BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, November 6, 2011

အောက်တိုဘာလ အကောင်းဆုံး ဆုများကို ဗန်ပါစီနှင့် မန်စီနီတို့ ရရှိ

Share |
အောက်တိုဘာလ အတွက် ဘာကလေ ပရီးမီးယားလိဂ် အကောင်းဆုံး ဆုများကို ချီးမြှင့်ခဲ့ရာ ခြေစွမ်း ပြနေသည့် တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီက အကောင်းဆုံး ကစားသမားဆု၊ နိုင်ပွဲ ဆက်နေသော မန်နေဂျာ ရောဘတ်တို မန်စီနီက အကောင်းဆုံး မန်နေဂျာ ဆုများ အသီးသီး ရရှိသွားသည်။

အာဆင်နယ် အသင်း၏ နယ်သာလန် လက်ရွေးစင် တိုက်စစ် ကြယ်ပွင့်သည် ချယ်လ်ဆီးအား Hat-Trick သွင်းခဲ့သည့် ပွဲစဉ် အပါအ၀င် အောက်တိုဘာလ အတွင်း (၇)ဂိုး သွင်းနိုင်ခဲ့သည်။ အာဆင်နယ် အသင်း ခေါင်းဆောင်၏ ခြေစွမ်းပုံမှန် ရနေခြင်းသည် ရာသီ အစက ရလဒ် ဆိုးခဲ့သည့် လန်ဒန်ကလပ် အသင်းအတွက် စိတ်ဓာတ်ရေးရာ အရ အကောင်းဆုံး မြှင့်တင်နိုင်မှု တစ်ခုလည်း ဖြစ်လာသည်။ အာဆင်နယ်သည် အဝေးကွင်းတွင် မန်ချက်စတာ ယူနိုက်တက်အား (၈-၂)ဖြင့် ရှုံးခဲ့သဖြင့် ဖိအားများ ၀င်ခဲ့ဖူးသော်လည်း ဗန်ပါစီ၏ ဦးဆောင်မှုဖြင့် ချယ်လ်ဆီးကို အဝေးကွင်းတွင် (၅-၃)ဖြင့် အနိုင် ရခဲ့ရာ စိတ်ဓာတ်ပိုင်း အရ အမြင့်ဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိလာသည်။ ဗန်ပါစီသည် တစ်လတာ အကောင်းဆုံး ဘောလုံးသမား ဆုအပြင် ပရီးမီးယားလိဂ် ယခုရာသီ ပထမဆုံး သွင်းဂိုး (၁၀)ဂိုးပြည့်သည့် အမှတ်တရ ဆုကိုလည်း လက်ခံ ရယူနိုင်ခဲ့သည်။
အကောင်းဆုံး ကစားသမားဆု ရရှိသွားသည့် ဗန်ပါစီ

မန်ချက်စတာ စီးတီး အသင်း၏ အီတလီသား မန်နေဂျာကြီး မန်စီနီမှာမူ ၎င်း၏ အသင်းကို အကောင်းဆုံး ဦးဆောင်ကာ အမှတ်ပေး ဇယား ထိပ်ဆုံးတွင် (၅)မှတ်ဖြတ်ပြီး ရပ်တည် နေစေသဖြင့် ယခုဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ မန်စီနီသည် အိုးလ်ထရက်ဖို့ဒ်တွင် မန်စီးတီးက လက်ရှိ အင်္ဂလန် ချန်ပီယံ မန်ယူကို ဂိုးဒါဇင်ဝက် သွင်းကာ ချေမှုန်းခဲ့သော ပွဲစဉ်တွင် အဓိက ကြိုးကိုင် စီမံသူ တစ်ဦးလည်း ဖြစ်လာသည်။ ယခု ရာသီတွင် မန်စီးတီးသည် ပရီးမီးယားလိဂ်ကို ဗိုလ်စွဲနိုင်ရန် ရေပန်း အစားဆုံး အသင်းတစ်သင်း အဖြစ် အသိအမှတ်ပြု ခံလာရာပြီး (၁၀)ပွဲ ကစားပြီးချိန်တွင် (၉)ပွဲ အနိုင်ရကာ ရှုံးပွဲမရှိ ချီတက်နေဆဲ ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်