လူတိုင်းဟာ ကိုယ့်အသက်ကို တန်ဖိုးထား ကြတဲ့အတွက် ခဏတာ ရရှိလာတဲ့ ဘဝမှာ အသက်ရှည်၊ အနာမဲ့ပြီး နေထိုင် လိုကြတာပဲ မဟုတ် ပါလား။ ဒါပေမယ့် တချို့က အသက် ရှည်တယ်၊ တချိုက အသက်တိုတယ် ဆိုတာ အတိတ်ဘဝ ကုသိုလ် ကံသက်ဆိုင်မှု ရှိသလို ဘဝနေထိုင် စားသောက်ပုံ တွေနဲ့လည်း ဆက် နွယ်မှု ရှိပါတယ်။ ဒီနှစ်ချက်မှာ အတိတ်ဘဝ ကုသိုလ်ကံ ကို ဘယ်သူမှ မမြင်နိုင် တာကြောင့် အသက်ရှည် ကျန်းမာလို သူတိုင်း အနေနဲ့ နေထိုင်စားသောက်ပုံ ဆင်ခြင် ကြမယ် ဆိုရင် သူမလိုပဲ အသက်ရှည်ကြ လိမ့်မယ်လို့ အသက် ရှည်နည်း လျှို့ဝှက်ချက် ကို ဖွင့်ဟလိုက် သူကတော့ လက်ရှိ အမျိုးသမီး ဘက်ဆီကို ပါပဲဖြစ်ပါတယ်။
ဂင်းနစ် အဖွဲ့ရဲ့ ကမ္ဘာ့ အသက် အကြီးဆုံး အမျိုးသမီး အဖြစ် တရားဝင်အသိအမှတ်ပြုခံထား ရတဲ့ မစ္စကိုပါဟာ သူမရဲ့အသက် ၁၁၅ နှစ်မြောက်မွေးနေ့ပွဲကို ဂျော်ဂျီယာ ပြည်နယ် မွန်ရိုးမြို့ သက်ကြီးရွယ်အို ပုဂ္ဂလိကဆေးရုံငယ်တစ်ခုမှာ ကျင်းပပြုလုပ်နိုင်ခဲ့ ပါပြီ။ အသက် ၇၆ နှစ်အရွယ် သားဖြစ်သူ ရဲ့အဆိုအရ သူမဟာ အခုချိန်ထိ ဘာအနာရောဂါမှ မဖြစ်သလိုသတိကလည်း ကောင်းမှ ကောင်း၊ အိပ်ချိန်ကလည်း တစ်နေ့တာအချိန်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ သိရပါတယ်။
မစ္စကိုပါ ကလည်း သူမအခုလို အသက်ရှည် ကျန်းမာရတဲ့ အဓိက အကြောင်းကတော့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ မုန့်ပဲ သွားရေစာတွေ၊ ဆိုးဆေးပါတဲ့ အစားအသောက်၊ အချိုရည်တွေ လုံးဝမစားဘဲ အသီးအရွက်တွေပဲ အဓိကထားစားတယ်လို့ ဖွင့်ဟ သွားခဲ့ပါတယ်။ သားသမီး ၄ ဦးရှိတဲ့ သူမမှာ အခုဆိုရင်မြေး ၁၂ ဦး၊မြစ်နဲ့ တီစုစုပေါင်း ၁၂ ဦးတောင်ရှိနေပြီဖြစ်တာကြောင့် အတိတ် ကုသိုလ်ကံ လည်းကောင်း၊ နေထိုင် စားသောက်ပုံကလည်း ရိုးရှင်းတဲ့သူမလို ကျင့်ကြံနိုင်မယ်ဆိုရင် အသက်ရှည်၊ အနာမဲ့ခြင်း ဆုလဒ်ကို ပိုင်ဆိုင်ခွင့်ရကြမှာပါ။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်