စပါးစ် တိုက်စစ်မှူး ဒီဖိုးအား ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလတွင် ပေါင် (၈) သန်းဖြင့် ခေါ်ယူရန် ကျူပီအာ အသင်းမှ ပစ်မှတ်ထား နေကြောင်း Daily Mail သတင်းစာမှ ဖော်ပြချက် အရ သိရှိရသည်။ ကျူပီအာ အသင်းမှာ အဆင့်မှီ တိုက်စစ်မှူး မရှိသောကြောင့် နည်းပြ ၀ါနော့ခ် အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေပြီး အသင်းမှ ယခုလို တိုက်စစ် ကစားသမား ခေါ်ယူခွင့် ပြုခဲ့ခြင်းလည်း ဖြစ်သည်။အဒီဘာယော ရောက်ရှိလာပြီးနောက် ပုံမှန် ပွဲထွက်ခွင့် မရရှိတော့သည့် ပေါင် (၈) သန်းတန် စပါးစ် တိုက်စစ်မှူး ဒီဖိုးကို ခေါ်ယူရန် ၀ါနော့ခ်မှ အဓိက ပစ်မှတ်ထားနေကြောင်း အထက်ပါ သတင်းစာမှ ဖော်ပြခဲ့သည်။ဒီဖိုးကလည်း ရွန်းနီ ပွဲပယ် ပြစ်ဒဏ်ထိထားသည့် အင်္ဂလန် အသင်း၏ ယူရို-၂၀၁၂ လူစာရင်းတွင် ပါဝင်ခွင့် ရရှိရန် အတွက် ပုံမှန် ပွဲထွက် ကစားခွင့် ရရန် လိုအပ်နေသောကြောင့် ၀ါနော့ခ်က အဆိုပါ မက်လုံးဖြင့် အင်္ဂလန် တိုက်စစ်မှူးအား ခေါ်ယူနိုင်ရန် ကြိုးစားဖွယ် ရှိနေသည်။
Sunday, November 6, 2011
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်