဲ မျက်လုံးနဲ့ နားမှာ တပ်ပြီး ကြည့်ရှုလို့ ရအောင် ဖန်တီးပေးထား မှာ ဖြစ်ပါတယ်။
အသုံးပြုနေပုံ ကြော်ငြာဗီဒီယိုကို အောက်ပါလခ့်မှာ ဝင်ရောက်ကြည့်ရှု နိုင် ပါတယ်။
http://youtu.be/F0adIWtEGfE
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Asiana လေကြောင်းလိုင်း ရန်ကုန်-ဆိုးလ်ခရီးစဉ် စတင်ပြေးဆွဲမည်

ကိုးရီးယားနိုင်ငံ အခြေစိုက် Asiana လေကြောင်းလိုင်း သည် တောင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ ရနကုန်မြို့သို့ ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ပြေးဆွဲတော့မည်ဖြစ်သည်။
ယင်းလေကြောင်းလိုင်းသည် တောင်ကိုရီးယားနိုင်ငံနှင့် မြန်မာ နိုင်ငံသို့ ကိုရီးယားလေကြောင်း လိုင်းပြီးလျှင် တိုက်ရိုက်ပြေးဆွဲ ပျံသန်းမည့် ဒုတိယမြောက် လေ ကြောင်းလိုင်းဖြစ်သည်ဟု ယင်း လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။ Asiana လေကြောင်းလိုင်း သည် ဘိုရင်း ၇၆၇ လေယာဉ် ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ခရီးသည်ပေါင်း ၂၉၀ ဦး လိုက်ပါ စီးနင်းနိုင်သည်။
ဆိုးလ်မြို့မှ ရန်ကုန်မြို့သို့ အပတ်စဉ် ဗုဒ္ဓဟူးနှင့် စနေနေ့ ည ပိုင်းတွင် ပြေးဆွဲမည်ဖြစ်ပြီး ရန် ကုန်မြို့မှ ဆိုးလ်မြို့သို့ အပတ်စဉ် ကြာသပတေးနှင့် တနင်္ဂနွေနံနက် ပိုင်း၌ တိုက်ရိုက်ပြေးဆွဲ ပျံသန်း မည်ဖြစ်ကာ လေယာဉ်လက်မှတ် ခအသွားအပြန် ဒေါ်လာ ၆၀ဝ ဖြစ်ပြီး အခြားဝန်ဆောင်စရိတ် ကြေး ထပ်မံပေးရမည်ဖြစ်ကြောင်း သိရသည်။
Asiana လေကြောင်းလိုင်း သည် ယခုနှစ်အတွင်း ထပ်မံတိုးချဲ့ သည့်ပြည်ပအခြေစိုက်လေကြောင်း လိုင်းများအနက်မှ ကိုးခုမြောက် ဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာ နိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပျံသန်း နေသည့် လေကြောင်းလိုင်းမှာ စုစုပေါင်း ၂၃ ခု ရှိလာမည်ဖြစ် သည်။
ခိုင်ချို
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, December 5, 2012

တစ်ပတ်ပေါင် (၆၀၀၀၀) ဖြင့် (၅)နှစ်သက်တမ်းတိုးရန် သဘော တူညီခဲ့သည့် ကလီဘာလေ

မန်ယူ အသင်း၏ ကွင်းလယ် ကစားသမား ကလီဘာလေသည် ယခုရရှိနေသည့် လစာ၏ နှစ်ဆနီးပါး ဖြစ်သော တစ်ပတ်လုပ်ခပေါင် (၆၀၀၀၀)ဖြင့် (၅)နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် မန်ယူ အသင်းနှင့် အကြို သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း Goal.comမှ ဖော်ပြခဲ့သည်။ မန်ယူ နည်းပြ ဖာဂူဆန် အနေခြင့် အသင်း၏ အကောင်းဆုံး လူငယ် ကစားသမား အဖြစ်သတ်မှတ်ခြင်း ခံထားရသော ကလီဘာလေအား သက်တမ်းရှည် စာချုပ်တစ်ရပ်ဖြင့် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်ခဲ့ခြင်း ဖြစ်ကာ ကလီဘာလေ အနေခြင့် နှစ်သစ်ကူ ကာလအစောပိုင်းတွင် စာချုပ်သစ်၌ လက်မှတ်ရေးထိုးဖွယ် ရှိနေသည်။ မန်ယူ အသင်း၏ လူငယ်ကြယ်ပွင့်များ ဖြစ်ကြသော စမောလင်း၊ ဂျူံးစ်၊ ၀ဲလ်ဘတ် နှင့် ဟာနန်ဒက်ဇ်တို့သည်လည်း ပြီးခဲ့သော (၁၃)လက စာချုပ်သစ် ချုပ်ဆိုခဲ့သောကြောင့် အဆိုပါ ကစားသမားများသည် မန်ယူ အသင်း၏ အနာဂတ် လူစာရင်းအဖြစ် ယူဆရဖွယ် ရှိနေသည်။  


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ရော်နယ်ဒိုအား ပေါင်သန်း ၁၅ဝဖြင့် ခေါ်ယူ ရန် ပီအက်စ်ဂျီ ပြင်ဆင်

ပြင်သစ် လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီက ရီးရဲလ် ကစားသမား ခရစ္စတီ ယာနို ရော်နယ်ဒိုအား ပေါင်သန်း ၁၅ဝဖြင့် ခေါ်ယူနိုင်ရေး ပြင်ဆင်နေပြီဟု သတင်း ထုတ်ပြန် ထားသည်။
ကာတာရင်းနှီးမြှုပ်နှံမှု အာဏာပိုင်များ၏ နှိုးဆော်မှုဖြင့် ပြင်သစ် အချမ်းသာဆုံးကလပ် ဖြစ်သော ပီအက်စ်ဂျီက ဥရောပ ဘောလုံးလောကကို လွှမ်းမိုးနိုင်ရန် အတွက် ခရစ္စတီယာနိုရော်နယ်ဒို အားခေါ်ယူနိုင်ရေး ကြိုးစားနေခြင်း ဖြစ်သည်။
ပြင်သစ်ရေဒီယို အသံလွှင့် ဌာန RMCကမူ ခရစ္စတီယာနို ရော်နယ်ဒိုက စပိန်ဂျာနယ်လစ် တစ်ဦးထံသို့ မက်ဆေ့ခ်ျပေးပို့ရာ တွင် ပဲရစ်မြို့သို့လာရန်ထက် စပိန် တွင်သာဆက်နေရန် ရည်ရွယ်ထားသည်ဟု ပါရှိကြောင်း အသံလွှင့် ထုတ်ပြန်သွားခဲ့သည်။
ခရစ္စတီ ယာနိုရော်နယ်ဒိုသည် ယခုရာသီတွင် ဘာနေဗျူးတွင် မပျော်မပိုက်ဖြစ်နေပြီးရီးရဲလ်အသင်း မှာလည်း ဘာစီလိုနာနှင့် အမှတ် ကွာခြားချက် များနေပြီဖြစ်ရာ ယခု အပြောင်း အရွှေ့သည် ဖြစ်လာ နိုင်ဖွယ်ရှိသည်ဟု သုံးသပ်ကြသည်။
ပီအက်စ်ဂျီသည် ဇလာတန်၊ အီဗရာဟီမိုဗစ်နှင့် လာဗက်ဂီ ကဲ့ သို့သော် နာမည်ကြီး ဘောလုံးသမားများအား ငွေကြေးအမြောက် အမြားသုံး၍ ခေါ်ယူခဲ့ပြီးဖြစ်ရာ ယခုအခါ ရော်နယ်ဒိုအား ခေါ်ယူနိုင် ခဲ့ပါက အင်အားကြီးကလပ်အသင်း တစ်သင်းအဖြစ် ရပ်တည်နိုင်မည် ဖြစ်သည်။
ထို့အပြင် ကစားသမား အတွက်ကျသင့်သည့် ပြောင်းရွှေ့ကြေး၊ လုပ်ခလစာ ထို့အပြင်အသင်းမှာ လက်ရှိချန်ပီယံလိဂ် ကစားခွင့်ရ နေရာ ဤအပြောင်းအရွှေ့မှာ သေချာ သလောက်ရှိသည်ဟု သုံးသပ်ကြသည်။ ခရစ္စတီယာနို ရော်နယ်ဒိုသည် လွန်ခဲ့သည့် သုံးနှစ်ခန့်ကမန်ယူအသင်းမှ ကမ္ဘာ့ စံချိန်တင်ပြောင်းရွေ့ကြေး ပေါင်သန်း ၁၂ဝ ဖြင့် ပြောင်းရွေ့လာခဲ့ သူဖြစ်သည်။။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကမ္ဘာ့ဖလား ဂိုးသွင်းစံချိန်အား ကလိုဆေး ချိုးဖျက်သွားမည်ကို စိုးရိမ်နေသည့် ရော်နယ်လ်ဒို

ဘရာဇီးအသင်း၏ တိုက်စစ်မှူး ဟောင်း ရော်နယ်လ်ဒိုသည် လာမည့် (၂၀၁၄) ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ယင်း၏ဂိုးသွင်း စံချိန်အားဂျာမနီတိုက်စစ်မှူး ကလိုဆေး ချိုးဖျက်သွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။ကလိုဆေးသည် လာမည့် ကမ္ဘာ့ဖလားပိုင်ပွဲတွင် ရော်နယ်လ်ဒို တင်ထားသည့် ကမ္ဘာ့ဖလားပွဲစဉ်များ တွင်(၁၅)ဂိုး သွင်းယူထားသည့် စံချိန် အား ချိုးဖျက်ရန် ပစ်မှတ်ထားနေသူ ဖြစ်ပြီး ရော်နယ်လ်ဒိုမှ ကလိုဆေး ထိုကဲ့သို့ လုပ်ဆောင်သွားနိုင်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။“အဲဒါက ကျွန်တော့်ကို အနည်းငယ် စိုးရိမ်စေပါတယ် အများကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော့် သမိုင်းနဲ့ သူ့သမိုင်းက သတ်သတ်စီလို့ ကျွန်တော်ထင်ပါတယ် လူတိုင်းက ကိုယ့်သမိုင်း ကိုယ်ရေးကြတာပါ။ ကလိုဆေးသာ ကမ္ဘာ့ဖလားမှာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်စံချိန်ကို လိုက်မှီသွားမယ် ဒါမှမဟုတ် ချိုးဖျက်သွားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီအရာက ကျွန်တော့်သမိုင်းကို ဖျက်ပြစ်လိုက်မှာတော့ မဟုတ်ပါဘူး”ဟု ရော်နယ်လ်ဒိုမှ ပြောကြားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, November 22, 2012

ကမ္ဘာကျော်တေးသံရှင် Jason Mraz ပြည်သူ့ရင်ပြင်တွင် အခမဲ့ဖျော်ဖြေမည်


ကမ္ဘာကျော် R&B အဆိုတော် Jason Mraz သည် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညတွင် ရန်ကုန်မြို့

ပြည်သူ ရင်ပြင်တွင် အခမဲ့ ဖျော်ဖြေမည် ဖြစ်ကြောင်း MTV Exit Website ကကြေညာသည်။

 

၎င်းပွဲကို USAID,AusAID,Walk Free and ASEAN တို့ကစီစဉ် ခြင်းဖြစ်ပြီး နှစ်ပေါင်း ၂၆၀ဝ ကျော်သက်တမ်း ရှိ ရွှေတိဂုံစေတီတော် အရှေ့ကွင်းပြင်တွင် ဖျော်ဖြေမည်ဖြစ် ကြောင်း ရေးသားထားသည်။ Jason Mrazonf I'm Yours သီချင်းဖြင့် ဂရမ်မီဆုရရှိထားပြီး အမေရိကန် အဆိုတော်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏လူကုန်ကူးမှုတိုက် ဖျက်ရေးအတွက် MTV Exit နှင့် အတူပူးပေါင်းဖျော်ဖြေခြင်းဖြစ်သည်။

Huffington post သတင်းစာကလည်း အမေရိကန်တေးသံရှင်Jason Mraz သည် လူကုန်ကူးမှု ပညာပေးရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့လည်း လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း။ MTV ရုပ်သံလိုင်းက နိုင်ငံတကာသို့ ထုတ်လွင့်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Jason Mraz သည် ၁၉၇၇ ဇွန်လ၂၃ရက်နေ့တွင် မွေးဖွားခဲ့ပြီး လူကုန်ကူး ခံရသူများနှင့် လုပ်အားခေါင်းပုံဖြတ် ခံရသူများအတွက် တက်ြွကစွာ ဆောင်ရွက်ပေးနေသူ တစ်ဦးလည်းဖြစ်သည်။

၎င်းသည် ၂၀ဝ၀ ခုနှစ်မှစကာ ဂီတလောကသို့ ဝင်ရောက် ခဲ့ပြီး ၂၀ဝ၈ ခုနှစ်တွင် ဖြန်.ချီခဲ့သည့် we sing,we dance,we steal things စီးရီးတွင် ပါဝင်ခဲ့သည့် I'm Your's သီချင့်ဖြင့်ကမ္ဘာကျော် အဆိုတော်ဖြစ် လာခဲ့သည်။

ရဲရင့်မိုးအောင်

Venus News Journal

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, November 17, 2012

Real Madridမှ ဘောလုံးနည်းပြ မြန်မာ လူငယ် ဘောလုံးသမား များကို သင်ကြားပေးရန် ရောက်ရှိ

တက်သစ်စ မြန်မာလူငယ် ဘောလုံး သမားများကို သင်ကြား ပြသပေးရန် Real Madrid
ဖောင်ဒေးရှင်းမှ အသင်းနည်းပြ တစ်ဦး နိုဝင်ဘာ ၁၄ရက် ညပိုင်းက ရန်ကုန်လေဆိပ်သို့ ရောက်ရှိ လာကြောင်း သိရသည်။ Digicelမှ မြန်မာ ဘောလုံး ဖွံဖြိုးရေး အတွက် ပြုလုပ်မည့်အဆိုပါReal Madrid ဖောင်ဒေးရှင်း နည်းပြဖြစ်သော Pablo Gomez Revenga ထံမှလေ့လာသင်ယူမည့် အစီအစဉ်နှင့် ပတ်သက်သော သတင်းစာရှင်းပွဲကို နိဝင်ဘာ ၁၆ရက်တွင် မြန်မာနိင်ငံ ဘောလုံး အဖွဲ့ချုပ်၌ပြုလုပ်မည်ဟုသိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ထောပတ်သီးရဲ့ ကောင်းကျိုး

ထောပတ်သီးရဲ့ ကောင်းကျိုး တွေကတော့ အများကြီးပါပဲ။ ကျန်းမာရေးနှင့် ညီညွတ်လို သူတိုင်း ထောပတ် သီးလို အသီးမျိုးကို ပုံမှန်စားပေးရင် အကောင်းဆုံးပါပဲ။ သူ့ရဲ့ ကျန်းမာရေး ဆိုင်ရာ အကျိုးကျေးဇူး တွေကလည်း အံ့ဩစရာ ကောင်းလှပါတယ်။ တကယ်တော့ ထောပတ်သီးဟာ Berry ဘယ်ရီလို့ခေါ်သော သစ်သီး မိသားစုမှ ဆင်းသက်လာသည့် မျိုး နွယ်ဝင် သစ်သီးတစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ထောပတ် သီးလို့ ခေါ်ကြခြင်းရဲ့အကြောင်းရင်း က မှည့်၍ ပျော့နေသော ထောပတ်သီး အသားများဟာ ကိုင်တွယ်ထိတွေ့ ကြည့်လိုက်ရင် နွားနို့မှ ထုတ်လုပ်ထား သော ထောပတ်ကဲ့သို့ နူးညံ့သည့် အသားမျိုး (Texture) မို့လို့ ထောပတ်နဲ့တူလို့ ထောပတ်သီးလို့ အမည်ပေးထားဟန် တူပါတယ်။ အင်္ဂလိပ်ဘာသာအားဖြင့် Avocado လို့ခေါ်ပါတယ်။ တချို့ကလည်း ထောပတ်သီးရဲ့အပေါ်အရေခွံအရောင် ပုံသဏ္ဌာန်နဲ့ သစ်တော်သီးပုံသဏ္ဌာန် ဖြစ်နေတဲ့အတွက် မိကျောင်းသစ်တော် Alligator Pear လို့လည်း ခေါ်ကြ တယ်လို့ဆိုပါတယ်။ ထောပတ်သီးရဲ့ အာနိသင်တွေ ကတော့-
(၁) ကင်ဆာရောဂါကာကွယ်ပေးခြင်း
ထောပတ်သီးထဲမှာ ပါဝင်သော ဓာတုပစ္စည်းများအချို့က ကင်ဆာ ကလာပ်စည်းများကို ဖျက်ဆီးပစ်နိုင် ကြောင်း၊ ကျန်းမာနေသော ကလာပ် စည်းများကိုလည်းထိခိုက်မှုမရှိကြောင်း၊ ထို့ကြောင့် ဆီးကျိတ်ကင်ဆာ၊ ခံတွင်း ကင်ဆာတို့ကို ကာကွယ်နိုင်ခြင်းရှိ ကြောင်း သိရပါတယ်။ ဒါ့အပြင် ထောပတ်သီးမှ ထွက်ရှိ လာသော အဆီက Oleic Acid ပါဝင်မှုများပြီး၊ ၄င်းက ရင်သားကင် ဆာမဖြစ်အောင်လည်း ကာကွယ်ပေး နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ထောပတ်သီးသည် ကင်ဆာရောဂါ ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
(၂) နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း
ထောပတ်သီးတစ်ခွက်စာထဲမှာ လူတစ်ယောက် တစ်နေ့တာ လိုအပ် သော Folate ဖောလိတ်အမည်ရှိ ဗီတာမင် B တစ်မျိုး ၂၃ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရပါတယ်။ ဖောလိတ် က နှလုံးသွေးကြောရောဂါမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ထောပတ်သီးထဲမှာ ပါဝင်တဲ့ Mono မပြည့်ဝဆီနှင့် ဗီတာမင် E, Glutathione စသည်တို့ ကလည်း နှလုံးကျန်းမာရေးကို အားပေးမြှင့်တင်ပေးနိုင်ပါတယ်။
(၃) သွေးတွင်းအဆီဓါတ် ကျဆင်းစေသည်
ထောပတ်သီးထဲမှာ ဘီတာဆိုက် စတီရောဟုခေါ်သော ဓာတုပစ္စည်း များက ကိုလက်စထရောလ်ပမာဏ ကို ကျဆင်းစေပါတယ်။ ထောပတ်သီး တစ်ပတ်ခန့်စားပြီးလျှင် ကိုလက်စထ ရောလ်ပမာဏ ၁၇ ရာခိုင်နှုန်းထိ ကျဆင်းသွားစေနိုင်ကြောင်း တွေ့ရှိ ထားရပါတယ်။ ကိုလက်စထရောလ် နည်းတာနှင့်အမျှ နှလုံးသွေးကြော ရောဂါဖြစ်နိုင်ခြေအခွင့်အလမ်း နည်း သွားစေပါတယ်။
(၄) လေဖြတ်ခြင်းကို ကာကွယ်ခြင်း
ထောပတ်သီးထဲမှာပါတဲ့ ဖောလိတ်က လေမဖြတ်အောင် ကာကွယ်ပေးပါတယ်။
(၅) အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်း
Glutathione လို့ခေါ်တဲ့ အင်တီ အောက်စီးဒင့် ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် အဲဒီပစ္စည်းက အသက်အရွယ် အိုမင်းရင့်ရော်မှုကို နှေးကွေးအောင် လုပ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အသက်အရွယ်ချင်းအတူတူ ပိုပြီးနုပျို စေနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ နှင့် ကင်ဆာရောဂါတို့ကိုလည်း ကာကွယ်နိုင်ပါသေးတယ်။
(၆) ဗီတာမင် C,E နှင့် K ကြွယ်ဝစွာ ပါဝင်ခြင်း
ဗီတာမင် C နှင့် E ကြွယ်ဝ သောကြောင့် ခန္ဓာကိုယ်အတွင်း ဓာတ် တိုးခြင်းဖြစ်စဉ်များ မဖြစ်အောင် တားဆီးပေးပါတယ်။ ဗီတာမင် K က သွေးခဲရာမှာ ကူညီပေးပါတယ်။
(၇) အာဟာရစုပ်ယူမှု ပိုကောင်းစေခြင်း
ကာရိုတင်နွိုက်လို့ခေါ်တဲ့ ပစ္စည်း တွေ ပါဝင်တဲ့အတွက် အဆီတွင် ပျော်ဝင်လွယ်သော အာဟာရဓာတ် များ စုပ်ယူမှု ပိုကောင်းစေပါတယ်။ ထောပတ်သီးအခွံနှင့် ကပ်လျက် အစိမ်းရင့်ရောင်ရှိသောအပိုင်းမှာ အများဆုံးပါဝင်ပါတယ်။ ဒါ့ကြောင့် ထောပတ်သီးအခွံသင်တဲ့အခါ အဲဒီ အစိမ်းရင့်ရောင်အပိုင်းတွေ လွှင့်ပစ်တဲ့ အထဲပါမသွားအောင် ဂရုစိုက်၍ လှီးပါ။
(၈) ထောပတ်သီး ဘယ်လိုစားမလဲ
ထောပတ်သီးကို စားတဲ့နည်း အမျိုးမျိုးရှိတဲ့အနက် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးနည်းများကို သိထားဖို့ အရေးကြီးပါတယ်။ ဒေါက်တာအယ်ဒီတာ တို့နိုင်ငံတွင် အများစုကတော့ ထောပတ်သီးကို အသားတွေခြစ်ယူ၊ နို့၊ သကြားတို့ဖြင့် ဖျော်ရည်စက်ထဲ ထည့်ဖျော်ကာ သောက်သုံးလေ့ ရှိကြတာဖြစ်ပါတယ်။ အဲဒီလို ပုံစံမျိုး အမြဲတမ်းသုံးစွဲလျှင် နို့နှင့် သကြားကြောင့် ကယ်လိုရီတွေ တက်ခြင်း၊ ကိုယ်အလေးချိန် တိုးခြင်း၊ နို့ထဲမှ ပြည့်ဝဆီတွေ စားမိခြင်းဖြစ် တတ်ကြောင်း သတိထားရပါမယ်။ အကောင်းဆုံးကတော့ ထောပတ်သီး ကို သူ့အတိုင်း ဇွန်းနှင့် ကော်၍ စားခြင်းက စိတ်အချရဆုံးပါပဲ။ ဒါမှမဟုတ် ထောပတ်သီး အသားတွေ ချည်းသက်သက် ကြိတ်စက်ထဲ ထည့် ချေကာ အဲဒီထောပတ်သီး အနှစ်ထဲမှာ သခွားသီးအချောင်းများ၊ မုန်လာဥနီ အချောင်းများနှစ်၍ စားခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်စေပါတယ်။ ဒါ့အပြင် ထောပတ်သီးကို ဟင်းချိုရည် အဖြစ် ခပ်သောက်နိုင်ပါသေးတယ်။ ဒီလောက်ဆိုရင် ထောပတ်သီး နှင့် ပတ်သက်၍ လုံလောက်ပြီ ထင်ပါတယ်။
ဒေါက်တာအယ်ဒီတာ
Health Digest
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Monday, November 12, 2012

ကဲကားဈေးနှုန်း စိတ်ပါနေသူများအတွက်

ယခု ဖော်ပြထားသော ကားဈေးနှုန်း များသည် Ayeyawaddy Power Co.,Ltd. နှင့် ဟံသာဝတီကားဈေးကွက် တို့မှ ၆-၁၁-၂၀၁၂ ရက်နေ့ အ ထိ နောက်ဆုံး ရယူထားခြင်းဖြစ်ပြီး ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။ ယင်းဈေးနှုန်းများတွင် ၂၀ဝ၇ ခုနှစ် မော်ဒယ်အောက် ကားများအတွက် ပါမစ် တန်ဖိုး ပါဝင်ပြီးဖြစ်ပါသည်။စိတ်ပါနေသူများအနေဖြင့် ဖုန်း - ဝ၉၅၅၀၂၃၉၉ သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။


NO.BrandModelEngine PowerFuelPrice
1Toyota Caldina20021500ccPetrol180 Lakh
2Honda Insight20091300ccHybrid170 Lakh
3Toyota Alphard20023000ccPetrol220 Lakh
4Toyota RAV 420012000ccPetrol235 Lakh
5Toyota Prado TX19973000ccDiesel300 Lakh
6Toyota Belta20091300ccPetrol160 Lakh
7Toyota Harrier19992200ccPetrol210 Lakh
8Toyota Mark X Premium20053000ccPetrol350 Lakh
9Toyota Crown Premium20022500ccPetro235 Lakh
10Toyota Vitz20091300ccPetrol150 Lakh
11Toyota Hilux Surf19973000ccDiesel300 Lakh
12Toyota Landcrusier19994200ccDiesel680 Lakh
13Suzuki Swift20091200ccPetrol140 Lakh
14Honda CRV20002000ccPetrol205 Lakh
15Toyota Corola Van 20021500ccPetrol180 Lakh
16Mitsubishi Pajero19972800ccDiesel250 Lakh
17Toyota Ipsum 20022400ccPetrol220 Lakh
18Toyota Caldina GT 4, 4 WD 20022000ccPetrol230 Lakh
19Toyota Wish20032000ccPetrol230 Lakh
20Honda Fit20091300ccPetrol155 Lakh
21Toyota Hiace SuperCustom 20003000ccDiesel220 Lakh
22Toyota Brevis  20023000ccPetrol195 Lakh
23Toyota Probox 20071500ccPetrol140 Lakh
24Toyota Kluger20022400ccPetrol285 Lakh
25Mitsubishi Colt20061300ccPetrol120 Lakh

itTimes
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, November 9, 2012

ကမ္ဘာအမြင့်ဆုံး ဟိုတယ် မြောက်ကိုရီးယား မြို့တော် ပြုံယမ်းတွင် ဖွင့်တော့မည်

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ တွင်ဆောက်လုပ်လျက် ရှိသော အထပ်ပေါင်း ၁ဝ၅ ထပ်ပါ ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်အား လာမည့် ၂ဝ၁၃ ခုနှစ် တွင် ဖွင့်လှစ်တော့ မည်ဟု သိရသည်။ ကမ္ဘာ့အမြင့်ဆုံး ဖြစ်လာမည့် ပိရမစ်ပုံစံ Ryugyong ဟိုတယ်အား မြောက်ကိုရီးယား နိုင်ငံ ပြုံယမ်းမြို့တွင် ဂျာမန် ဟိုတယ်လုပ်ငန်း Kempinski AG ကဆောက်လုပ်လျက် ရှိရာ ၂ဝ၁၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်နိုင်တော့မည်ဟု ကုမ္ပဏီ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ရီတိုဝှစ်တ်ဝါက တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့တွင် နိုဝင်ဘာ ၁ ရက်ကပြောသည်။ Kempinski AG သည် မြောက်ကိုရီးယား နိုင်ငံတွင် ဝန်ဆောင်မှု လုပ်ငန်းပထမဆုံး စတင် လုပ်ကိုင်သည့် အနောက်နိုင်ငံ ကုမ္ပဏီ တစ်ခု ဖြစ်လာတော့မည်ဟု ၄င်းက ပြောသည်။ 'ဒီပိရမစ်ပုံစံ ဟိုတယ်ဟာမြို့ထဲက စီးပွားရေး လုပ်ငန်းအားလုံး ကိုစုစည်းစေနိုင်မှာပါ''ဟု ၄င်းက ဆိုသည်။ ထို့ပြင် မြောက်ကိုရီးယား နိုင်ငံသာ လွတ်လပ်ပွင့်လင်း လာပါ က ထိုလုပ်ငန်းသည် ဝင်ငွေ အမြောက်အမြား ရနိုင်သောလုပ်ငန်းဖြစ်၍ ထပ်မံတိုးချဲ့မှု ပြုလုပ်သွားမည်ဟု သိရသည်။ ဝှစ်တ်ဝါက ဤဟိုတယ် ဆောက်လုပ်ခွင့် ရရန် အတွက် လွန် ခဲ့သည့် ဆယ်နှစ်ခန့်ကတည်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ၏ အကြံပေးဖြစ်သူ Ri Chol အားချဉ်းကပ်ခဲ့ရသည်။ Ri Cholသည် မြောက် ကိုရီးယား၏ ကုလသံတမန် အဖြစ်တာဝန်ထမ်း ဆောင်ခဲ့စဉ်ကတည်း က နိုင်ငံတွင်းဟိုတယ် လုပ်ငန်းများတွင် ရင်း နှီးမြှုပ်နှံမှုများကို ရှာဖွေလျက်ရှိရာ ယခုကဲ့သို့ အဆင်ပြေ ခဲ့ခြင်းဟု ၄င်းက ဆိုသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ချယ်ရီကားများတွင် အဆုတ် ကင်ဆာ

တရုတ်ပြည်သူ သမ္မတနိုင်ငံ မှ တင်သွင်းသည့် ချယ်ရီကားများတွင် အဆုတ် ကင်ဆာ ရောဂါဖြစ်စေနိုင်သည့် ဓါတုပစ္စည်းများပါဝင်ခြင်းရှိ ၊ မရှိနှင့် ပတ်သက်၍ ပြည်သူတစ်ရပ်လုံး သိစေရန် တရားဝင် သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး စက်မှုဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး ဦးသိန်းအောင် က နေပြည်တော် ၌ ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် တွင် ပြောကြားခဲ့သည်ဟု The Voice Weekly က သတင်းပေးပို့သည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, November 8, 2012

Windows 8 ကိုအသုံးပြုသင့်သည့် အဓိကအကြောင်းအရင်း (၅)ချက်

Windows 8 ကိုအသုံးပြုသင့်သည့် အဓိကအကြောင်းအရင်း (၅)ချက်



ကျနော်တို့  ယခု လာမည့်သောကြာနေ့  (အောက်တိုဘာ ၂၆) ဆိုလျှင် Microsoft ရဲ့ OS အသစ်တစ်မျိုးဖြစ်သော Windows 8 ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။


 ယခု Windows 8 တွင် Microsoft မှနေ၍ အသုံးပြုသူများလွယ် ကူစွာ အသုံးပြုနိုင်ရန် အတွက် User Interface ကို Modern UI (Metro UI) ကိုအသုံးပြုထားပါတယ်။ ဒါ့အပြင် ဒီ Modern UI သည် Touch အတွက် လည်း ကောင်းကောင်း Support ပေးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ သော် ကျနော်တို့  အနေနဲ့  ယခုအသုံးပြုနေသော OS များမှနေ၍ Windows 8 ကိုပြောင်းလဲ၍ အသုံးပြုသင့်ပါသလား? Windows 8 ကို အသုံးပြုသင့် မသင့်စဉ်စားနေသူများကို အထောက်အကူဖြစ်စေရန်အတွက် မကြာမီထွက်ရှိလာတော့မည့် Windows 8 ကိုအသုံးပြုသင့်သည့် အဓိကအကြောင်းအရင်း (၅)ချက်ကို ဖော်ပြလိုက်ပါတယ်။

(၁) Windows 8 သည်ဈေးသက်သာခြင်း

ယခုထွက်ရှိလာမည့် Windows 8 သည် ထွက်ရှိပြီးသမျှ Windows OS အားလုံးထဲတွင်တော့ ဈေးအသက်သာဆုံးဖြစ်လာမည် ဖြစ်သည်။ ကျနော် တို့  မြန်မာနိုင်ငံကလူများအဖို့ တော့ ၁၀၀၀၊၂၀၀၀ ဖြင့် Windows အတု ခွေ များကိုဝယ်ယူ၍ ရသောကြောင့် သိပ်မသိသာသော်လည်း အကယ်၍ Windows အစစ်ကို အသုံးပြုချင်သူများအတွက်တော့ Windows ဈေးနှုန်း သည် အတားအဆီးတစ်ခုပင်ဖြစ်သည်။ Windows 7 Home Premium ကိုပင် US$119.99 ဈေးရှိသောကြောင့် တော်ရုံတန်ရုံမှာ ၀ယ်ယူအသုံး မပြုလိုကြချေ။ ယခု Windows 8 တွင်တော့ ယခင် Windows ဗားရှင်းများမှ Upgrade လုပ်မယ်ဆိုလျှင် US$39.99 တည်းဖြင့်ပင် အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူ Upgrade လုပ်နိုင်နေပြီ ဖြစ်သည်။ အကယ်၍ အရောင်းဆိုင်များမှ DVD ဖြင့်ဝယ်ယူမည်ဆိုလျှင်တော့ US$69.99 ကျသင့်မှာ ဖြစ်ပါတယ်။ ယခုဈေးနှုန်းများကို Microsoft မှလျှော့ဈေးဖြင့်ရောင်းချပေးနေတာဖြစ်ပြီး ဇန်န၀ါရီ ၃၁ အထိသာ ယခုဈေးဖြင့် ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ ယခုအချိန်မှစ၍ ဇန်န၀ါရီ ၃၁အတွင်း Windows 7 အသုံးပြု ထားသော PC ကိုဝယ်ယူမည်ဆိုလျှင်တော့ Windows 8 ကို US$14.99 တည်းဖြင့် Upgrade လုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရပါသည်။

(၂) Windows 8 သည်ပိုမို၍ လျှင်မြန်လာခြင်း

Microsoft မှပြောကြားတာကတော့ ယခု Windows 8 တွင် Boot Up Time (ကွန်ပြူတာ စဖွင့်ချိန်မှစ၍ Desktop ပေါ်လာသည်အထိ) သည် ယခင် OS ဗားရှင်းများထက် ပိုမိုမြန်ဆန် လာကြောင်း ပြောကြားထာပါတယ်။ Boot Up Time သည်ပိုမိုလျှင်မြန်လာသလို ကွန်ပြူတာ Shut Down Time (ကွန်ပြူတာပိတ်ချိန်) သည်လည်း သိသိသာသာ လျှင်မြန်လာကြောင်း သိရပါတယ်။ SSD (Solid State Drve) အသုံးပြုထားသော ကွန်ပြူတာများ တွင် ပို၍ သိသာကြောင်း သိရပါတယ်။ စမ်းသပ်ချက်များအရ Windows 8 အသုံးပြုထားသော Toshiba Satellite U920t သည် Windows 7 Ultrabook များထဲတွင် အကောင်းဆုံးဟုဆိုသော Ultrabook ထက်ပင် ၂ဆပိုမို၍ လျှင်မြန်စွာ Windows တက်လာကြောင်း သိရပါတယ်။

အကယ်၍ ပုံမှန် HDD (Hard Disk Drive) သာအသုံးပြုထားသော ကွန်ပြူတာဖြစ်လျှင်တောင် အနည်းငယ်မျှ ပိုမိုမြန်ဆန်လာတာကို သတိထားမိမည်ဖြစ်ကြောင်း သိရပါတယ်။ Windows 8 တွင် ကွန်ပြူတာ Boot Up Time နှင့် Shut Down Time တို့ မှာ ပိုမိုလျှင်မြန်လာရုံသာမက Windows 8 တွင် Microsoft Office သည်သုံးရတာပိုမို၍ ကောင်းမွန်လာ သလို Multimedia Test များသည်လည်း အချိန်အနည်းငယ်တွင်းတွင်ပင် ပြီးစီးအောင် လုပ်ဆောင်နိုင်ကြောင်း သိရပါတယ်။

(၃) Reset နှင့် Refresh ပါဝင်ခြင်း

Windows ကိုအသုံးပြုတာ ကြာပြီဖြစ်သော အသုံးပြုသူများအနေနှင့် Windows အသုံးပြုတာကြာလာတာနဲ့  အမျှ Virus ကိုက်လို့ ပဲဖြစ်ဖြစ်၊ မိမိ Windows ကြီးကအသုံးပြုရတာ လေးလို့ ပဲဖြစ်ဖြစ်၊ Windows မှာ Error တွေအများကြီးတက်လို့ ပဲဖြစ်ဖြစ် Windows ပြန်တင်ရတာကို ပြုလုပ်ကြရပါတယ်။ Windows 8 မှာတော့ ယခုအခါအသုံးပြုသူများကို လျှင်လျှင်မြန်မြန်နဲ့  Windows ပြန်တင်နိုင်အောင် ပြုလုပ်ပေးထားပြီ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့  “Reset your PC” ဟုခေါ်သော Feature ပါရှိပြီး ထို Feature ကိုအသုံးပြုလျှင် မိမိ ကွန်ပြူတာကို Windows 8 စတင်ခဲ့သလို့  (သို့ ) Windows 8 ကွန်ပြူတာကို စတင်ဝယ်ရှိခဲ့သလို အခြေအနေမျိုးရောက်အောင်ပြန် ပြုလုပ်ပေး သွားမှာဖြစ်ပါတယ်။ Reset your PC သည် စမတ်ဖုန်းများ နှင့် Tablet များတွင်တွေ့ ရသော Factory Reset ကဲ့သို့  Feature မျိုးဖြစ်ပါတယ်။ မိမိကွန်ပြူတာထဲမှာရှိသမျှကို ဖျက်ပြစ်မှာဖြစ်ပြီး Windows 8 ကို အသစ်ပြန် သွင်းပေးလိုက်မှာဖြစ် ပါတယ်။ နောက်ထပ် Reset your PC ကဲ့သို့  ဆင်တူသော Process တစ်ခုဖြစ်သောRestore from an Image Feature သည်လည်း Windows 7 တုန်းက မိနစ် ၃၀ ၀န်းကျင်ကြာမြင့်ပြီး ယခု Windows 8 တွင်တော့ ၆ မိနစ်သာ ကြာမြင့်မြင်ဖြစ်ကြောင်း Microsoft မှပြောကြားထားပါတယ်။

နောက်ထပ် Feature တစ်ခုဖြစ်တဲ့ “Refresh your PC” ကို အသုံးပြု လျှင်တော့ မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ နဲ့  Personal Settings များသည် ပကတိအတိုင်း ကျန်ခဲ့မည်ဖြစ်သော်လည်း PC Settings ကတော့ Default ကိုပြန်၍ ပြောင်းလဲသွားမှာ ဖြစ်ပါသည်။ ထို့ အပြင် Windows Store မှ Download လုပ်ထားသော Modern Style UI Application များကိုလည်း ထိန်းသိမ်းထားနိုင်မည် ဖြစ်သော်လည်း အခွေများနှင့် Website များမှ Download လုပ်၍ သွင်းထားသော Application များအားလုံးမှာမူ ပျက်သွားမည် ဖြစ်သည်။ သို့ သော်ထို ဖျက်ပြစ်လိုက်သော Application များအားလုံးရဲ့ စာရင်းကိုတော့ Desktop ပေါ်တွင် စာရင်းရှိမည်ဖြစ်သောကြောင့် မိမိပြန်၍ သွင်းချင်လျှင်လည်း သွင်းနိုင်မည် ဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုသော် ဤ Refresh your PC Feature သည်မိမိကွန်ပြူတာကိုလည်း အကောင်းအတိုင်းပြန်ဖြစ်စေချင်သလို မိမိရဲ့ Data တွေကိုလည်း မပျက်စေချင်ဘူးဆိုရင်တော့ အလွန်အသုံးဝင်မယ့် Feature ဖြစ်ပါတယ်။

(၄) File History

Windows တွင် Back Up Feature သည်ယခင်ကတည်းက ပါဝင်ပြီးဖြစ်သော်လည်း အသုံးမများပဲ Microsoft ရဲ့ပြောပြချက်အရ Windows အသုံးပြုသူအားလုံးရဲ့ ၅ ရာခိုင်နှုန်းသာ အသုံးပြုကြောင်း သိရပါတယ်။ ယခုအခါ Windows 8 တွင်တော့ File History ဟုခေါ်သော Back Up Tool တစ်ခုပါဝင်လာပြီ ဖြစ်ပါတယ်။ ယခု Feature သည် default အရ ပိတ်ထားမည်ဖြစ်ပြီး အသုံးပြုသူမှ အသုံးပြုလိုလျှင် External Hard Disk (သို့ ) Network Drive ကဲ့သို့  Drive မျိုးကို ကွန်ပြူတာကို တပ်၍ သွားဖွင့်ပေးရမှာ ဖြစ်ပါတယ်။ ထိုအခါ File History မှနေ၍ မိမိရဲ့ ကွန်ပြူတာ Libraries (My Documents, My Music, My Pictures,etc..)  ထဲရှိ File များကို Copy လုပ်၍ အလိုအလျှောက် သိမ်းပေးသွားမှာ ဖြစ်ပါတယ်။ ထို့ အပြင် Desktop မှာရှိသော အခြား File များနှင့်အတူ Contacts, Favorites တို့ ကိုလည်း သိမ်းပေးသွားမှာ ဖြစ်ပါတယ်။ အကယ်၍ အသုံးပြုသူမှနေ၍ သီးသန့်  Backup လုပ်ချင်တယ်ဆိုလျှင်လည်း မိမိ Back Up လုပ်လိုသော File ကိုရွေးချယ်ပေးလို့  ရပါတယ်။

File History သည် နာရီအလိုက် File များကို စောင့်ကြည့်သွားမှာဖြစ်ပြီး အကယ်၍ အပြောင်းအလဲရှိလျှင် External Drive များမှာ သွားရောက်၍ သိမ်းပေးသွားမှာ ဖြစ်ပါတယ်။ ထို့ ကြောင့် အသုံးပြုသူများအနေဖြင့် ထို File များရဲ့ အပြောင်းအလဲများကို External Drive များမှာသွားရောက် ကြည့်ရှုနိုင်ပြီး မိမိတို့ လိုချင်သော File Version ကိုပြန်လည်၍ ရယူပြီး သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ File History ကို File Explorer (ယခင်က Windows Explorer) နှင့် ချိတ်ဆက်ပေးထားသောကြောင့် မိမိလိုချင်သော File များကို File Explorer မှတစ်ဆင့်ပင် ရှာဖွေ၍ အလွယ်တကူပင် အရင်ဗားရှင်းများကို ပြန်လည် ရယူနိုင်ပါတယ်။

File History ရဲ့အကောင်းဆုံး အချက်တစ်ချက်ကတော့ Back Up လုပ်ရန်အတွက် မည်သည့် အချိန်တွင် Back Up လုပ်ရမယ်လို့  အချိန်သတ်မှတ်ထားတာမျိုး လုပ်ပေးဖို့ မလိုပါဘူး။ Windows 8 မှာ Back Up Process ကို Windows ရဲ့နောက်ကွယ်ကနေတစ်ဆင့်တာ အလိုအလျှောက် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

(၅) Storage Spaces

နောက်ဆုံး အချက်တစ်ချက်အနေနဲ့  ကတော့ Windows 8 တွင်ယခုအခါ Storage Spaces ဟုခေါ်သော Feature အသစ်တစ်ခု ပါဝင်လာပြီ ဖြစ်ပါတယ်။ ယခု Feature ကတော့ Internal ရော External ရော Drive တွေအားလုံးကို ပေါင်း၍ Drive တစ်ခုတည်းအဖြစ် အလုပ် လုပ်ဆောင်စေနိုင်မယ့် Feature ဖြစ်ပါတယ်။ Storage Spaces အလုပ် လုပ်ပုံကတော့ မည်သည့် Drive (Internal Hard Disk, External Hard Disk, Thumb Drives, etc.. ) ဖြစ်စေ အားလုံးကို Drive ၁ခုတည်းအဖြစ်ပေါင်းကာ Pool တစ်ခုတည်ဆောက်ပေးပြီး အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေး တာဖြစ်ပါတယ်။ Drive နာမည်ကိုလည်း မိမိကြိုက်တဲ့ နာမည် (ဥပမာ - My Drive, John, Emma စသည်ဖြင့်) ပေးလို့  ရပြီး Drive Letter ကိုလည်းမိမိကြိုက်သာ စာလုံး (ဥပမာ - G, H, I, J စသည်ဖြင့်)ပေးလို့  ရပါတယ်။

Storage Spaces ကို ဖန်တီးစဉ်တွင် မိမိတွင်ရှိသော Disk များရဲ့ Storage ထက်ပို၍ ဖန်တီးလို့  ရပါတယ်။ ဥပမာ မိမိတွင် 500GB Internal Hard Disk ၁ လုံး နှင့် 20GB နှင့် 80GB ဆိုပြီး External Hard Disk ၂လုံး ရှိသည်ဆို ပါစို့ ။ အသုံးပြုသူကနေ၍ Storage Spaces ကိုအသုံးပြု၍ Pool တစ်ခုဖန်တီး သည့်အခါထို Hard Disk ၃ ခုပေါင်းရဲ့ Storage ဖြစ်သော 600GB သာမကဘဲ အဲဒီထက်ပိုလွန်၍ (ဥပမာ - 800GB) ရှိသော Drive တစ်လုံး ဆိုပြီး ဖန်တီးထားလို့  ရပါတယ်။ အဲဒီ 800GB ထဲကို နောက်မှ Hard Disk တွေထပ်ပေါင်းထည့်ချင်လည်း ရပါတယ်။ အကယ်၍ မိမိကနေ၍ External Hard Disk ၂ လုံးထဲကို ပေါင်းချင်တယ်ဆိုလျှင်လည်း 100GB ရှိသော Pool တစ်ခုတည်ဆောက်ကာ Drive တစ်ခုကိုဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။

File History ကဲ့သို့ ပင် Storage Spaces ၏အားသာချက်မှာ အသုံးပြုသူ အနေဖြင့် တစ်ခါသာ Configure လုပ်ပေးစရာလိုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့ Drive များအားလုံးကို ပေါင်း၍ Drive ၁ ခုတည်းသာ လုပ်ထားပေး ထားကြောင့် မိမိအနေနဲ့  ဘယ် File တွေကို ဘယ် Hard Disk မှာမှတ်သား ထားလဲ ဆိုတာကို သေချာမှတ်မိစရာ မလိုတော့ပါဘူး။ အကုန်လုံးကို Storage Spaces ထဲကိုသာ သွားရောက်၍ ရှာဖွေနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရသော်  Windows 8 တွင် အခြား Features များစွာ ပါဝင်ပါသေးတယ်။ သင့်အနေနှင့် Windows 8 တွင်ပါဝင်သော Modern Style UI ကိုအသုံးမပြုချင်လျှင် လည်း Desktop Mode ကိုသာအသုံးပြုလို့ ရ ပါတယ်။ Windows 8 မှာ Windows 7 Application များကိုလည်း အဆင်ပြေစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ထို့ ကြောင့် သင့်အနေနှင့် Windows 8 ကိုသုံးကြည့်ချင်တယ်ဆိုလျှင်တော့ အောက်တိုဘာ ၂၆ တွင် Windows 8 တရားဝင် ထွက်ရှိလာသည့်အခါတွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။


ဇွဲမာန် (IT4M)
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အမေရိကန် သမ္မတ အိုဘားမား ဒုတိယ ၄နှစ်သက်တမ်း သမ္မတရာထူးအတွက် အရွေးချယ်ခံရ

အမေရိကန် သမ္မတ အိုဘားမား ဒုတိယ ၄နှစ်သက်တမ်း သမ္မတရာထူးအတွက် အရွေးချယ်ခံရ

နိုဝင်ဘာ ၇။ ။ အမေရိကသမ္မတ အိုဘားမားသည့် သမ္မတရားထူး ဒုတိယ သက်တမ်း လေးနှစ် အတွက်
ထပ်မံအရွေးချယ်ခံလိုက်ရကြောင်း သိရသည်။


ပြိုင်ဘက် Republican အမတ်လောင်း မစ်ရွန်မနီ နှင့် ရွေးကောက်ပွဲ တွင် အကြိတ်အနယ် ယှဉ်ပြိုင်လာခဲ့ရာမှ
မဲအရေအတွက် အနည်းငယ် အသာစီး ရမှုဖြင့် အိုဘားမား၏ ဒီမိုကရစ်တစ် ပါတီ အနိုင်ရရှိခဲ့သည်။ (ရွေးကောက်ပွဲ
အတွက် မဲပေးမှု ရလဒ်ကို အောက်ပါလ့ခ်တွင် ဝင်ရောက် ကြည့်ရှုနိုင်သည်။

http://elections.msnbc.msn.com/ns/politics/2012/all#.UJsBLnopOua)

Forward (ရှေ့ သို့) ဟူသော ဆောင်ပုဒ်ဖြင့် အမေရိကန် နိုင်ငံတစ်ဝန်းမှ အိုဘားမားကို ထောက်ခံသူများက
ဝိုင်းဝန်း အောင်ပွဲခံလျက်ရှိသည်။ အမေရိကန်နိုင်ငံ၏ ပထမဆုံးသော ဒုတိယသက်တမ်းအတွက် ထပ်မံ
အရွေးချယ် ခံရသည့် လူမည်း သမ္မတ တစ်ဦးလည်း ဖြစ်လာခဲ့သည်။


အမေရိကန်၏ ထရီလီလျံမျှ တင်ကျန်နေသော အစိုးရကြွေးမြီ ပြဿနာ၊ အရှေ့ အလယ်ပိုင်း စစ်ပွဲများ၊ အာဖဂန်
အရေး၊ အီရန်နှင့် မြောက်ကိုရီးယား တို့ နျူကလိယ ပြဿနာ များကို အိုဘားမားမှ ထပ်မံ ကိုင်တွယ်ဖြေရှင်းနိုင်
မည်ဟု ထောက်ခံသူတို့က ယုံကြည်လျက် ရှိကြောင်း သိရသည်။
 Ref: NBC
Photo courtesy of Getty. All Rights Reserved.

http://www.innewsmyanmar.com/2012/11/blog-post_7926.html
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, November 1, 2012

အာဆီယံကားမောင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မေသဉ္ဇာဦး

အနုပညာလောကမှာ ကိုယ်ပိုင် မှတ်တိုင်တစ်ခု တည်ထောင်နိုင် ခဲ့သူ မေသဉ္ဇာဦးက ဇာတ်ကား
ပေါင်းများစွာကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ကျရာ ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သလို အငိုခန်းမှာလည်း မျက် ရည် အစစ်နဲ့ ငိုခဲ့ပြီး၊ ဟာသဘက်မှာလည်း အိုဗာတွေ မလုပ်ကြောင်း ပြောပြလာတဲ့ မေသဉ္ဇာဦးက “ဒရာမာ ဇာတ်ကားဆိုလည်း စိတ်ထဲနှလုံးထဲ သွင်းထားသလို ဟာသလည်း ဒီအတိုင်းပဲ။ အလုပ်ကို ဘယ်သောအခါမှ ပေါ့ပေါ့တန်တန် မလုပ်ပါဘူး။ ဒီအလုပ်က ဝါသနာ ပါပြီး မြတ်နိုးတဲ့ အလုပ် ဖြစ်တဲ့အတွက် ကျရာနေရာမှာ အကောင်း ဆုံးဖြစ်အောင် လုပ်တယ်” လို့ ပြောပြခဲ့ပါတယ်။

“အိုးကြီး ၃ဝ အိုးလေး ၅ဝဝ” ဇာတ်ကားမှာ သူငယ်ချင်းတွေ စုံစုံညီညီပြန်တွေ့ ရတော့ တ အားပျော်ဖို့ ကောင်းကြောင်း ရိုက်ကွင်းမှာ ရန်ကျော်နဲ့ မင်းဦးယောင် တာ ကို ဟာသ ဖွဲ့ပြီး ရယ်ကြတာလည်း ပျော်ဖို့ကောင်းကြောင်း၊ ဒီလိုမျိုး စုံစုံ ညီညီပြန်တွေ့ ဖို့ မလွယ်ကြောင်း၊ ဇာတ်ကားတွေမှာ လူများတိုင်း မကောင်းနိုင်ကြောင်း၊ အပေးအယူ ညီမျှပြီး တစ်ယောက်နဲ့ တစ်ယောက် လုပ် ကွက်တွေ ညီမျှမှကြည့်လို့ ကောင်း တာဖြစ်ကြောင်း “အိုးကြီး ၃ဝ၊ အိုးေ လး ၅ဝဝ ” ဇာတ်ကား မှ ရိုက်ကွင်း အမှတ်တရ ကို မေသဉ္ဇာဦးက ပြန်ပြောပြပါ တယ်။ အာဆီယံ ကားမောင်းပြိုင်ပွဲမှာ မြန်မာနိုင်ငံသား အနေ နဲ့ပါဝင်ယှဉ်ပြိုင် ဖို့ဘယ်အတိုင်းအတာအထိပြင်ဆင်ပြီးပြီလဲလို့မေးကြည့်တော့ မေသဉ္ဇာဦးက “ဘာမှကို မလုပ်ရသေးဘူး။ အကြောင်းလည်း မကြားသေးဘူး။ အခုစောင့်နေ တာပေါ့။ နိုဝင်ဘာ၂ဝရက်နေ့ထွက်ရမှာဆိုတော့ မကြာတော့ပါဘူး၊အကြောင်း ကြားစာတော့ ရောက်လာမှာပါ။ ကားမောင်းတာကို အသက် ၁၉၊ ၂ဝလောက်မှာ စမောင်းတယ်။ ကားကို အရှိန် ပြင်းပြင်း နဲ့ မောင်းရတာကို ကြိုက်တယ်။ အခု အဲဒီလို သွားမောင်း ရမှာ ဆိုတော့ ပျော်တာပေါ့။ တအားမောင်းပြီးပြိုင် ရတာ မဟုတ်တဲ့အတွက် အန္တရာယ် လည်း ကင်းမှာပါ။ ချစ်ကြည်ရေး ပုံစံနဲ့သွားမှာပါ” လို့ ပြောပြခဲ့ ပါတယ် ။ မေသဉ္ဇာ ဦး က ဒါရိုက်တာမိုးကြိုး ရိုက်ကူးတဲ့ “ရပ်ကွက်ထဲက ဘဝ များ” ဇာတ်ကား မှာ ဟိန်းဝေယံ၊ သဉ္ဇာဝင့်ကျော် တို့နဲ့ အတူ ပါဝင် သရုပ်ဆောင် ထားကြောင်း ပြောပြခဲ့ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Windows 8 အသုံးပြုနိုင်သော MSI 520 tablet နှင့် Gaming Laptop များ

MSI အမှတ်တံဆိပ် ကွန်ပျူတာများကို မြန်မာပြည် တရားဝင်ကိုယ်စားလှယ်
အဖြစ် တင်သွင်း ဖြန့်ချိလျက်ရှိသော Royal Smart Co.,Ltd မှ Windows 8 Edition Gaming Laptop များကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် PARKFOYAL Hotel ၌စတင် မိတ်ဆက်ရှင်းလင်းခဲ့ကြောင်း သိရ သည်။ ယခုတင်သွင်းထားသော Gaming Laptop များမှာ GE 70 နှင့် GE 60 model များဖြစ်ပြီး ပုံမှန် Gaming Laptop များထက် ၂ ပေါင်ခန့်ပိုမို ပေါ့ပါးမှုရှိကြောင်း တွေ့ရသည်။ ထို့အပြင် ဂိမ်းကစား သူများအတွက် အချိန်နှောင့်နှေး ကြန့်ကြာမှုမရှိဘဲ အွန်လိုင်း ဂိမ်း များကို မြန်ဆန်စွာ boot လုပ် နိုင်ပြီးgraphic မြင့်သည့် ဂိမ်း များကို ကောင်းမွန်စွာဆော့နိုင်မည် ဖြစ်သည်။

ထူးခြားချက်မှာ ဂိမ်း ဆော့ရာတွင် အထူးအရေးပါသည့် အသံစနစ်ကို အရည်အသွေး မြင့်မားစွာ ရရှိနိုင်ရန်အတွက် Gold Flash Audio Jack ကို အသုံးပြုထားသောကြောင့် ရန်သူ့ခြေသံ၊ သေနတ်ကျည်ဖြည့်သံ စသော သေးငယ်သည့် အသံမှ အစ ကြားသိနိုင်မည်ဖြစ်သည်။ ထို့အပြင် ညင်သာစွာထိတွေ့ ရုံဖြင့် ကောင်းမွန်စွာ အလုပ်လုပ် သော Best FPS Gaming Keyboard ကို အသုံးပြုထားပြီး ဂိမ်း ကစားသူများ မှားနှိပ်နိုင်သော Window Key ကို ညာဘက်ရွေ့ ထားကာ Ctrl Key ကို သာမန် ထက်ကြီး၍ design ပြုလုပ်ထား သည်။ Intel Core i7 2.3 GB, Quard core Mobile Processor သုံး MSE Gaming Laptop များကို GE 70 အား US $ 1190 ဖြင့်လည်းကောင်း GE 60 အား US $ 1150 ဖြင့်လည်းကောင်း ဝယ်ယူရရှိနိုင် မည်ဖြစ်ကြောင်း သိရှိရသည်။
MMT

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, October 21, 2012

ကမ္ဘာ့အဆင့် ၁၈၄ တွင် ရပ်တည်နေသည့်မြန်မာ

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)က အောက်တိုဘာလ အတွက် ကမ္ဘာ့ အဆင့် သတ်မှတ်ချက်များ ထုတ်ပြန် ကြေညာခဲ့ရာ မြန်မာ လက်ရွေး စင် ဘောလုံး အသင်းသည် ယခင်လထက် တစ်ဆင့်လျော့ကျသွားပြီး ကမ္ဘာ့အဆင့် ၁၈၄ တွင် ရပ်တည်နေသည်။
နိုင်ငံတကာပွဲစဉ်များနှင့် ဝေးကွာနေသော မြန်မာအသင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စင်ကာပူအသင်းနှင့် ခြေစမ်းပွဲကစားခဲ့ပြီး သရေကျခဲ့သော်လည်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ရမှတ် ၆၀ ဖြင့် ယခင်လထက် တစ်ဆင့်ထပ်မံကျဆင်းခဲ့သည်။ ယခုလ ၃ ရက်က ထုတ်ပြန်ခဲ့သော အဆိုပါ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များတွင် အရှေ့တောင်အာရှနိုင်ငံများ၌ ထိုင်းအသင်းက ကမ္ဘာ့အဆင့် ၁၃၉ ဖြင့် ဦးဆောင်ထားပြီး ဗီယက်နမ် ၁၄၀၊ ဖိလစ်ပိုင် ၁၄၇၊ မလေးရှား ၁၆၂၊ စင်ကာပူ ၁၆၂၊ အင်ဒိုနီးရှား ၁၇၀၊ ကမ္ဘောဒီးယား ၁၈၉၊ လာအို ၁၉၃၊ ဘရူနိုင်း ၂၀၃ နှင့် တီမောအသင်းတို့က ကမ္ဘာ့အဆင့် ၂၀၆ တွင် ရပ်တည်နေသည်။
မြန်မာအသင်းသည် အာဆီယံနိုင်ငံများတွင် အဆင့် ၇ နေရာ၌ ဆက်လက်ရပ်တည်နေသည်။ ကမ္ဘာ့အဆင့်တစ်နေရာတွင် စပိန်အသင်းက ဆက်လက်ရပ်တည်နေပြီး ၎င်း၏နောက်တွင် ဂျာမနီ၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ အင်္ဂလန်၊ ဥရုဂွေး၊ အီတလီ၊ ကိုလံဘီယာ၊ ဂရိအသင်းများက အစဉ်လိုက်ရပ်တည်နေသည်။ အာရှနိုင်ငံများတွင်မူ ဂျပန်အသင်းက ကမ္ဘာ့အဆင့် ၂၃ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်ထားသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, October 16, 2012

ကိုယ်ခံပညာ ပေါင်းစုံ ပြိုင်ပွဲမှ ကချင် တိုင်းရင်းသား အောင်လအင်ဆန်း

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း ဒီလာဝယ် ပြည်နယ်၌ ပထမဦးဆုံး အကြိမ်အဖြစ် ကျင်းပသည့် ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (Mixed Martial Arts) ပြိုင်ပွဲ၊ တစ်နည်းအား ဖြင့် Cage Fury Fighting Championship (CFFC) ဟုခေါ်သော ပြိုင်ပွဲတွင် မြန်မာပြည်ဖွား ကချင် တိုင်းရင်းသား အောင်လအင်ဆန်းက အိုင်အိုဝါ[iowa] ပြည်နယ်မှ ပြိုင်ဘက်အား လျင်မြန်စွာ အလဲထိုး အနိုင်ယူခဲ့သည်။
''The Burmes Pytohon'' ဟုချစ်စနိုး ခေါ်ဝေါ်ကြသော အောင်လသည် ပွဲကို ဖြည်းဖြည်းချင်း စတင်ခဲ့ရာ ပြိုင်ဘက် ဂျက်ဆင်လောက်ထံမှ မျက်နှာနှင့် ခန္ဓာကိုယ်သို့ ပစ်သွင်းသည့် လက်သီးချက်များ ထိမှန်ခဲ့ရသည်။ သို့သော် အောင်လက ရှေ့ဆက်ထိုးရန် တိုက်စစ်ကို ပြင်ဆင်ခဲ့ပြီး မစ္စတာ ဂျက်ဆင်လောက် ထောင့်ကပ်မိ ချိန်တွင် အောင်လက အသည်းနေရာသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်ရာ ဂျက်ဆင်တစ်ယောက် ရှူးရှူးရှားရှား ရှေ့တိုးလာသည်။ ထို့နောက် အောင်လက ဘယ်လက်သီးများ ဆက်တိုက် လွှတ်ထိုးရင်း ညာလက်သီး တစ်လုံး လျှပ်တစ် ပြက်ပစ်သွင်းလိုက်ရာ ပြိုင်ဘက် ဂျက်ဆင်မှာ မလှုပ်မယှက် နောက်ကောက်ကျ ဖြစ်သွားသည်။ အသက် ၂၇ နှစ်အရွယ် အောင်လက အဆိုပါလက် ဝှေ့ပွဲမှ အနိုင်ရရှိသော ထိုးကြေးနှင့် စပွန်ဆာ ရငွေ အားလုံးကို ကချင် စစ်ဘေး ဒုက္ခသည်များကို လှူဒါန်းမည်ဟု ၄င်း၏ ၀က်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

HIV ရောဂါပိုး ရှိ မရှိ ကိုယ်တိုင် စစ်ဆေးနိုင်သည့် ကိရိယာ

HIV ရောဂါပိုးရှိ မရှိ လွယ်ကူ လျင်မြန်စွာ စမ်းသပ်နိုင်မည့် ကိရိယာအား အမေရိကန် ဒေါ်လာ ၄ဝ ဖြင့် စတင် ရောင်းချပြီဟု နယူးယောက်တိုင်းမ် သတင်းစာ တွင် ဖော်ပြထားသည်။ AIDS ရောဂါ ဖြစ်ပွားစေသော HIV ရောဂါပိုး ရှိ မရှိ နေအိမ်တွင်ပင် အလွယ်တကူ လျင်မြန်စွာ စစ်ဆေးနိုင်သော ကိရိယာအား အမေရိကန် အစား အစာနှင့် ဆေးဝါးထိန်း ချုပ်ရေး FDA က အတည်ပြု ပေးပြီး အမေရိကန်နိုင်ငံ တွင် စတင် ရောင်းချနေပြီ ဖြစ်သည်။
အဆိုပါ ကိရိယာ Ora Quick ဖြင့်သွားဖုံး အပေါ်နှင့် အောက်ဖက်သို့ ထိုးထည့်ပြီး သွားရေများကို စမ်းသပ်ကာ မိနစ်၂ဝ နှင့် ၄ဝ ကြားတွင် အဖြေကို သိရမည်ဖြစ်ပြီး ဓာတ် ခွဲခန်း သွားစရာမလိုဘဲ လိင် ဆက်ဆံဖော် များအား အလွယ်တကူ စမ်းသပ်နိုင်သောကြောင့် HIV ရောဂါပိုး ကူးစက်မှုအား ကာကွယ်ရာတွင် များစွာ ထိရောက် လိမ့်မည်ဟု ကျွမ်းကျင် သူများက သုံးသပ်ကြသည်။ သို့ရာတွင် HIV ရောဂါပိုးသည် သုံးလအတွင်း စမ်း သပ်ပါက Negative ဖြစ်နေတတ် သဖြင့် အဆိုပါ ကိရိယာဖြင့် စမ်း သပ် ရရှိသော ရလဒ်အား ဓာတ်ခွဲ ခန်းများတွင် ပြန်လည် စိစစ်ရန် လို အပ်မည်ဟု အမေရိကန် FDA က ဆိုထားသည်။
ထိုကိရိယာအား Orasura Technologies ကုမ္ပဏီက ထုတ် လုပ်ထားခြင်းဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ဦးရေ ၄ဝဝဝ အား ဆန္ဒ တောင်းခံခဲ့ရာ ၇ဝ ရာခိုင်နှုန်း က အသုံးပြုရန် ဆန္ဒရှိကြောင်း တုံ့ပြန်ခဲ့ကြပြီး အမေရိကန် FDA က HIVရောဂါ ကာကွယ်ရေး ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် အသိ အမှတ်ပြုပေးခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် လူဦးေ၇ ၁ ဒသမ ၂ သန်းခန့်မှာ HIV ကူးစက်ခံနေရပြီး ရောဂါ ပိုး ကူးစက်ခံရသူ ၅ ဦးလျှင် ၁ ဦးမှာ ရောဂါပိုး ရှိမှန်းမသိ ဖြစ်နေ ကြသည်ဟု အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ၏ အဆိုအရ သိရသည်။
Ref:New York Times 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, October 13, 2012

2012 ကမ္ဘာ့အချမ်းသာဆုံးbillion


Carlos Slim Helu & family
$69 Billion As of March 2012


At a Glance
  • Chairman, Telmex
  • Age: 72
  • Source of Wealth: telecom, self-made
  • Residence: Mexico City, Mexico
  • Country of Citizenship: Mexico
  • Education: Bachelor of Arts / Science, Universidad Nacional Autonoma de Mexico
  • Marital Status: Widowed
  • Children 6
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြန်မာ့ ဘဏ္ဍာရေး ဥပဒေ အသက်ဝင်ရန် ဥပဒေ တစ်ရပ် အိုဘားမား လက်မှတ်ထိုး

အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးကို ထောက်ပံ့ ပေးနေသော နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများအား အမေရိကန် ထောက်ခံ အားပေးရာတွင် ပိုမို လွယ်ကူစေမည့် ဥပဒေ တစ်ရပ်ကို လက်မှတ် ရေးထိုး ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
ထိုဥပဒေသည် ပြီးခဲ့သည့်လက ကွန်ဂရက်တွင် မြန်မာအပေါ် အမေရိကန်က ဘဏ္ဍာရေးနှင့် အခြား ပိတ်ဆို့မှုများ ရုပ်သိမ်းပေး အပြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဥပဒေမှာ သမ္မတ ဦးသိန်းစိန် ဦးစီး ဆောင်ရွက်နေသော နိုင်ငံရေး ပွင့်လင်းမှုကို အားပေးရန် ဖြစ်သည်။ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက သမ္မတ လက်မှတ် ရေးထိုးလိုက်သော ယခု ဥပဒေသစ်သည် မြန်မာနိုင်ငံ၌ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် စီးပွားရေးပေါ်လစီ ဖြစ်ပေါ်စေရန် ခိုင်မာအားကောင်းသော အဖွဲ့အစည်းများကို ထောက်ခံပံ့ပိုးပေးသွားမည်ဟု ဆိုသည်။ ထို့အပြင် ကမ္ဘာ့စီးပွားရေး နယ်ပယ်ထဲ၌ မြန်မာနိုင်ငံ ပြန်လည် ပေါင်းစည်း ၀င်ရောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့ကို ပံ့ပိုးပေးနိုင်မည်ဟု ဆိုသည်။
ကန် ဘဏ္ဍာရေးဌာန လက်ထောက်ဝန်ကြီး နီယယ်ဝူလင်က "ဒီဥပဒေ ချမှတ်လိုက်ခြင်းဟာ အဲဒီ ဘဏ္ဍာရေး အဖွဲ့အစည်းတွေက မြန်မာနိုင်ငံမှာ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးရှိမှု၊ ပြောင်းလဲရေး ဖြစ်ပေါ်မှုတို့ အသာစီးရအောင် လုပ်ဖို့၊ အမေရိကန် ပေါ်လစီတွေ ဖော်ဆောင်နိုင်စွမ်းလည်း ရှိလာစေပါ လိမ့်မယ်"ဟု ပြောသည်။
ဝါရှင်တန်သည် ဇူလိုင်လ အတွင်းက မြန်မာနိုင်ငံ၌ အမေရိကန် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ပိတ်ဆို့ထားခြင်းကို ဖြေလျှော့ခဲ့သည်။ ထို့နောက် ပြီးခဲ့သည့်လအတွင်းက မြန်မာအပေါ် ပိတ်ဆို့ထားသော မြန်မာ ပို့ကုန် တင်ပို့မှုကိုလည်း ပြန်လည် ခွင့်ပြုမည်ဟု ကြေညာခဲ့ပြီးနောက် ယခု သမ္မတအိုဘားမား လက်မှတ် ရေးထိုးသော မြန်မာ့ ဘဏ္ဍာရေး ဥပဒေ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်က မြန်မာနိုင်ငံအပေါ် ယခင် ပိတ်ဆို့မှုများ၌ မြန်မာနိုင်ငံအား ဘဏ္ဍာရေး အကူအညီ ပေးသော အဖွဲ့အစည်းများကိုပါ ပိတ်ပင်ရန် ပါဝင်ခဲ့ရာ ယခု ဥပဒေ ထွက်ပေါ်လာခြင်းမှာ အဆိုပါ ပိတ်ပင်မှုများအား ဖြေလျှော့ပေးခဲ့ခြင်းလည်း ဖြစ်သည်။
-Ref:AFP
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

y-talk အိမ်နှင့်ရုံးသို့ တိုးချဲ့တော့မည်

အိမ်သုံး ရုံးသုံး ကွန်ပျူတာများ၌ Y-talk ဖုန်းခေါ် ဆိုနိုင်သည့် စနစ်ကို ယခုလကုန်တွင်
ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း VMG TELECOMS ကုမ္ပဏီ မှ သိရသည်။ လက်ရှိတွင် အွန်လိုင်းမှသာ တရားဝင် ဖုန်းခေါ် ဆိုနိုင် သည့် Y-talk စနစ်ကို အင်တာနက်ဆိုင် များသာ အသုံးပြုနိုင် ပြီး ကိုယ်ပိုင် ကွန်ပျူတာများ သုံးစွဲခွင့်မရရှိသေး ကြောင်းသိရသည်။

”ကိုယ်ပိုင် ကွန်ပျူ တာတွေ့ Y-talk သုံးစွဲခွင့်ပေးဖို့ မြန်မာ့ ဆက်သွယ် ရေးကို ခွင့်ပြုချက် တင်ထားတာ အခု ခွင့်ပြုချက် ကျလာပါပြီ။ ဒါကြောင့် ဒီလ ကုန်မှာ ဝန်ဆောင် မှု ပေးနိုင်မှာပါ။ လောလောဆယ် မပေးသေး တာက အကောင့်နှုန်း ထားတွေ ပြန်လည်ပြင်နေတဲ့ အတွက် မပေးသေးတာ ပါ”ဟု VMG TELECOMS ကိုနေလင်းက ပြောသည်။ ယင်းစနစ်ဝန်ဆောင်မှု စတင်ပါက လက်ရှိဖုန်းခေါ်ဆိုခနှုန်း များ အတိုင်း ဝန်ဆောင်မှုပေးမည်ဖြစ် သော်လည်း အကောင့် ဝယ်ယူ ခွင့်နှုန်းထားနှင့် ငွေဖြည့်ကတ် ဝယ်ယူသည့် နှုန်းထား များ ပြောင်းလဲ ဖွယ်ရှိကြောင်း ၄င်းက ဆက်လက်ပြောသည်။
”ကတ်နှုန်း ထားတွေ သတ်မှတ်တာ အတည်ဖြစ်တာနဲ့ တရားဝင်ကြေ ညာချက် ထုတ်ပြန် ပြီး ဝန်ဆောင်မှု စတင်သွားမှာပါ။ ပွဲသီး သန့်လုပ်ပြီး ထုတ်ပြန် တာမျိုးတော့ မလုပ်တော့ပါဘူး” ဟု ၄င်းက ဆက်ပြောသည်။ လက်ရှိ ဖုန်းခေါ်ဆို ခနှုန်း ထား များမှာ တရားမဝင် ဖုန်းခေါ်ဆိုသည့် နှုန်းများ ကဲ့သို့ တစ်မိနစ်လျှင် ဝ ဒသမ ဝ၅ FEC နှုန်းဖြစ်ပြီး အင်တာနက်ဆိုင် များတွင် Y-talk အကောင့်နှင့် ငွေဖြည့် ကတ်များ ဝယ်ယူခြင်းမရှိဘဲ အသုံး ပြုနိုင် ကြောင်း သိရသည် ။ Y-talk စနစ်ကို လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ၊ ပြည်၊ မိတ္ထီလာ စသည့်မြို့များနှင့် ရတနာပုံဝက်ဘ် ပေါ်တယ်တွင် အ သုံးပြုနိုင်ကြောင်း၊ ယင်းအပြင် ရတနာပုံ Call Center တွင်လည်း ဝန်ဆောင်မှုပေးရန် အစီအစဉ်ရှိကြောင်း ယင်းကုမ္ပဏီက သိရသည်။ Y-talk စနစ်ကိုVMG TELECOMS ကုမ္ပဏီမှ ရတနာပုံ တယ်လီပို့ မြန်မာ့ ဆက်သွယ်ရေး နှင့် ပူးပေါင်းဝန်ဆောင်မှု ပေးခြင်း ဖြစ်ကြောင်း သိရသည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒိန်ချဉ်ကိုစားခြင်းကြောင့် သွေးဖိအား မြင့်တက် မှုကို ကာကွယ်နိုင်

ကယ်လိုရီနည်းစွာ ပါဝင်တဲ့ ဒိန်ချဉ်ကို နေ့စဉ်စားသုံး ပါက သွေးဖိ အား မြင့် တက်မှု ဖြစ်နိုင်ခြေ လျော့နည်းကြောင်း လေ့လာမှု အသစ်အရ အကြံပေး ထား ပါတယ်။
အမေရိကန် နှလုံးရောဂါအဖွဲ့မှ သွေးတိုးရောဂါနဲ့ ပတ်သက်ပြီး သုတေသန ပြုလုပ်ချက်အရ ဒိန်ချဉ်ကို ရေရှည် စားသုံးသူတွေဟာ အပေါ်သွေးဖိအား နိမ့်ကျနိုင်ကြောင်းနဲ့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေ နည်းပါးကြောင်း တွေ့ရှိခဲ့ပါတယ်။ သွေးဖိအား မြင့်တက်တာကို ကုသမှု မခံယူရင် သွေးကြောတွေ ပျက်စီးနိုင်ပြီး သွေးကြောတွင်း အမာရွတ်တွေ ဖြစ်တတ်ပါတယ်။
သွေးကြောတွေမှာ ဒဏ်ရာ ရရှိတာကြောင့် သွေးကြောတွင်း ရောက်ရှိလာတဲ့ ကိုလက်စထရောနဲ့ သွေးခဲဖတ်လို အစအနလေးတွေဟာ ဒဏ်ရာ ရှိတဲ့ နေရာမှာ တွယ်ကပ်နေတတ်ပြီး သွေးကြော ပိတ်ဆို့မှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒိန်ချဉ်မှာ ကယ်လ်စီယမ်နဲ့ ပရိုတင်းတွေ များစွာ ပါဝင်ပြီး ဗိုက်ပြည့်တင်းမှု ရရှိစေကာ အရည်ဓာတ်ကိုလည်း ရရှိစေပါတယ်။ လေ့လာမှုပြုသူတွေဟာ သွေးတိုးရောဂါ မရှိသူ လူပေါင်း ၂၀၀၀ ကျော်ကို ၁၅ နှစ်ကြာ သုတေသန ပြုလုပ်ခဲ့ရာမှ ဒိန်ချဉ်ကို ရေရှည်သောက်သုံးသူတွေဟာ သွေးတိုးရောဂါ မဖြစ်ကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, October 7, 2012

ပန်းဂေါ်ဖီစိမ်း (Broccoli)က ကင်ဆာကို ကာကွယ်

ပန်းဂေါ်ဖီစိမ်း (Broccoli)က ကင်ဆာကို ကာကွယ် ရာမှာနှင့် တိုက် ဖျက်ရာမှာ အစွမ်း ထက်မြက်ကြောင်း လူသိ များပါတယ်။ အဲသလိုပဲ သင် လည်း သိထားမယ်။ သို့ပေမယ့် ဒီ စူပါ အစားအစာကို ဘယ်လို ပြင်ဆင် ချက်ပြုတ် သလဲ ဆိုတာကလည်း အရေး ကြီးတယ်။
အမေရိကန်ရှိ အီလီနွိုက် တက္ကသိုလ်က လေ့လာမှုသစ်တစ်ရပ် က ပန်းဂေါ်ဖီကို သင့်တင့်လျောက် ပတ်စွာ ပြင်ဆင်စားသောက်ခြင်းက ကင်ဆာတိုက်ဖျက်တဲ့ ဓာတုပစ္စည်း ဖြစ်တဲ့ (Sulforaphane) ကို မပျက် စီးအောင် ထိန်းသိမ်းပေးတယ်။ ချက် ပြုတ်တာ အချိန်ကြာရင် အင်ဇိုင်း တစ်မျိုးဖြစ်တဲ့Myrosinase ကို ပျက်စီးစေတယ်။ ယင်းအင်ဇိုင်းက Sulforaphaneဖြစ်ပေါ်ရာမှာအရေး ကြီးတယ်။ ၂ -၄မိနစ်ကြာ ရေနွေး ငွေ့တိုက်ခြင်းက အကောင်းဆုံးချက် ပြုတ်ခြင်း နည်းလမ်းပဲဖြစ်တယ်။ ပြင်ဆင်ချက်ပြုတ်ပုံသာ အရေးကြီး တာမဟုတ်။
ပန်းဂေါ်ဖီစိမ်းနှင့် ပန်းဂေါ်ဖီစိမ်းပင်ပေါက်များ ရောစပ် ချက်ပြုတ်ခြင်းက ယင်းရဲ့ ကင်ဆာ တိုက်ဖျက်ရေးအစွမ်းသတ္တိကို အင်အား တိုးစေတယ်။ ပန်းဂေါ်ဖီစိမ်း ပင်ပေါက် များမှာလည်းMyrosinaseအင်ဇိုင်း ပါဝင်တယ်။ ချက်ပြုတ်ပြီး ပန်းဂေါ်ဖီ စိမ်းနှင့် အပင်ပေါက်များရောပြီးစားခြင်း ဖြင့် အပင်ပေါက်များမှာပါတMyrosinase က ချက်ပြုတ်ရာမှာ ပျက်စီး သွားတဲ့Myrosinase နေရာကိုအစားထိုး နိုင်မှာ ဖြစ်ပါတယ်။
ဦးလှမြင့် (ဂန္ဓမာ) Ref : Health Today/March 2011
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကလေးငယ်များအား စွပ်ပြုတ်များတိုက်ကျွေးပါ

ကလေးငယ်များအား စွပ်ပြုတ်များတိုက်ကျွေး ခြင်းဖြင့်အဆိုပါ ကလေးငယ်များ အတွက် ပန်းနာ ရင်ကျပ် ဝေဒနာကို ကြိုတင်ကာကွယ်ရာရောက်ကြောင်း သိပ္ပံပညာရှင်များအဖွဲ့က စက်တင်ဘာ ၇ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အသီးအရွက်နှင့် အသားစွပ်ပြုတ်များတွင် ဗီတာမင်အီးြွကယ်ဝစွာ ပါဝင်သည့်အတွက် ကလေးငယ်များအနေဖြင့် နေ့စဉ်ပုံမှန်စားသုံးခြင်းဖြင့် ပန်းနာရင်ကျပ် ရောဂါ ဖြစ်ပွားမှုကို တားဆီးနိုင်ကြောင်း သိရသည်။
 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အသက်ရှည်ချင်ရင် ၀ိုင်နီ သောက်

Resveratrol အမည်ရှိ ဝိုင်နီထဲ တွင် တွေ့ရသော ဒြပ်ပေါင်း တစ်ခုက အသက်ရှည်ခြင်း ၏ သော့ချက်ဖြစ် ကြောင်း လေ့လာမှု အရ တွေ့ရှိ ရပါသည်။ ယခင်ကတည်းက တွေ့ရှိ ထားသည်က အဆိုပါ ဒြပ်ပေါင်း သည် ကလာပ်စည်းတစ်ခုတည်းရှိသော တဆေးလို အပင်မျိုးမှသည် ယင် ကောင်များ၊ ကြွက်များအထိ သတ္တဝါ မျိုးကွဲမျိုးစုံကို အသက်ရှည်စေသည် ဟူ၍ ဖြစ်ပါသည်။
သုတေသီတစ်ဦး ဆက်လက် စမ်းသပ်လေ့လာမှုအရ ပျားကောင် များတွင် သင်ယူမှု စွမ်းရည်၊ အသက် ရှည်ခြင်းနှင့် အစာ လက်ခံခြင်းတို့တွင် ကောင်းကျိုးများ ရရှိစေကြောင်း တွေ့ရှိခဲ့ရပါသည်။ ပျားကောင်များ အသက်ကို ၃၃ ရာခိုင်နှုန်းမှ ၃၈ ရာခိုင်နှုန်းအထိ ပိုရှည်စေပြီး သူတို့ စားဖြစ်စေရန် ဆုံးဖြတ်ချက်ကိုလည်း ဖြစ်စေတယ်လို့ သိရပါသည်။ Resveratrol အင်တီအောက်စီးဒင့် တစ်ခုဖြစ်ခြင်းကြောင့် စိတ်ဖိစီးမှု ဖြစ်တဲ့အခါ ထွက်ပေါ်လာသော Free Radicals များကို ဖျက်ဆီးပေးတယ် လို့ဆိုပါသည်။ အဲဒီပစ္စည်းတွေက လူ့ရဲ့အသက်ကို သေစေပါသည်။ စမ်းသပ်စဉ် ပျားကောင် များအနေဖြင့် စိတ်ဖိစီးမှု ကြုံတွေ့နေ ရသော်လည်း အသက်ရှည်ကြောင်း တွေ့ရပါသည်။ အဲဒီဒြပ်ပေါင်းကျွေးထားတဲ့ ပျား ကောင်များက သကြားဓာတ်ကိုလည်း စိတ်ဝင်စားမှု နည်း သွားကြောင်း တွေ့ရပါသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, October 6, 2012

ကဲစိတ်ရှည်ရှည်ထားပြီး ထီ ထိုးထား

တစ်သက်တွင် တစ်ခါထီပေါက်ရန်လွန်စွာ ခဲယဉ်းသော်ငြားလည်း နော်ဝေနိုင်ငံ မြောက်ပိုင်းရှိ ဟုခ်ျဂျာနီတီ၏ မိသားစုသည် ခြောက်နှစ်အတွင်း ထီဆုကြီးသုံးကြိမ် ပေါက်ကာ အမေရိကန်ဒေါ်လာ၃ဒဿမ ၉သန်းကျော် ရရှိပြီး နော်ဝေနိုင်ငံ၏ ထီအကြိမ်ရေ အများဆုံးပေါက်သည့် မိသားစုဖြစ်မိသားစု ဖြစ်လာခဲ့သည်။
ဟုခ်ျဂျာနီတီသည် သားဦးဖြစ်သူကိုမွေးဖွားပြီး ၂၀၀၆ခုနှစ်က သူမ၏ဖခင်ဖြစ်သူသည် ပထမဦးဆုံးအကြိမ် နော်ဝေအမျိုးသားထီပေါက်ကာ အမေရိကန်ဒေါ်လာ ၇ဒသမ၃သိန်းကျော် ရရှိခဲ့ပြီး သုံးနှစ်ကျော်ကြာသောအခါ သူမကိုယ်တိုင်ထိုးသော ထီလက်မှတ်မှာ အမေရိကန်ဒေါ်လာ ၁၄ဒသမ၃ သိန်းဆု ထပ်မံရရှိခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဟုခ်ျဂျာနီတီသည် တတိယမြောက် ကလေးမွေးဖွားစဉ် သူမ၏အစ်ကိုဖြစ်သူသည် တတိယအကြိမ်မြောက်အဖြစ် အမျိုးသားထီဆုပေါက်ကာ အမေရိကန်ဒေါ်လာ ၁၂သိန်းထပ်မံရရှိခဲ့သည်။
၎င်းတို့ရရှိသော ထီဆုများမှာငွေဖြင့် ကားသစ်ဝယ်စီးခြင်း၊ ပျော်ပွဲစားခရီးထွက်ခြင်း၊ အိမ်သစ်တစ်လုံး ထပ်မံဝယ်ယူခဲ့ပြီး ကျန်ငွေများကို နော်ဝေဘဏ်တွင် အပ်နှံထားကြောင်း သိရှိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

စွမ်းအားရှင်ကလေးငယ်

 တရုတ်နိုင်ငံ ချူဇူးပြည်နယ်က အသက်ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်ဟာ အရွယ်နှင့်မလိုက်အောင် သန်မာလွန်းတဲ့အတွက် မိသားစုစီးကားဖြစ်သော ဘင်ကားကိုလမ်းတစ်လျှောက်မှာ ကြိုးဖြင့်ဆွဲပြခဲ့ပါတယ်။ သူဟာသူ့ဖခင်ကိုလည်း ချီပိုးပြနိုင်သလို သန်မာလူကြီး တစ်ယောက်တောင်မှ မ,ဖို့ခက်ခဲတဲ့ ဂျုံအိတ်နဲ့ဘိလပ်မြေအိတ်လို အရာမျိုးတွေကို အလွယ်တကူ မပြနိုင်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် အသက်ခုနစ်နှစ်အရွယ် ကလေးတွေဟာ၂၀နဲ့၃၅ကီလိုဂရမ် (၄၄ပေါင်နဲ့၇၇ပေါင်) ကြားမှာ ရှိကြပေမယ့် ယန်ဂျင်လောင်လို့ခေါ်တဲ့ ထိုစွမ်းအားရှင်ကလေးငယ်ဟာ ကိုယ်အလေးချိန် ၅၀ကီလိုဂရမ် (၁၁၀ပေါင်) ရှိတယ်လို့ သိရပါတယ်။ သူရဲ့သန်စွမ်းမှုဟာ လူတကာအတွက် အံ့မခန်းဖြစ်နေတဲ့အတွက် သူနေတဲ့ အနီးအနားဝန်းကျင်က တရုတ်လူမျိုးတွေဟာ ဒီကောင်လေး နောက်တစ်ခါ ဘာမပြမလဲဆိုတာကို စိတ်ဝင်တစားနဲ့စောင့် ကြည့်နေကြပါတယ်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, October 2, 2012

အီရန်အား အစ္စရေးကတိုက်ခိုက်လျှင် တတိယကမ္ဘာစစ် ဖြစ်လာမည်ဟုဆို

အီရန်နိုင်ငံအား အစ္စရေးနိုင်ငံက ၀င်ရောက်တိုက်ခိုက်ပါက တတိယကမ္ဘာ စစ်ဖြစ်ပွားလာမည်ဖြစ်သည်ဟု အီရန်အစိုးရ အာဏာပိုင်များက ပြီးခဲ့သည့်စက်တင်ဘာလ ၂၃ရက်နေ့ကပြောဆိုခဲ့သည်။ အစ္စရေးနိုင်ငံအနေဖြင့် အီရန်နိုင်ငံအတွင်းသို့ ကျူးကျော်တိုက်ခိုက်လာပါက တတိယကမ္ဘာစစ်ကို စတင်မီးမွှေးသကဲ့သို့ ဖြစ်စေရမည်ဟု အီရန်လေကြောင်းဗိုလ်ချုပ်ကြီး အာမီယာအလီဟာဂျီဇာဒက်က နိုင်ငံပိုင်အသံလွှင့်ဌာနသို့ ပြောကြားခဲ့ သည်။ အဆိုပါဗိုလ်ချုပ်ကြီးမှာ အီရန်နိုင်ငံ၏ အထင်ကရအဖွဲ့အစည်းဖြစ်သော အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်စစ်သည်အဖွဲ့ (IRGC)မှ အကြီးတန်းအဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည်။ပြီးခဲ့သည့်သုံးရက်ခန့်က အစ္စရေးနိုင်ငံမှ အီရန်နိုင်ငံ၏ နျူကလီးယားစက်ရုံများကို ၀င်ရောက်ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ အီရန်ဘက်မှ တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကမ္ဘာ့အကြီးဆုံး ကြက်သွန်ဥကြီး

 ပုံမှန်အခြေအနေမှာ ကြက်သွန်ဥတစ်လုံးသည် ကြက်ဥတစ်လုံးပမာဏမျှသာ ရှိသော်လည်း ယခုဖော်ပြပေးလိုက်သည့် ကြက်သွန်ဥကြီးမှာ သာမန်ကြက်သွန်ဥများနှင့် မတူဘဲ တစ်မူထူးခြားစွာ အရွယ်အစား ကြီးမားလွန်းလှသည်။ ယင်းမှာ၁၈ပေါင်ကျော်မျှ လေးလံလှသောကြောင့်လည်း ဂင်းနက်စ်မှတ်တမ်းကပင် ကမ္ဘာ့စံချိန်တင်ပေးလိုက်ရသည်။ အင်္ဂလန်နိုင်ငံ နော်တင်ဟမ်ရှိုင်းယားပြည်နယ်မှ စိုက်ပျိုးရေးလုပ်သားကြီး ပီတာကသူ့ဥယျာဉ်မှာ ယင်းကြက်သွန်ဥကြီးကို ပြုစုပျိုးထောင်ပေးခဲ့သည်။ လုပ်သက် နှစ်၃၀ကျော်အတွင်းမှာ ယင်းသို့စံချိန်တင် ကြက်သွန်ဥမျိုးကိုမတွေ့ဖူးကြောင်း  ပီတာကပြောပြသည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကမ္ဘာ့လစာငွေ အများဆုံး ရရှိသည့် ကစားသမားဖြစ်လာရန် ရှိနေသည့် စီရော်နယ်လ်ဒို

ရီးရဲလ်မက်ဒရစ် အသင်းတွင် မပျော်မရွှင် ဖြစ်နေသည့် စီရော်နယ်လ်ဒို အား ဥရောပ ထိပ်တန်းအသင်းများက စိတ်ဝင်စား နေကြပြီး ယင်းသည် ကမ္ဘာ့လစာ အများဆုံး ဘောလုံးသမား ဖြစ်လာရန် ရှိနေသည်။ ရုရှား သန်းကြွယ် သူဌေးပိုင်ဆိုင်သည့် ချယ်လ်ဆီး၊ အာရပ် ဘီလျှံနာများ ပိုင်ဆိုင်ထားသည့် မန်စီးတီး နှင့် ပီအက်စ်ဂျီ အသင်းတို့သည် စီရော်နယ်လ်ဒိုအား ခေါ်ယူရန် အပြိုင်စိတ်ဝင်စား နေကြပြီး မြင့်မားသော လစာငွေ တစ်ရပ်ပေးချေရန် အသင့်ဖြစ်နေကာ ယင်းအား ခေါ်ယူနိုင်ခဲ့ပါက လက်ရှိ လစာအများဆုံး ကစားသမားဖြစ်သည့် အီတူးကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ရီးရဲလ် အသင်းတွင် ပေါင် (၇.၉၈)သန်း ရရှိနေပြီး ကမ္ဘာ့လစာ အများဆုံး ကစားသမား စာရင်းတွင် အဆင့် (၁၀)နေရာ၌ ရပ်တည်နေသူ ဖြစ်ပြီး အသင်းသစ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့ပါက လက်ရှိလစာငွေ၏ (၅၀)ရာခိုင်နှုန်း တိုးမြှင့်ရရှိရန် ရှိနေပြီး ပေါင် (၁၁.၈)သန်းခန့် ရရှိမည် ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, September 29, 2012

လေဆာစနစ် ဖြင့် ဆေးထိုးခြင်းကို ပြုလုပ်နိုင်တော့မည်

ကျန်းမာရေး ချို့ယွင်းသည့် အချိန် များတွင် ရောဂါ သက်သာ ပျောက်ကင်းစေရန်  ဆေးထိုးသည့်အခါ၌ အပ်အသုံးပြု၍ ဆေးထိုးရခြင်းကို ကြောက်ရွံ့သူများ အတွက် သတင်းကောင်း တစ်ရပ်အဖြစ်  နာကျင်မှု လုံးဝ မရှိစေမည့် လေဆာစနစ်ဖြင့် ဆေးထိုးခြင်း ကို ပြုလုပ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်အမျိုးသား တက္ကသိုလ်မှ သုတေသန ပညာရှင်များက ယင်းလေဆာစနစ်ဖြင့် ဆေးထိုးခြင်းကို ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပြီး နှစ်စဉ်နီးပါး ပုံမှန် ထိုးနေရသည့် တုပ်ကွေးရောဂါ ကာကွယ်ဆေးများ၊ ကလေးရောဂါ ကာကွယ်ဆေးများအပြင် အခြားသော ရောဂါမျိုးစုံအား ပျောက်ကင်းရန် ထိုးရသည့် ဆေးအားလုံးကို လေဆာစနစ်ဖြင့် ထည့်သွင်းနိုင်ရန် လမ်းစ ရရှိခဲ့ပြီဟု ပြောကြားခဲ့သည်။
ထိုလေဆာစနစ်ဖြင့် ဆေးထိုးရာတွင်လည်း ပုံမှန်ဆေးထိုးသည့် စနစ်များအတိုင်း တိကျသည့် ဆေးပမာဏကို ခန္ဓာကိုယ် အတွင်း ရောက်ရှိစေ မည် ဖြစ်ပြီး ဆေးထိုး ခံရသူ အနေဖြင့် အရေပြားပေါ်သို့ ယပ်တောင်ဖြင့် ခတ်လိုက်သည့် အခါ လာရောက် တိုက်ခတ် သည့် လေပမာပင် ခံစား သိရှိနိုင်သည့် အတွက် ဆေးထိုးခံရခြင်းကို ကြောက်သူများအတွက် အလွန် အဆင်ပြေသည့် စနစ်ပင် ဖြစ်သည်။
၎င်းတို့အနေဖြင့် ဆေးရုံသုံး ပစ္စည်းတစ်ခု ဖြစ်လာရန် ရည်ရွယ် ဖန်တီးသွားမည်ဟု ပြောကြားထားပြီး ဈေးနှုန်းကိုလည်း အသက်သာဆုံးဖြင့် ဖန်တီးနိုင်ရန် သုတေသန ပညာရှင်များက ဆက်လက် ကြိုးစားနေကြကြောင်း သိရသည်။
ZZ
Pyi Myanmar
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, September 26, 2012

အမေရိကန်ပြည်နယ် ၂၆ ခုတွင် အလုပ် လက်မဲ့နှုန်း မြင့်မား လျက်ရှိ

အမေရိကန် ပြည်ထောင်စု တွင် အလုပ်လက် မဲ့နှုန်းမြင့်တက် လာပြီး ပြည် နယ်ပေါင်း ၂၆ ခုတွင် ၄င်းပြဿနာကို ရင်ဆိုင်နေရ ကြောင်း ပြည်နယ် အများစုသည် လွန်ခဲ့သည့် တစ်နှစ်ကထက်ပို၍ အလုပ်အကိုင်ရရှိမှု လျော့နည်းခဲ့ ကြောင်း ဖယ်ဒရယ်အစိုးရက သောကြာနေ့တွင် ထုတ် ဖော်ပြော ဆိုခဲ့သည်။
နီဗားဒါးပြည်နယ်သည် ဩ ဂုတ်လတွင် ၁၂ ဒသမ ၁ ရာခိုင်နှုန်း ဖြင့် အလုပ်လက်မဲ့ဦးရေ အမြင့်ဆုံး ဖြစ်ခဲ့သည်ဟု သိရသည်။ ရို့ဒ်လန့် ဒေသသည် ၁၀ ဒသမ ၇ ရာခိုင်နှုန်း ဒုတိယအများဆုံးဖြစ်ပြီး ကာလီဖိုး နီးယားပြည်နယ်တွင် ၁၀ ဒသမ ၆ ရာခိုင်နှုန်းဖြင့် တတိယအများဆုံး အလုပ်လက်မဲ့နှုန်းဖြစ်ခဲ့သည်ဟု သိရသည်။ ပြည်နယ်ပေါင်း ၁၂ ခုနှင့် ကိုလံဘီယာခရိုင်တို့တွင်ပြီးခဲ့သည့် လနှင့် ဇူလိုင်လတွင် အလုပ်လက် မဲ့နှုန်းများ လျော့နည်းကျဆင်းခဲ့ သည်။ အဆိုပါပြည်နယ် ၁၂ ခုမှာ ကိုလိုရာဒို၊ ဖလော်ရီဒါ၊ အိုင်အိုဝါ၊ မစ်ရှီဂန်၊ နီဗားဒါး၊ နယူးဟမ်ရှိုင်း ယား၊ နယူးမစ်က္ကစီကို၊ မြောက်က ရိုလိုင်နာ၊ အိုဟိုင်းအိုး၊ ပန်ဆီလ် ဗေးနီးယား၊ ဗာဂျီးနီးယားနှင့် ဝစ် စကိုပြည်နယ်တို့ဖြစ်ကြသည်။
သို့ရာတွင် ကိုလိုရာဒို၊ ဖလော် ရီဒါ၊ မစ်ဂျီကန်၊ နီဗားဒါးနှင့် မြောက်ကရိုလိုင်းနားပြည်နယ်များ တွင် အလုပ်လက်မဲ့နှုန်းသည် အမျိုး သားပျဉ်းမျှအဆင့်၏ အထက်တွင် ရှိပြီး ဩဂုတ်လတွင် ၈ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။ အဆိုပါပြည်နယ် ၁၂ ခုအနက် မစ်ရှီဂန်ရှိ အလုပ်လက်မဲ့နှုန်းမှာ ပြီး ခဲ့သည့်လတွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ၉ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
မာန်သစ်နိုး
Venus News Journal
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကိုယ်ပေါ်မှာ တစ်သက်လုံး စွဲနေအောင် ထိုးထားတဲ့ ဆေးတွေကို ဖျက်ချင်ပါ သလား

ခန္ဓာကိုယ်ပေါ်မှာ လှချင်လို့ပဲ ဖြစ်ဖြစ်၊ သတ္တိရှိတယ်ဆိုတာ ပြချင်လို့ ပဲဖြစ်ဖြစ် တစ်သက်လုံး စွဲသွားစေ မယ့် ဆေးတွေကို ထိုးလေ့ရှိကြပါ တယ်။ အဲဒါတွေကတော့ အမျိုးသား တွေရော၊ အမျိုးသမီးတွေပါ ထိုးလေ့ ရှိတဲ့ တက်တူး လို့ခေါ်တဲ့ ဆေးမင် ကြောင်တွေ၊ မျက်ခုံးမကောင်းတဲ့ အမျိုးသမီးလေးတွေ ထိုးလေ့ရှိတဲ့ မျက်ခုံးထဲ ကို ဆေးထိုးထည့် တာတွေ၊ နှုတ်ခမ်းနီဆိုး စရာ မ လိုဘဲ နှုတ်ခမ်း လေးရဲနေအောင် ထိုးလေ့ရှိတဲ့ နှုတ် ခမ်းထဲ ဆေးထိုးထည့်တာတွေပါ။ လူဆိုတာ အကြိုက်က အမျိုး မျိုး ပြောင်းနေတတ်ကြတာလေ။ ဒီလို တစ်သက်လုံးစွဲသွားစေမယ့်ဆေးတွေ ထိုးထားပြီးမှ မကြိုက်တော့လို့ ဖျက်ချင်ရင် အရင်က ဖျက်လို့မရ ပေမယ့် အခုတော့ လေဆာနဲ့ ဖျက် လို့ရနေပါပြီ။ ဒါကြောင့် ဒီလိုအရာ တွေကို လေဆာနဲ့ဖျက်ပေးတဲ့ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်း ကြီးလမ်း၊ တိုက် ၆၂/အေ၊ အခန်း ၄ မှာရှိတဲ့Face Life Skin Beauty (ဖုန်း-၂၅၄၉၅၇၊ ဝ၉၂၀၃၄၇၄၆) ကို သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ဒီနည်းကတော့
◆ ဖျက်လိုတဲ့နေရာကို ထုံဆေး လိမ်းပြီး ၄၅ မိနစ် ထားပေးရပါတယ်။
◆ ပြီးရင်လေဆာနဲ့ရိုက်ပေးရပါတယ်။
◆ လေဆာနဲ့ရိုက်လို့ အသားက နီရဲသွားပါတယ်။ အဲဒါကို ရေခဲနဲ့ မိနစ် ၃၀ လောက် အုပ်လိုက်၊ ခွာလိုက် လုပ်ပေးရပါတယ်။
◆ ပြီးရင်တော့ ဆေးလေးလိမ်းပေး လိုက်ရုံပါပဲ။ ဒီလို ကုထုံးတစ်ခါ ပြုလုပ်ပြီးတိုင်း အဲဒီနေရာကို ရေတစ်ရက်မထိရပါဘူး။ ပြုလုပ်ပြီးနောက် ၃ရက်မှ တစ် ပတ်လောက်အထိ နေ့စဉ် ဆေးလိမ်း ပေးရပါတယ်။ အဲဒီလို လေးပတ်ကို တစ်ခါ နှုန်းနဲ့ ၅ ခါကနေ ၆ ခါအထိ ပြုလုပ် ရင် လုံးဝပျောက်ကင်းသွားတယ်လို့ သိရှိပါတယ်။
ပန်းသွေးခြယ်
Health Digest
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, September 23, 2012

ဆန်နီနိုကို ထုတ်ပယ်၍ ဂတ်စ်ပီရီနီကို နည်းပြအဖြစ် ခန့်အပ်ခဲ့သည့် ပါလာမို

ပါလာမို အသင်းသည် နည်းပြ ဆန်နီနိုအား ထုတ်ပယ်ခဲ့ပြီး နည်းပြသစ် အဖြစ် ဂတ်စ်ပီရီနီအား ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ပါလာမို အသင်းအား ဇွန်လတွင် စတင်ကိုင်တွယ်ခဲ့သည့် ဆန်နီနိုသည် အသင်းအား (၃)ပွဲသာ ကိုင်တွယ်ခဲ့ရပြီး (၂)ပွဲဆက်တိုက် (၃-၀)ဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ယခုလို ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။ “ဆန်နီနိုကို ပထမ အသင်းရဲ့ နည်းပြအဖြစ်ကနေ ထုတ်ပယ်လိုက်ပါပြီ။ တစ်ချိန်တည်းမှာပဲ ဂတ်စ်ပီရီနီကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး သူဟာ အသင်းကို အင်္ဂါနေ့က စတင်ကိုင်တွယ်မှာ ဖြစ်ပါတယ်”ဟု ပါလာမို အသင်းမှ ကြေငြာခဲ့သည်။ ဂတ်စ်ပီရီနီသည် ဂျူဗင်တပ် လူငယ်အသင်းတွင် အောင်မြင်မှု ရယူနိုင်ခဲ့ပြီးနောက် ဂျီနိုအာ အသင်းအား (၂၀၀၆) မှ (၂၀၁၀)ထိ တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး အင်တာမီလန် အသင်းသို့ ပြောင်းရွှေ့ခဲ့ကာ ယင်းအသင်းတွင် (၅)ပွဲသာ ကိုင်တွယ်နိုင်ခဲ့ပြီး ထုတ်ပယ်ခံခဲ့ရသူ ဖြစ်သည်။

Soccer
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, September 19, 2012

သြစတေးလျတွင် မီးဆင်နှာမောင်း တိုက်

ငရဲ မင်း ကြီး မြေပေါ် ထွက် လာသည် ဟု ဂျပန် တို့  ခေါ် သည့် ဆန်းကြယ် သည့် သဘာဝ ဖြစ် ရပ် တစ်ခု ဖြစ်သော အမြင့် ပေ ၁၀၀ ခန့်  ရှိ မီးဆင်နှာ မောင်း တစ်ခု သည် သြစလေး နိုင်ငံ အလယ် ပိုင်း က အေယာ သဘာဝ ကျောက် တောင် ကြီး တွေ ရှိ တဲ့ နေရာ (Alice Spring) မှာ စက်တင်ဘာ လ ၁၁ ရက်နေ့ က တိုက် ခိုက် ခဲ့ တယ် လို့  ဗီဒီယို မှတ်တမ်း တင်ထား သူ Chris Tangey က ဆစ်ဒနီ မောနင်း ဟာရယ် ကို ပြောပါတယ်။
https://www.facebook.com/photo.php?v=277191562391134
http://www.dailymail.co.uk/news/article-2204468/Pictured-The-frightening-FIRE-tornado-whirled-Australian-outback-40-MINUTES.html#ixzz26oLwihcE


The Voice Journal
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

သွေးတိုးကျစေသည့် စပျစ်သီးခြောက်

အဖွဲ့က နှစ်ပေါင်း ၂၀ ခန့်ကြာ စမ်းသပ် ဖော်ထုတ်ချက် အရ သိရှိ ရသည်မှာ ဖလေဗုန်း (Flavone) ဓာတ်များ ပေါကြွယ်ဝသော အစား အစာ၊ အသီးအနှံ များကို စားသုံးမှီဝဲ ပေးခြင်းအားဖြင့် ပါကင်ဆန်ရောဂါ (Parkinson's Disease) ကို သက် သာစေပြီး ဖြစ်ပွားခံစားရနိုင်ခြေကို လည်း လျော့နည်း သွားစေနိုင် ကြောင်းသိရှိရသည်။
ယင်းဓာတ်များ ပေါကြွယ်ဝစွာ ပါဝင်လျက်ရှိသော စပျစ်သီးအခြောက်ကို နေ့စဉ် ၃ ကြိမ်ခန့်၊ စပျစ်သီးခြောက် ၆၀ လုံးခန့်ကို စားသုံးမှီဝဲပေးလျှင် သွေး တိုးရောဂါအား သိသိသာသာ ကျဆင်းခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ယင်းသုတေသနပြုချက်သည် အမေ ရိကန်နိုင်ငံ နှလုံးရောဂါလေ့လာရေး အဖွဲ့က သွေးတိုးရောဂါဝေဒနာရှင် ပေါင်း ၄၆ဦးကို လက်တွေ့စမ်းသပ် ချက်အရ မှန်ကန်ကြောင်း ထောက်ခံ အသိအမှတ်ပြုခဲ့သည်။
Ref : Sin Chew Daily (Malaysia)
ကေတီအောင်သိန်း(ရန်ကုန်တက္ကသိုလ်)
Health Digest
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဘီယွန်းစ်နှင့် ဂျေးဇီးတို့ ဇနီးမောင်နှံသည် အိုဘားမား ပြန်လည် ရွေးကောက်ပွဲ ဝင်မည့် မဲဆွယ် လှုပ်ရှားမှုတွင် ပါဝင် ကူညီ သွားမည်ဟု သိရ

ဘီယွန်းစ်နှင့် ဂျေးဇီးတို့ ဇနီးမောင်နှံသည် အမေရိကန် သမ္မတ ဘားရတ် အိုဘားမား ပြန်လည် ရွေးကောက်ပွဲ ဝင်မည့် မဲဆွယ် လှုပ်ရှားမှုတွင် ပါဝင် ကူညီ သွားမည်ဟု သိရသည်။ ကမ္ဘာကျော်ဂီတစုံတွဲသည် အမေ ရိကန်၏ သမိုင်းတစ်လျှောက် ပထမဆုံးလူမည်းသမ္မတအဖြစ် မှတ် တမ်းဝင်နိုင်ခဲ့သည့် အိုဘားမား၏ရွေးကောက်ပွဲရံပုံငွေတိုးမြှင့်နိုင်ရန် ကူညီသွားမည်ဖြစ်သည်။
၎င်းတို့သည် ဂျေးဇီးပိုင်ဆိုင်သည့် နယူး ယော့ခ်မြို့ နိုက်ကလပ်တစ်ခုတွင် ရံပုံငွေတစ်ခုကျင်းပပြီး အိုဘားမား အတွက် အလှူငွေထည့်ဝင်ရန် ကောက်ခံသွားမည်ဖြစ်သည်။ လက်မှတ်တစ်စောင်လျှင် ဒေါ်လာလေးသောင်းတန်ပြီး လက် မှတ်နှစ်စောင်ကို သာရောင်းချမည်ဟု ဆိုသည်။
ထိုပွဲမတိုင်မီ ဘီယွန်းစ် က အိုဘားမားကို လိုလားသူများထံ Email ပေးပို့ဖိတ်ကြားထား ခဲ့သည်။ ဂျေးဇီးရော၊ ဘီယွန်းစ်ပါ လက်ရှိအမေရိကန်သမ္မတကို ဒုတိယသက်တမ်းအနိုင်ရရန် မျှော်လင့်နေကြပြီး အနီးကပ်ကူညီပေး သွားရန် ပြင်ဆင်နေသည်။ ၄င်းတို့ရောင်းချမည် ရံပုံငွေရရှိရေး လက် မှတ်များတွင် လေကြောင်းလိုင်းစီးနင်းခွင့်နှင့် ဟိုတယ်များတွင်တည်း ခိုခွင့်စသည်တို့ကို ခံစားခွင့်ပေးထားဖွယ်ရှိနေကြောင်းသိရသည်။
ဘီယွန်းစ်တို့ဇနီးမောင်နှံအနေဖြင့် အိုဘားမားအား အကူအညီ ပေးခြင်းသည် ယခုတစ်ကြိမ်ပထမဆုံးမဟုတ်ခဲ့သလို သမ္မတမိသားစု နှင့်လည်း ရင်းနှီးသောဆက်ဆံရေးမျိုးတည်ထောင်ထားခဲ့သည်။
သမ္မတကတော် မီချယ်လ်အိုဘားမားသည် ဘီယွန်းစ်၏ လူသား ချင်းစာနာမှုဆိုင်ရာလှုပ်ရှားခြင်းများတွင် ပါဝင်ကူညီပေးခဲ့သလို ဂျေဇီး ၏ ဖီလာဒဲလ်ဖီးယားတွင် ယခုလအစောပိုင်းကရိုက်ကူးသော ဗီဒီယို အတွင်း သမ္မတအိုဘားမားပါဝင်ခဲ့ကြောင်းသိရသည်။
ကြယ်စင်(လားရှိုး)
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, September 8, 2012

ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြပါတယ်။ လတ်တလော လေ့လာ မှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင်နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနော ဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင်ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

 အကိုက်အခဲပျောက်စေပါတယ်

ကွမ်းရွက်မှာ အကိုက်အခဲပျောက်တဲ့ အာနိသင်နဲ့ အေးမြစေတဲ့ အာနိသင်တို့ ရှိကြပါတယ်။ ဒါကြောင့် ပြင်းပြင်း ထန်ထန် ခေါင်းကိုက်နေ သူတွေမှာ ခေါင်းကိုက် တဲ့ နေရာပေါ် ကွမ်းရွက်အုပ်ပေးပါက ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေပါတယ်။

 မွေးကျွတ်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အနာစိမ်းနဲ့ မွေးကျွတ်နာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက်တစ်ရွက်ကို နူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ပြီး ကြက်ဆူဆီ သုတ်လိမ်းပေးပါ။ ကြက်ဆူဆီ သုတ်လိမ်းထားတဲ့ ကွမ်းရွက်ကို ရောင်ရမ်းနေတဲ့ မွေးကျွတ်နာ ဒါမှမဟုတ် အနာစိမ်းပေါ် ကပ်ပေးပါ။ ပြီးရင် အဲဒီကွမ်းရွက်ကို နာရီ အနည်းငယ်ကြာတာနဲ့ ဖယ်ရှားပြီး အသစ်ကပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုကပ်ရင်း အနာစိမ်း ဒါမှမဟုတ် မွေးကျွတ်နာက ပေါက်သွားပါလိမ့်မယ်။

 ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်

ကွမ်းရွက်ပြုတ်ရည်ကို သောက်ပေးရင် ဆီးသွားစေတဲ့ အာနိသင်ရှိပါတယ်။ 

အဆုတ် ထိခိုက်မှု ဝေဒနာကို သက်သာစေပါတယ်

ကွမ်းရွက်တွေကို ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာဖြစ်တဲ့ အဆုတ် ထိခိုက်မှု ဝေဒနာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ မုန်ညင်းဆီထဲ စိမ်ထားတဲ့ ကွမ်းရွက်ကို ပူနွေးအောင်ကင်ပြီး အေးသွားချိန်မှာ ရင်ဘတ်ပေါ် ကပ်ပေးရင် ချောင်းဆိုးတာနဲ့ အသက်ရှူမဝတဲ့ ဝေဒနာတို့ကို သက်သာစေပါတယ်။

 အဆစ်ရောင်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အဆစ်ရောင်နာတဲ့ နေရာပေါ်မှာ ကပ်ပေးရင် သက်သာစေပါတယ်။

 အနာကျက်စေပါတယ်

ကွမ်းရွက်ပြုတ်ရည် အနည်းငယ်ကို ထိခိုက်ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးပြီး ပတ်တီးစည်းထားပေးပါက နှစ်ရက်ခန့်အတွင်း အနာကျက်မြန်စေပါတယ်။

 သတိပေးချက် 

ကွမ်းယာကို မကြာခဏ ဝါးစားတာကြောင့် ခံတွင်းမှာ ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။ အကြောင်းကတော့ ကွမ်းယာထဲမှာ ထည့်သုံးတဲ့ဆေးနဲ့ တခြားပါဝင် ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားတတ်သူတွေ အနေနဲ့ ကွမ်းယာကိုတော့ တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။

ကြယ်စင်

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed