လီဗာပူး ကွင်းလယ်ကစားသမား အကွီလာနီသည် အေစီမီလန် အသင်းသို့ တစ်ရာသီအငှားစာချုပ် ဖြင့် ရောက်ရှိ သွားကြောင်း သိရသည်။
အဆိုပါ စာချုပ်ပါ အကြောင်းအရာများအရ အကွီလာနီသည် လာမည့် ၂၀၁၁-၂၀၁၂ ဘောလုံးရာသီ တွင် အေစီအတွက်(၂၅) ပွဲထက်မနည်း ကစားပေးခဲ့မည်ဆိုပါက နှစ်ဖက် သဘောတူညီမှုအရ ညှိနှိုင်း ထားသော ပြောင်းရွှေ့ ကြေးဖြင့် အေစီသို့ အပြီးသတ် ပြောင်းရွှေ့ခွင့်ရမည် ဖြစ်သည်။
၎င်း၏ပြောင်းရွှေ့ကြေး ပမာဏကို နှစ်ဖက်စလုံးမှ ထုတ်ပြန် ကြေညာခြင်းမရှိသော်လည်း အီတလီ မီဒီယာများ၏ အဆိုအရအငှား စာ ချုပ်အတွက် ယူရိုခြောက်သန်းနှင့် အပြီးသတ် ပြောင်းရွှေ့ရန် စာချုပ် ချုပ်ဆိုမည်ဆိုပါက ယူရိုခြောက် သန်း နောက်ထပ်ပေးချေသွားမည် ဖြစ်ကြောင်းသိရသည်။ အေစီမီလန် အသင်းသည် ၄င်းတို့၏ကွင်းလယ် လူဟောင်း ကာကာ ကိုလည်း ပေါင် (၁၅)သန်းဖြင့် ကမ်းလှမ်းထားပြီး ဘာစီကွင်းလယ်လူ ကီတာနှင့် ရီးရဲလ် ကွင်းလယ်လူ ဒီယာရာကိုလည်း ခေါ်ယူရန် ကြိုးပမ်းနေ ကြောင်း သိရသည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်