BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, September 6, 2011

လူကာမိုဒရစ်အား ချဲလ်ဆီးက ပေါင်သန်း(၄၀)ဖြင့် ထပ်မံ ကြိုးပမ်း

news
ချဲလ်ဆီးအသင်း တာဝန် ရှိသူများသည် စပါး ကွင်းလယ်လူ မိုဒရစ်အား ပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀) ဖြင့် စတုတ္ထအကြိမ် ထပ်မံ ကမ်းလှမ်း ခဲ့ကြောင်း သိရသည်။
ယင်း ကမ်းလှမ်းမှု မတိုင်မီတွင် ပေါင်(၂၂) သန်း၊ ပေါင်(၂၇)သန်း၊ ပေါင်သန်း (၃၀)စသဖြင့် သုံးကြိမ် တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း စပါးအသင်း က အကြိမ်ကြိမ်ပယ်ချခဲ့သဖြင့် ယခုကဲ့သို့ ထပ်မံ ကမ်း လှမ်းခဲ့ခြင်း ဖြစ်သည်။
မိုဒရစ်ကိုယ်တိုင်ကလည်း ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေပြီး ချဲလ်ဆီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျကလည်း အပြောင်း အရွှေ့ရာသီမပိတ်မီ မိုဒရစ်အား ခေါ်ယူ နိုင်ရန် လိုလားကြောင်း သိရသည်။
မိုဒရစ်သည် ၄င်း၏ အပြောင်းအရွှေ့ အားကန့်ကွက် တားဆီးနေသူ စပါးအသင်း ဥက္ကဋ္ဌလီဗိုင်းအား ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ပြီး မန်စီးတီးနှင့် ပွဲစဉ်တွင်လည်း ဝင်ရောက် ကစားရန် ဆန္ဒမရှိကြောင်း နည်းပြရက်နက်ပ် အားတောင်းဆိုခဲ့သည်။
သို့သော် အဆိုပါပွဲစဉ်တွင် နည်းပြရက်နက်ပ်က ဒဏ်ရာရကွင်းလယ်ကစားသမား များပြားနေသည်ကို အကြောင်း ပြ၍ မိုဒရစ်အား ဝင်ရောက်ကစား စေခဲ့ကြောင်း သိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်