BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, September 6, 2011

ကမ္ဘာ့ငွေကြေး အဆင့်အတန်းနှင့် ဒေါ်လာငွေ

news
အမေရိကန်နိုင်ငံမှာ ကြွေးမြီ ဘောင် ကန့်သတ်ရေး တိုးမြှင့်ဖို့ ငြင်းခုံ ခဲ့ကြတဲ့အခါ အမေရိကန် ဒေါ်လာ ငွေဟာ ကမ္ဘာသုံး ငွေကြေးအဖြစ် ရပ်တည်နိုင်စွမ်း မရှိတော့ဘူးလို့ တချို့ ကွန်ဂရက် အမတ်တွေက ဝေဖန် ထောက်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်သူမှ ဒေါ်လာငွေနေရာမှာ အစားထိုးနိုင်မယ့် တခြား ငွေကြေး အမျိုးအမည်ကို မညွှန်ပြနိုင်သေးဘဲ ရှိနေခဲ့ပါ တယ်။
လွန်ခဲ့တဲ့နှစ် အနည်းငယ်တုန်းက ဒေါ်လာငွေအခြေယိုင်သွားရင် ယူရိုငွေကြေးက အစားတာဝန် ယူနိုင် တော့ မလိုလိုဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ထင်သလိုဖြစ်မလာခဲ့ပါဘူး။ တရုတ် နိုင်ငံရဲ့ ယွမ်ငွေက လည်း ကမ္ဘာ့ငွေကြေးဈေးကွက်မှာ လွတ်လွတ်လပ်လပ် ရောင်းဝယ်နိုင်တဲ့ အခြေအနေမရှိတဲ့အတွက် ဒေါ်လာကို အစားထိုးလို့မဖြစ်နိုင်သေး ဘဲရှိနေပါ တယ်။ လောလောဆယ် ရင်းနှီးမြှုပ်နှံသူတွေက ဆွစ်ဖရန့်ငွေနဲ့ ဩစတြေးလျ ဒေါ်လာငွေတွေကို စိတ်ချရတဲ့ ငွေကြေးတွေ အဖြစ် ဝယ်ယူ ရင်းနှီး မြှုပ်နှံ လာနေကြပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံ တွေကလည်း ဝယ်ယူအားရှိသလောက် ငွေချေး စာချုပ်တွေကို ထုတ်မရောင်းနိုင်ဘဲ ရှိနေပါတယ်။
အစဉ်အလာအရ အမေရိကန် ဒေါ်လာအစား အသုံးပြုနိုင်တဲ့ငွေ ကြေးအနေနဲ့ ယူရို၊ ဂျပန်ယန်းနဲ့ ဆွစ်ဖရန့် ငွေတွေဖြစ်ခဲ့ပေမယ့် ယခု အခါ ဩစတြေးလျနဲ့ နယူးဇီလန် ဒေါ်လာတွေလို ကြွေးမြီအဆင့် A သုံးလုံးရှိတဲ့ ငွေကြေးတွေက တ ဖြည်းဖြည်းနေရာ ရလာတာကို တွေ့ ရပါတယ်။ လက်ရှိအခြေအနေမှာ အရွယ်အစားနဲ့ ငွေဖြစ်လွယ်မှုအရ အမေရိကန်ဒေါ်လာကို ယှဉ်ပြိုင်နိုင် တဲ့ ငွေကြေးဈေးကွက် ဒါမှမဟုတ် ဘွန်း(Bond)စာချုပ်ဈေးကွက်မ ရှိသေးပါဘူး။ ဒါပေမယ့် အမေရိကန် နိုင်ငံရဲ့ ကြွေးမြီအဆင့်အတန်းဟာ A သုံးလုံး ကနေ A နှစ်လုံးကို ကျဆင်းသွားခဲ့တဲ့အတွက် A သုံးလုံး အဆင့်အဖြစ် ရပ်တည်နေတဲ့ ဩစ တြေးလျ၊ ကနေဒါ၊ နော်ဝေနဲ့ ဆွီဒင် နိုင်ငံတွေရဲ့ ငွေကြေးတွေဟာ ခိုင်မာ တဲ့ကုန်စည် ဈေးနှုန်းရဲ့ အကျိုးကို ရရှိလာနိုင်ပါတယ်။
ယခုအခါ နိုင်ငံအတော်များ များဟာ မိမိတို့ရဲ့ အရန်ငွေကြေးကို အမေရိကန်ဒေါ်လာအစား တခြား နိုင်ငံငွေကြေးတွေနဲ့ ပိုမိုစုဆောင်း လာနေကြတဲ့အတွက် အမေရိကန် ဒေါ်လာ နဲ့ ကုန်သွယ်ရေးရှင်းတမ်း ရှင်းလင်းရာမှာ လျော့နည်းလာခဲ့တာ တွေ့ရပါတယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အဆိုအရ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကမ္ဘာ့နိုင်ငံခြား အရန်ငွေ ပမာဏမှာ အမေရိကန်ဒေါ်လာငွေကြေးရဲ့ ဝေစု ဟာ ၇၀ ရာခိုင်နှုန်းကနေ ၆၀ ရာ ခိုင်နှုန်းအထိကျဆင်းသွားတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် အတွင်း အမေရိကန် နိုင်ငံဟာ ဖွံ့ ဖြိုးရှင်သန်တဲ့ ဘဏ္ဍာရေးပေါ်လစီ ကို ကျင့်သုံးနိုင်ခဲ့ခြင်းမရှိတာ တွေ့ ရပါတယ်။ အသုံးစရိတ်တွေများပြား လွန်းတာကြောင့် မဟုတ်ဘဲ ၂၀ဝ၀ ပြည့်နှစ်လောက်ကစပြီး အခွန်လျှော့ ချ၊ ဖြတ်တောက်တဲ့ အစီအစဉ်တွေ ကြောင့် နိုင်ငံရဲ့ဘဏ္ဍာရေး အခြေအနေဟာ လိုငွေများစွာနဲ့ အနိမ့်ဆုံး အဆင့်ကို ကျဆင်းလာခဲ့ရပါတယ်။ အဲဒီအခြေအနေကို ကယ်တင်တဲ့ အစီအစဉ်တွေ မအောင်မြင်ခဲ့တဲ့ အတွက်နောက်ဆုံးမှာြွေကးမြီ အကျပ်အတည်းကို ဆိုက်ရောက် လာခဲ့ရပါတယ်။ ဒါဟာ ကမ္ဘာသုံး ငွေကြေးအဆင့်အတန်းကနေ အမေရိကန် ဒေါ်လာငွေလျော့ကျလာပြီး အခြေယိုင်လာတဲ့အကြောင်းရင်း ကြီးတစ်ခုဖြစ်ပါတယ်။
နိုင်ငံတွေရဲ့ အရန်ငွေကြေးမှာ အမေရိကန်ဒေါ်လာငွေကြေးရဲ့ အချိုးအစား ကျဆင်း လာတာဟာ အမေရကန်နိုင်ငံမှာ ရေရှည်ဘတ်ဂျက်လို ငွေပြလာတဲ့အတွက် ဒေါ်လာငွေရဲ့ တည်ငြိမ်မှုနဲ့ တန်ဖိုးအပေါ်ယုံကြည် မှုကျဆင်းလာတာကို ပြဆိုနေပါတယ်။ ဒါပေမယ့် အမေရိကန် ဒေါ်လာကနေ အမျိုးမျိုးခွဲထွက်ဖို့ ဆိုတာ လွယ်ကူတဲ့ ရွေးချယ်မှုတော့ မဟုတ်ပါဘူး။ လောလောဆယ် အမေရိကန်ဒေါ်လာငွေကြေးလို အမြောက်အမြားအသွင်းအထုတ် လုပ်နိုင်ပြီး၊ ငွေဖြစ်လွယ်တဲ့ ငွေ ကြေးမျိုးကမ္ဘာမှာ မရှိသေးတာ ကြောင့် ဖြစ်ပါတယ်။ တချို့က ပထမကမ္ဘာစစ်အထိ ရပ်တည်ခဲ့တဲ့ ရွှေကိုပဲ ကမ္ဘာသုံးငွေကြေး အဖြစ် ပြန်လည်သုံးစွဲဖို့ ထောက်ပြကြ ပါတယ်။ ရွှေရဲ့တန်ဖိုးဟာ အစိုးရ တွေ၊ ဗဟိုဘဏ်တွေရဲ့ အလိုဆန္ဒ ကနေ ကင်းလွတ်နေပေမယ့် ရွှေ တွင်းတူးသမားတွေရဲ့ ကံကြမ္မာပေါ် မှာမူတည်နေတဲ့အတွက် အမြောက် အမြားထုတ်လုပ်ဖို့မလွယ်ပါဘူး။ ဒါကြောင့်လာမယ့် အနှစ် (၂၀-၃၀) လောက်အထိ အမေရိကန်ဒေါ်လာ ဟာ ကမ္ဘာ့အရန်ငွေကြေးနေရာမှာ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဗဟိုဘဏ်တွေဟာ တွေ့ကြုံရမယ့် အန္တရာယ်တွေကို အမျိုးမျိုးခွဲခြားစိတ်ဖြာပြီး အရန် ဒေါ် လာ ငွေကို လျှော့ချလာကြဖို့ရှိပါ တယ်။ စွန့်စားပြီးတခြား နိုင်ငံခြား အရန်ငွေကြေးတွေကို ခွဲဝေထားရှိ လာနိုင်ပါတယ်။ ဒီအခါ ကြွေးမြီ အဆင့် A သုံးလုံးရှိတဲ့ နိုင်ငံတွေနဲ့ တရုတ်ယွမ်ငွေဟာ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ ယခုထက်ပိုမိုနေရာ ရရှိလာနိုင်ကြောင်းပါခင်ဗျား။ ။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်