BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, September 6, 2011

ဖော်လန် အင်တာသို့ ရောက်ရှိ

news
အသလက်တီကိုမက်ဒရစ် အသင်း၏ တိုက်စစ်မှူး ဒီယေဂိုဖော်လန်သည် တိုက်စစ်မှူး အီတူး ထွက်ခွာ သွားသော အင်တာမီလန် အသင်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
၎င်းသည် အပြောင်းအရွှေ့ ကာလစတင်သည့် အချိန်မှစ၍ အက်သလက်တီကိုမှ ထွက်ခွာရန် စီစဉ်နေ ခဲ့ သူဖြစ်ပြီး အင်တာမီလန် အသင်းက အီတူးအား ရုရှားကလပ် အန်ဇီသို့ ရောင်းချပြီးချိန်မှသာ အင် တာ အသင်းထံ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အင်တာမီလန် အသင်းသည် ဖော်လန် အား နှစ်နှစ် စာချုပ်ဖြင့်ခေါ်ယူ လက်မှတ်ထိုးခဲ့ခြင်းဖြစ်ပြီး တစ်နှစ်လုပ်ခ ယူရိုသုံးသန်းရရှိ မည်ဖြစ်သည်။
၎င်း၏ ပြောင်းရွှေ့ကြေးအား နှစ်ဖက်အသင်းက အတိအကျထုတ်ပြန်ကြေညာခဲ့ခြင်း မရှိသော်လည်း စပိန်မီဒီယာများက မူယူရို ခြောက်သန်းဝန်းကျင်ဖြင့်သာ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ကြောင်း ဖော်ပြ ကြသည်။
ဒီယေဂိုဖော်လန်သည် အသက်(၃၂)နှစ်ရှိပြီ ဖြစ်သော်လည်း ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံး ဘောလုံးသမားဆုရရှိသည်အထိ ခြေစွမ်းပြသနိုင်ခဲ့ခြင်းကြောင့် အင်တာ က ခေါ်ယူခဲ့ ခြင်းဖြစ်ကြောင်း၊ အီတူးဝတ်ဆင်ခဲ့သော ကျောနံပတ်ကိုးအား ဆက်လက် ဝတ်ဆင်သွားမည်ဖြစ် ကြောင်း သိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်