သူနဲ့ ဂျာမနီ အသင်း သားတွေကို မိန်းမလျာ(ဂေး) တွေလို့ မကြာခဏ စွပ်စွဲမှု တွေကြောင့် စိတ်ညစ် နေတဲ့ ဖိလစ်လမ်းက သူဟာ လုံးဝဂေး တစ်ဦး မဟုတ်ကြောင်း သူ့ရဲ့ ကိုယ်ရေး အတ္ထု ပ္ပတ္တိုထဲမှာ ရှင်းလင်း သွားခဲ့သလို မီဒီယာ တွေကို လည်း ပေါ် ပေါ်တင်တင်ပဲ ဖွင့်ဟ သွားခဲ့ပါတယ်။
ဖိလစ်လမ်းက “ပထမ ဆုံးရှင်း ချင်တာက ကျွန်တော်ဂေး တစ်ယောက် မဟုတ်ပါ ဘူး၊ အဲဒီလိုပဲ ဂျာမနီ အသင်းသား တွေထဲမှာ လည်းဂေးတစ်ယောက် မှမပါပါဘူး၊ ဒီအကြောင်းကို ကျွန်တော်ရှင်း ရတဲ့ အကြိမ် အရေ အတွက် တော်တော် များနေပါပြီ” လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဖိလစ်လမ်းက သူဟာ အတူနေ ချစ်သူ ကလူဒီယာကို လက်မထပ်ရတဲ့ အကြောင်း အရင်းက ပွဲဆက်တွေ အရမ်းများ နေတာ ကြောင့်ဖြစ်ပြီး အချိန် တန်ရင် သူတို့နှစ်ဦးသေချာ ပေါက် လက်ထပ်မှာလို့ လည်း ဆိုခဲ့ပါတယ်။ ပြီးတော့ လမ်းက သူဟာ ဂေးတစ်ဦးမဟုတ်ပေမယ့်ဂေးတွေရဲ့ဘဝဟာသာမန် လူတွေနဲ့ အတူတူပဲလို့ ခံယူထား ပါတယ်လို့ ပြော ခဲ့ပြန်ပါ တယ်။
ဖိလစ်လမ်းရဲ့ အဆိုအရ ဘောလုံး လောကထဲမှာ ဂေးတွေရှိ နေခဲ့ ရင်လည်း ရဲရဲဝံ့ဝံ့နဲ့ဝန်ခံပြီး ဆက်လက်ရပ်တည် သွားဖို့ အခွင့်အရေး တွေပေးသင့်တယ် လို့တောင်းဆို သွားပါ တယ်။ ဂေးတွေရဲ့ ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး လမ်းက “ဘောလုံး လောက အတွင်းမှာ ဂေးတွေ ရှိနေခဲ့ရင်လည်း ဒါဟာပြဿနာ မဟုတ်ပါဘူး၊ ဂေးဖြစ်ရတာ ဂုဏ်ငယ်စရာ မဟုတ်လို့ ဂေး တစ်ယောက် အဖြစ် မားမား မတ်မတ် ရပ်တည်ပြီး ဘောလုံး ကစားခဲ့တဲ့ ဖာရှာနုလို လူမျိုးကို အတုယူ သင့်ပါတယ်၊ သူဟာ ဘောလုံး လောက အတွင်းက ဂေးတွေအတွက်တော့ စံပြပုဂ္ဂိုလ် ပါပဲ” လို့ သုံးသပ် သွားခဲ့ပါတယ်။
ဖိလစ်လမ်းညွှန်းဆိုခဲ့တဲ့ ဖာရှာနုဟာဆိုရင် နောရစ်ခ်ျ၊ မန်စီးတီး၊ ဝက်စ်ဟမ်း၊ နယူးကာဆယ်တို့မှာ ကစားခဲ့ဖူးတဲ့ ကစားသမား ကောင်း တစ်ဦးဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် ဘောလုံး လောကမှ အနားယူပြီးချိန်တွင် ကိုယ့်ကိုယ်ကို အဆုံး စီရင်ခဲ့သူတစ်ဦးလည်း ဖြစ် ပါတယ်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်