![]() မိမိကိုယ်ကိုယ် Special One ဟု ညွှန်းဆို ခဲ့ဖူးသည့် ရီးယဲလ် မက်ဒရစ် နည်းပြက တစ်ချိန်က ပြိုင်ဘက် ဖြစ်ခဲ့သူ စကော့ သားကြီးအား Unique One ဟု တင်စား ဂုဏ်ပြုခဲ့သည်။ ချယ်လ်ဆီးနှင့် အင်တာမီလန် အသင်း များကိုလည်းတာဝန် ယူခဲ့ဖူးသော မော်ရင်ဟိုက ၎င်းသည် မန်ယူကို ကိုင်တွယ်မှု သက်တမ်း (၂၅)နှစ် ပြည့်မြောက်တော့မည့် ဖာဂူဆန်၏ ပရိသတ် တစ်ဦး ဖြစ်ကြောင်းလည်း ဆိုသည်။ ဖာဂူဆန်သည် တနင်္ဂနွေ နေ့တွင် အိုးလ်ထရက် ဖို့ဒ်သို့ ရောက်ရှိမှု ငွေရတု နှစ်ပတ်လည် နေ့ကို ဖြတ်သန်းမည် ဖြစ်သည်။ Special One နှင့် ဆာအဲလက်စ်ဖာဂူဆန် ဖာဂူဆန် အနား ယူချိန်တွင် မန်ယူတွင် ၎င်း၏ နေရာ ဆက်ခံသူ ဖြစ်လာနိုင်ကြောင်း ရေပန်းစား နေသည့် မော်ရင်ဟိုက “ဆာအဲလက်စ်ဟာ မန်ယူ သမိုင်းမှာ ပြိုင်ဘက်ကင်းတဲ့ မန်နေဂျာပါ။ နောက်ပြီး သူ့ကို ဥရောပ ဘောလုံး လောကရဲ့ ပြိုင်ဘက်ကင်း မန်နေဂျာ တစ်ယောက်လို့လည်း သတ်မှတ် ရပါမယ်” ဟု ချီးကျူး ပြောကြားသွားသည်။ မော်ရင်ဟိုကမူ မိမိသည် ဖာဂူဆန် နောက်ထပ် နှစ်ပေါင်းများစွာ မန်ယူတွင် ဆက်ရှိ နေသည်ကိုသာ တွေ့မြင်လိုကြောင်း ဖွင့်ဟခဲ့သည်။ “သူ့ကို လက်ရှိ အလုပ်မှာပဲ မြင်ချင်ပါတယ်။ ခုလို ပျော်ပျော်ရွှင်ရွှင် ရည်မှန်းချက် ကြီးကြီး ပုံစံမျိုးနဲ့ နောက်ထပ် နှစ်ပေါင်းများစွာ ကြာတဲ့ တိုင်အောင်ပေါ့” ဟု ၎င်းက ပြောဆိုသွားသည်။ Tags: |
Sunday, November 6, 2011
ပြိုင်ဘက်ကင်းသည့် မန်နေဂျာဟု ဖာဂူဆန်အား မော်ရင်ဟို ချီးကျူး
Labels:
ဘောလုံးသတင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်