ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ပြီးခဲ့သည့် တနင်္လာနေ့က ဧရာမ မိကျောင်း တစ်ကောင်ကို ရွာသား များနှင့် ကျွန်းကျင် အမဲလိုက် မုဆိုးများက ဖမ်းဆီး ရရှိခဲ့ကြောင်းနှင့် အဆိုပါ ဧရာမ မိကျောင်း ကို ဖိလစ်ပိုင် တောင်ဘက်ပိုင်းရှိ ခရီးသွားဧည့်သည်များ ကြည့်ရှုနိင်ရန်အတွက် ကျယ်ဝန်းသော သဘာဝ ပတ်ဝန်း ကျင် ပန်းခြံတွင် ထားရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြို့တော်ဝန် Edwin က ပြောကြားခဲ့သည်မှာ ရွာသားများနှင့် ကျွမ်းကျင်သူများက Agusan del Sur ပြည်နယ်၊ ဘူနဝန်မြို့ရှိ ချောင်းစွယ်တစ်ခုတွင် ၆.၄ မီတာရှည်သော အဆိုပါ မိကျောင်းကို လွန်ခဲ့သော သုံးပါတ်လောက် ကတည်းက ဖမ်းမိထားကြောင်း ပြောကြားသွားပါသည်။ ပြီးခဲ့သည် နှစ်များမှ ဖမ်းဆီးရခဲ့သော မိကျောင်းများထက် အဆပေါင်းများစွာ ကြီးမားပြီး၊ အရွယ်အစား အကြီးဆုံး မိကျောင်း အနေဖြင့် စံချိန်တင်ထားပါသည်။ အဆိုပါ ဧရာမ မိကျောင်းသည် ပြီးခဲ့သည့် အပတ်က ကျွှဲရိုင်းတစ်ကောင်ကို ရေထဲတွင် သတ်နိုင်ခဲ့ပြီး၊ ဇူလိုင်လလောက်က ပင်လယ်ထဲတွင် ပျောက်ဆုံးနေသော ငါးဖမ်းသမားတစ်ဦးကိုလည်း အဆိုပါ မိကျောင်းက သတ်ဖြတ်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
အဆိုပါ မိကျောင်းကို ဖမ်းမိနိင်ရန်အတွက် အမဲလိုက်မုဆိုးများမှာ ပထမဦးစွာ ထောင်ချောက် (၄) ခုကို ပြင်ဆင်ထားသော်လည်း၊ ၄င်းထောင်ချောက်မှာ မိကျောင်း၏ တုန့်ပြန်မှုကြောင့် ပျက်စီးသွားခဲ့သည်။ ဒုတိယအကြိမ် စတီးသံကြိုးများကို အသုံးပြုပြီး ထောင်ချောက်များကို ပြန်လည်ပြင်ဆင်မှသာ ပြီးခဲ့သည် စနေနေ့က ဖမ်းဆီးနိုင်ခဲ့ပါသည်။
အလေးချိန် ပေါင် ၂၃၇၀ ရှိသော မိကျောင်းကို လူတစ်ရာကျော်က ကရိန်းဖြင့်မပြီး၊ ကုန်ကားဖြင့် သယ်ဆောင်ခဲ့ရကြောင်း သိရှိရသည်။
မိကျောင်းကို ဖမ်းဆီးနိုင်ခဲ့သော်လည်း ရွာသား များသည် နောက်ထပ် မိကျောင်းများ အန္တရယ်ကို စိုးရိမ်နေလျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်