ရီးရဲလ်မက်ဒရက် အသင်းမှ ကွင်းလယ်လူ ကာကာသည် အသင်း မှ ထွက်ခွာရန် မရှိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့သည်ဟု သိရသည်။ လက်တလောတွင် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် များဖြစ်သည့် စပါးနှင့် အာဆင်နယ်တို့က ကာကာအား ခေါ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု သတင်း များ ထွက်ပေါ်နေသည်။
ကာကာသည် ရီးရဲလ် နည်းပြ မော်ရင်ညို၏ ကစားကွက် တွင်ပုံမှန် ပွဲထွက်ခွင့်ဆုံးရှုံးနေရသော် လည်း ၄င်းကိုယ်တိုင်ကမူ ရီးရဲလ် အားစွန့်ခွာရန် ဆန္ဒမရှိကြောင်း အခိုင် အမာ ပြောကြားသွားခဲ့သည်။ ၄င်းက ယခင်က ပြောခဲ့သည့်အတိုင်းပင် အသင်း၌ဆက်ရှိနေမည်ဖြစ်ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်အား ပြောင်းလဲ ပစ်မည်မဟုတ်ဘဲ အနာဂတ်တွင် ရီးရဲလ်၌ပင် ဆက်ကစားသွားမည်ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။
ကမ္ဘာ့ အကောင်းဆုံးဘောလုံးသမား ဆုရရှိခဲ့ ဖူးသည့် ကာကာသည် အေစီမီလန် အသင်းမှရီးရဲလ်သို့ ပြောင်းရွှေ့လာခဲ့ပြီး နောက်ပိုင်းတွင် ဒဏ်ရာပြဿ နာများကြောင့် ပုံမှန်ပွဲထွက် ခွင့်ရရန် ရုန်းကန်နေခဲ့ ရသော်လည်း ဘရာဇီး လက်ရွေးစင်အသင်းတွင်မူ ရွေးချယ် ခံနေရဆဲ ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်