Share |
အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် (FA)က ၀ိန်းရွန်နီ၏ ပွဲပယ် ပြစ်ဒဏ်ကို လျှော့ချပေးရန် အတွက် ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA)ထံ အသနား ခံစာ တင်သွင်း လိုက်ပြီဟု အတည်ပြု ကြေညာခဲ့သည်။
FA အနေနှင့် ဥရောပ ဖလား ပြိုင်ပွဲတွင် ရွန်နီ အနေနှင့် (၃)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရမှုကို UEFA က လျှော့ချပေးရန် မျှော်လင့်နေသည်။ FA ၏ ရှေ့နေ အဖွဲ့သည် ရွန်နီ၏ အနီကတ်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက် မှတ်တမ်းများကို လက်ခံ ရရှိပြီးနောက် ယင်းအချက်အလက်များ အပေါ် အခြေခံကာ အသနားခံစာ ပြန်လည် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ရွန်နီသည် မွန်တီနီ ဂရိုးနှင့် ကစားသည့် ဥရောပ ဖလား ခြေစစ်ပွဲတွင် ပြိုင်ဘက် ကစားသမားကို နောက်မှ ရည်ရွယ်ချက် ရှိရှိ ကန်ခဲ့ခြင်းကြောင့် တိုက်ရိုက် အနီကတ် ထိခဲ့သလို (၃)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။
ယင်းပွဲပယ် ပြစ်ဒဏ်ကို FA က ယခုအခါ လျှော့ချနိုင်ရန် မျှော်လင့်နေပြီး ရွန်နီအား အသင်း မန်နေဂျာ ဖေဘီယို ကာပယ်လိုက လူစာရင်းတွင် ရွေးချယ် သွားပါက အုပ်စုပွဲစဉ် (၁)ပွဲစာမျှတွင် ထည့်သွင်း အသုံး ပြုနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ FA အနေနှင့် ယခု ကိစ္စတွင် ပါဝင် ပတ်သက်သည့် မွန်တီနီဂရိုး လက်ရွေးစင် ဇူဒိုဗစ်၏ UEFA ထံ ကိုယ်တိုင် မေတ္တာ ရပ်ခံမှု အတွက်လည်း ရွန်နီ၏ ပြစ်ဒဏ် လျှော့ပေါ့နိုင်ရေး ပိုမို မျှော်လင့်ခွင့် ရလာခဲ့သည်။ ဇူဒိုဗစ်သည် UEFA ထံသို့ ကိုယ်တိုင် စာရေးကာ ရွန်နီ၏ (၃)ပွဲပယ် ပြစ်ဒဏ်ကို သက်ညှာ လျှော့ပေါ့ ပေးပါရန် ပန်ကြား ထားခဲ့ကြောင်း သိရှိရသည်။

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်