BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, May 31, 2012

မြန်မာကျောင်းသားများ အတွက် တစ်နှစ် အခမဲ့နေထိုင်ခွင့်ပေးမည့် UK တက္ကသိုလ်

မြန်မာကျောင်းသားများ အတွက် တစ်နှစ်အခမဲ့ နေထိုင်ခွင့်ပေးမည်ဟု UK တက္ကသိုလ် တစ်ခုမှ ကမ်းလှမ်းမြန်မာ ကျောင်းသား/ ကျောင်းသူများ အနေဖြင့် UK တွင် လာရောက် ပညာ သင်ကြားမည် ဆိုပါက တစ်နှစ် အခမဲ့ နေထိုင်ခွင့် ပေးမည်ဟု ဝေးလ်၏ နာမည်ကြီး တက္ကသိုလ် တစ်ခု ဖြစ်သော Glyndwr University မှ ကမ်းလှမ်းထားကြောင်း Crown Education ၏ ကြေညာချက် အရ သိ ရသည်။
မြန်မာနိုင်ငံမှ တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီးသော လူငယ်များမှာ ပထမ အဆင့် အဖြစ် Wales International Study Center ၌ Foundation အဆင့်ကို စတင် သင်ကြားကာ ပထမ နှစ်အား UK ရှိ တက္ကသိုလ် ၁၁ ခု တွင် ရွေးချယ် တက်ရောက်ခွင့် ရရှိ မည်ဖြစ်သည်။
အဆိုပါ တက္ကသိုလ် ၁၁ ခု အနက် Glyndwr University တွင် တက်ရောက်မည် ဆိုပါက တစ်နှစ် အခမဲ့ အဆောင် နေထိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း Crown Education မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ သည်။
Crown Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်း က "နိုင်ငံတကာကျောင်းသားတွေ အတွက် ရွေးချယ် ပေးအပ်တဲ့ Glyndwr University ရဲ့ အစီအစဉ် တစ်ခု ပါ။ မြန်မာနိုင်ငံက ကျောင်းသား တွေအတွက် ကျောင်းဝင်ခွင့်ကိုက် ညီတဲ့ မည်သူမဆို တစ်နှစ်စာနေ ထိုင်ခွင့် အခမဲ့အတွက် ရာနှုန်း ပြည့်အာမခံပြီး ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းတက္ကသိုလ်တွင် အိုင် တီ၊ အင်ဂျင်နီယာနှင့် စီးပွားရေး ဆိုင်ရာ ဘာသာရပ်များ သင်ယူနိုင် ပြီး ပထမနှစ် အတွက် အဆောင် နေခွင့်မှာ အခမဲ့ ဖြစ်သောကြောင့် ကျောင်းလခပေါင် ၆,၉၀ဝ သာ ကုန်ကျမည်ဖြစ်သည်။ အသေးစိတ် အချက်အလက် များကို သိရှိလိုပါက Crown Education, Summit Parkview Hotel ဖုန်း-ဝ၉- ၇၃၂၇၃၂၇၇ နှင့် ဝ၉-၅၀၈၅၁၈၅ ထံသို့ ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ကြောင်း သိရှိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

တောင်ကိုရီးယား နိုင်ငံရဲ့ ဆွန်းဒို မြို့ပြစီမံကိန်း

ကမ္ဘာ့စံပြ ဖြစ်လာမယ့် အဆင့်မြင့် နည်းပညာ မြို့တစ်မြို့မြို့ပြ အသစ် တွေကို ဖန်တီး တည်ဆောက် လာကြတယ်။ ယခုတင် ပြတဲ့ မြို့ပြ အသစ်ဟာ လက်စ မသတ်ရ သေးပေမယ့် လူဦးရေ ၂၀ဝ၀ဝ ခန့် နေထိုင် နေကြပြီလို့ ဆိုတယ်။ ဒါက အနောက်မြို့ပြတွေအတွက် နည်းပညာ အမြင့်မားဆုံး အိမ်ခြံမြေဈေးကွက် ဖြစ်လာလိမ့်မယ်။
ဆွန်းဒိုမြို့ပြရဲ့ လမ်းတွေဟာ ကန္တာရ ဆန်လွန်းတယ်။ ဒီမြို့ပြဟာ အနာဂတ် မြို့ပြ ဖြစ်တယ်။ ၂၀၁၂ နှောင်းပိုင်းမှာ နောက်ထပ်ရောက် ရှိလာမယ့် လူဦးရေ ၅၀ဝ၀ ထပ်ဆောင်းရင်တော့ ၂၇၀ဝ၀ ခန့် ရှိလာ လိမ့်မယ်။ ၂၀၁၅ မှာ လက်စသတ်မယ့် ကမ္ဘာ့အဆင့်အမြင့်ဆုံးမြို့တော် မှာ လူဦးရေ ၆၅၀ဝ၀ ရှိလာမယ်လို့ဆိုတယ်။ ဒီမြို့တော်ရဲ့ လမ်းတွေ၊ ဥယျာဉ်တွေနဲ့ မျှော်စင်တွေ တည်ဆောက်တဲ့ စိတ်ကူးဥာဏ်တွေ ကောင်းမွန် တယ်လို့ သုံးသပ်ကြတယ်။
၂.၄ စတုန်ရန်းမိုင် ဧရိယာပေါ်မှာ ဒီမြို့ပြအသစ်ကို တည်ဆောက် နေကြတယ်။ ဆိုးလ်မြို့တော်ရဲ့ အနောက်ဘက် ၃၅ မိုင်ခန့် ကွာဝေး တဲ့ ပစိဖိတ်သမုဒ္ဒရာထဲရှိ လူသားတွေ ဖန်တီးတဲ့ကျွန်းပေါ်မှာ တည်ဆောက် နေခြင်း ဖြစ်တယ်။ ဆိုးလ်မြို့တော်မှရှုမြင်နိုင်တဲ့ အဲဒီမြို့ပြမျိုးတွေဟာ အမေရိကန်နိုင်ငံမှာလည်း ပေါ်ထွက်လာလိမ့်မယ်။ လူသားမျိုးနွယ်တွေ ဟာ ပိုမိုအဆင့်မြင့်တဲ့ မြို့တော်တွေ လိုအပ်လာလိမ့်မယ်။
ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးရဲ့ ဟောကိန်းအရဆိုရင် ၂၀၅၀ ပြည့်နှစ်မှာ ကမ္ဘာ့ လူ ဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ မြို့တော်တွေမှာ နေထိုင်လိမ့်မယ်လို့ သိ ရှိရတယ်။ အဲဒီအချိန်မှာ ကမ္ဘာ့လူဦးရေ ၉.၂ ဘီလျံရှိတဲ့အနက် ၆.၄ ဘီလျံက မြို့ပြသားတွေ ဖြစ်လာမယ်။ လက်ရှိ အနေအထားမှာလည်း ကမ္ဘာ့လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း ဟာ မြို့ပြတွေမှာ မှီတင်းနေထိုင်ကြတယ်။
တောင်ကိုရီးယား နိုင်ငံရဲ့ ဆွန်းဒို မြို့ပြစီမံကိန်းကို ၂၀ဝ၀ ပြည့်နှစ်မှာ စတင်ခဲ့တယ်။ အကြီးမား ဆုံး အိမ်ခြံမြေ တည်ဆောက်ရေး လုပ်ငန်းကြီးပဲ။ အမေရိကန် အိမ်၊ ခြံ၊ မြေ ကုမ္ပဏီကြီးရဲ့ ရင်းနှီးမြှုပ်နှံမှု အများစု ပါဝင်နေတယ်။ ဒီမြို့တော် မှာ လူသားချင်းမျှသာ ဆက်သွယ်နိုင်မှာ မဟုတ်ဘဲ အိမ်၊ ကား စသ ဖြင့် အရာဝတ္ထုတွေချင်း ချိတ်ဆက်ထားတဲ့ အင်တာနက်စနစ်တပ်ဆင် ထားတယ်။
ဒီမြို့တော်ရဲ့ လမ်းမကြီးတွေ၊ လမ်းသွယ်တွေနဲ့ အဆောက် အဦတွေမှာ အာရုံခံကိရိယာတွေ တပ်ဆင်ထားတယ်။ အဲဒီအာရုံခံကိရိယာ တွေက ပေးပို့တဲ့ဒေတာတွေကို ဗဟိုထိန်းချုပ်ရေးဌာနမှ လက်ခံရယူပြီး ဒီမြို့တော်ရဲ့လမ်း၊ အဆောက်အဦ၊ ယာဉ်ကြောဆိုင်ရာ ပြဿနာတွေကို ရှင်းလင်းပေးမယ်။ မြို့တွင်းမြို့ပြင် အပူချိန်ကိုလည်း ရယူစုဆောင်းပြီး အမြဲလေ့လာဆန်းစစ်သမှု ပြုနေလိမ့်မယ်။
လမ်းတွေမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကလည်း လမ်းဘေးပလက်ဖောင်းပေါ်မှာ လမ်းလျှောက်သူ၊ စက်ဘီးစီးသူ ဘယ်လောက် ရှိတယ်ဆိုတာကို မှတ်တမ်း ရယူပြီး လူအသွားအလာ မရှိတဲ့လမ်းတွေက ဓာတ်မီးတိုင်တွေလို မှိန်ပျပျသာလင်းစေမယ်။ လူသွားအလာများ တဲ့လမ်း တွေကိုတော့ ပိုပြီး တောက်ပ လင်းလက် နေအောင် မြှင့်တင်ပေးလိမ့်မယ်။ ယနေ့မြို့ပြတိုင်းမှာတွေ့ကြုံနေရတဲ့ ယာဉ်ကြောပိတ်ဆို့တဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့တီထွင်ဆန်းသစ်တဲ့ နည်းလမ်းဖြင့် မြို့ပြကို ပုံစံဒီဇိုင်းဖော် တည်ဆောက်ထားတယ်။
ရေဒီယိုကြိမ်နှုန်းသုံး ခွဲခြားစိစစ်ကိရိယာ (RFID) က မော်တော်ယာဉ် တိုင်းရဲ့ နံပါတ်ပြားတွေနဲ့ ချိတ်ဆက်ထားတယ်။ ဆွန်းဒိုမြို့တော်ရဲ့ အဓိကကျတဲ့ အရာတိုင်းကို အဆင့်မြင့်နည်းပညာနဲ့ ချိတ်ဆက်တည် ဆောက်ထားခြင်းဟာ ထင်ရှားတဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် ထင်သာ မြင်သာရှိတယ်။ သဘာဝပတ်ဝန်းကျင်ကို အနည်းငယ်မျှသာ ထိခိုက် စေပြီး မြို့ပြတည်ဆောက်တဲ့ နည်းလမ်းသစ်ကို အသုံးပြုခြင်း ဖြစ်တယ်။
လူသားတွေ လိုအပ်တဲ့ အရေးအကြီးဆုံးလည်းဖြစ် အခြေခံ အကျဆုံး လည်းဖြစ်တဲ့ သဘာဝအရင်းအမြစ် ကတော့ ရေပါပဲ။ ၂၀ဝ၆ ခုနှစ်မှာ ထုတ်ပြန်တဲ့ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ အမေရိကန်မြို့ပြတွေရှိ လူတိုင်းဟာ နေ့စဉ်ရေပမာဏ ၅၇၅ လီတာ အသုံးပြုနေတယ်လို့ သိရတယ်။ ဒါကြောင့် မြို့ပြတိုင်းဟာ ရေအရင်း အမြစ်တွေကို ထုတ်ယူသုံးစွဲကြလိမ့်မယ်။ ဒါပေမဲ့ ဆွန်းဒိုမြို့တော်မှာ တော့ မိုးရေသိုလှောင်တဲ့စနစ်၊ စွန့်ပစ်ရေ ပြန်လည်သန့်ရှင်းအသုံးပြု ရေးစနစ်တွေ ဖန်တီး ထားတာကြောင့် လက်ရှိမြို့ပြသားတွေရဲ့ရေ အသုံးပြု မှုပမာဏရဲ့ ၁၀ ပုံ ၁ပုံမျှသာရှိလိမ့်မယ်။
အမိုးတွေပေါ်မှာ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေ ထားရှိတာကြောင့် အမိုးပေါ်ကျတဲ့ ရေတွေကို အလဟဿ မဖြစ်စေတော့ဘူး။ ဒီစိုက်ခင်းတွေက နေရောင်ခြည်ရဲ့ အပူဓာတ်ကို စုပ်ယူထားတာကြောင့် ပတ်ဝန်းကျင်ကို အေးမြနေစေတယ်။ ဒီမြို့တော်ရဲ့ စွန့်ပစ်ပစ္စည်းအစိုနဲ့ အခြောက်နှစ်မျိုးစလုံးကို တိုက်ရိုက်စွန့်ပစ်ဖျက်ဆီးတဲ့ နည်းစနစ်ဖန်တီးထားတာကြောင့် မော်တော်ယာဉ်တွေနဲ့ သယ်ယူစွန့် ပစ်စရာမလိုအပ်တော့ဘူး။
ဒီမြို့တော် တည်ဆောက်တဲ့ တီထွင်ဆန်းသစ်မှုတွေဟာ အဆင့် မြင့်မြို့တော် တည်ဆောက်ရေး အတွက် အသုံးဝင်တာ မှန်ပေမယ့်အမှန်တ ကယ် ဆန်းသစ် ကွဲပြားပြီ လို့တော့ မပြောနိုင်သေးဘူး။ ယနေ့ကမ္ဘာမှာ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ မြို့ပြသစ်တည်ဆောက်ရေးတွေစတင်လှုပ်ရှား လာကြပြီ။ အထူးသဖြင့် ဥရောပနဲ့ မြောက်အမေရိက တို့မှာ ထွန်းကားနေ တယ်။
တခြားမြို့ပြတွေမှာလည်း လျှပ်စစ်စွမ်းအင်ထောက်ပံ့မှုနဲ့ အသုံးပြုမှု ဆိုင်ရာ သတင်းအချက်ကို ရယူဖြန့်ဖြူးတဲ့ လျှပ်စစ်လိုင်းပုံစံတွေဖန်တီးထား တဲ့ အခြေခံအဆောက်အဦတွေ ခင်းကျင်းထားကြပြီ ဖြစ်တယ်။ အစ္စရေးအခြေစိုက် ကုမ္ပဏီတစ်ခုကလည်း ကားလမ်းအောက်မှာကိရိယာငယ်တွေ တပ်ဆင်ထားပြီး လျှပ်စစ်ဓာတ်ထုတ်ယူတဲ့ ပုံစံဒီဇိုင်း ရေးဆွဲထားတဲ့ မြို့ပြစနစ်ကို တင်ပြခဲ့တယ်။ မော်တော်ကား မောင်းတဲ့ လမ်းတစ်လျှောက်မှာ မော်တော်ကားရဲ့ ကတ္တရာလမ်းမအပေါ်သက်ရောက် တဲ့ ဖိအားကို အသုံးပြုပြီး လျှပ်စစ်ထုတ်ယူတဲ့ နည်းပါပဲ။
အဲဒီလျှပ်စစ် ကို ဘက်ထရီနဲ့ သိုလှောင်ပြီး ပင်မဓာတ်အားလိုင်းတွေထဲ ပြန်လည် ဖြည့်တင်းပေးတဲ့ စနစ်ဖြစ်တယ်။ လက်ရှိမှာတော့ ရထားလမ်းကွန်ရက် တွေမှာ ဒီကိရိယာတွေအသုံးပြုပြီး စမ်းသပ်လေ့လာနေတယ်။ မြေအောက် မီးရထားလမ်းတွေနဲ့ မျက်နှာကြက်နဲ့ နံရံတွေမှာ တာဘိုင်အငယ်စားလေး တွေကို ချိတ်ဆက်တပ်ဆင်ထားတဲ့ ကွန်ရက်ကိုအသုံးပြုပြီး စမ်းသပ်မှုတွေ လည်း ရှိတယ်။
ဒါကြောင့် အနာဂတ်မြို့ပြတွေကို ဘယ်လိုတည်ဆောက်သင့်သလဲ ဆိုတာကို အဖြေရှာနေကြတယ်။ ဆွန်းဒိုကဲ့သို့ မြို့တော်တွေ တည် ဆောက်တဲ့ အခါမှာ နည်းပညာသစ်တွေကို အသုံးပြုနိုင်ရေးဟာ အဓိက ကျတယ်။ ဒီမြို့တော်တွေဟာ မြို့ပြအဆင့်ကို အံ့ဩဖွယ်မြှင့်တင်ပေး နိုင်မှာဖြစ်ပြီး အနာဂတ်မှာ သက်ရောက်လာမယ့် ဆိုးကျိုးတွေကိုလည်း ကာကွယ်သမှု ပြုလိမ့်မယ်။
ဥရောပမြို့တော်တွေမှာလည်း ပိုမိုသက် သောင့်သက်သာရှိတဲ့ အဆင့်မြင့် မြို့ပြတွေအဖြစ် ဖန်တီးနေကြတယ်။ အမ်စတာဒမ်မြို့တော်ကို ဥပမာပြု တင်ပြနိုင်ပါတယ်။ ဒီမြို့တော်က လည်ပတ်နေတဲ့လုပ်ငန်းတွေနဲ့ အုပ်ချုပ်သူတွေက စွမ်းအင်လုံလောက်မှုကို အားထုတ်ကြိုးပမ်းကြတယ်။ မြို့ပြနည်းပညာသစ်ကို အသုံးပြုပြီး မြို့ပြ သားတွေရဲ့ ပြုမူလှုပ်ရှားမှုကို ပြောင်းလဲပစ်ခြင်းဖြင့် စွမ်းအင်အသုံးပြုမှု သက်သာအောင် ကြံဆကြတယ်။
အဓိကအချက်ကတော့ ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လုပ်မှုကို လျှော့ချရေးပဲ။ ၂၀၂၅ ခုနှစ်မှာတော့ ၁၉၉၀ ပြည့်နှစ် ကာဗွန်ထုတ်လုပ်မှု ပမာဏရဲ့ ၄၀ ရာခိုင်နှုန်း လျှော့ချနိုင်ဖို့ ရည်ရွယ်ထားတယ်။ ဒီလို နည်းပညာသစ်တွေ အသုံးပြုဖန်တီးတဲ့ မြို့ပြသစ်တွေဟာ လူသားတွေအတွက် အကျိုးရှိနိုင်လိမ့်မယ်။ ဒါပေမဲ့ နည်းပညာကို ဇောင်း ပေးထားတာကြောင့် လူမှုရေးဆိုင်ရာ ကိစ္စတွေမှာ ထိခိုက်မှုရှိမလားဆိုတာ ကိုလည်း သုံးသပ်ကြတယ်။
ဒါပေမဲ့ ဒီမြို့ပြသစ်တွေ ပေါ်ထွန်းလာမှာတော့ သေချာတယ်။ တရုတ်နဲ့ အိန္ဒိယမှာလည်း ဆွန်းဒိုလို မြို့ပြသစ် ၂၀ တည်ဆောက်မယ်လို့ ဆိုတယ်။ ပိုမိုကောင်းမွန်ပြီး ပိုမို လျင်မြန်တဲ့အပြင် ကုန်ကျစရိတ်လည်း သက်သာတဲ့ နည်းစနစ်တွေကို နောက်ပိုင်းမှာ ပိုမို အသုံးပြုလာနိုင်မယ်လို့ မျှော်လင့်ရတယ်။ ကမ္ဘာ့လူဦးရေတိုးပွားလာတာ နဲ့အမျှ မြို့ပြသစ်တွေ တိုးပွားလာခြင်းကြောင့် ကမ္ဘာမြေကို ထိခိုက်မှုနည်းတဲ့ နည်းနာသစ်တွေ အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်ကို သာယာလှပအောင် ဖန်တီးနိုင်ကြမှာ မလွဲပေဘူး။
ဆောင်းပါးရှင် - ခင်မောင်ဇော်
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Google က Motorola Mobility ကို အပြီးသတ် ငွေချေ

Google က Motorola Mobility ကို အပြီးသတ် ငွေချေGoogle သည် Motorola Mobility ကို ဒေါ်လာ ၁၂.၅ ဘီလျံ ဖြင့် ငွေချေ ဝယ်ယူ ခဲ့ကြောင်း သိရှိရ သည်။ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်း၌ ထိပ်ဆုံးမှ ရှေ့ဆောင် နေသည့် Google အတွက် စိန်ခေါ်မှု အသစ်များ ရှိလာခြင်း ကြောင့် ယခု ကဲ့သို့ ဝယ်ယူခြင်းဖြစ်သည်။
၎င်း၏ ၁၄ နှစ်တာသမိုင်း ကြောင်း၌ ဈေးအကြီးဆုံးနှင့် စွန့် စားမှု အပြုရဆုံး ဖြစ်သည့် ဟာ့ဒ်ဝဲ လုပ်ငန်း တိုးချဲ့ရေး အတွက် ပြင်ဆင်နေ ကြောင်း Google မှ ကြေညာပြီးနောက် ၉လအကြာ၌ ယခုကဲ့သို့ ဝယ်ယူ ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဝယ်ယူခြင်းဖြင့် Google ကို ဆဲလ်ဖုန်း လုပ်ငန်း၌ ပိုမို နက်ရှိုင်းစွာ ဆောင်ရွက်နိုင်မည် ဟုဆိုသည်။ ၄င်း၏ အဓိက ယှဉ်ပြိုင်ဘက် ဖြစ်သည့် Apple ၏ iPhone ၌ အသုံးပြုသည့် Android ဆော့ဖ်ဝဲလ် ကို ပွဲဦး ထွက်လွှင့်တင်ပြီး လွန်ခဲ့ သည့် ၄ နှစ်ခန့်မှစတင်၍ ဈေး ကွက် အတွင်းသို့ ဝင်ရောက်ခဲ့ သည်။
Google သည် Motorola အကူအညီဖြင့် မကြာမီနှစ်အနည်း ငယ်အတွင်းမှ စတင်ပြီး ဆဲလ်ဖုန်း ရှေ့ဆောင်ဖြစ်ရန် ထိုးဖောက်ခဲ့ သည်။ Motorola သည် ၂၀ဝ၅ခုနှစ်၌ Razr ဆဲလ်ဖုန်းကို ထုတ်လုပ် ခဲ့သော်လည်း ဈေးကွက်၌ ထိုး ဖောက်နိုင်စွမ်း မရှိခဲ့ချေ။
တစ်ချိန်က ဆဲလ်ဖုန်း ထုတ်လုပ်ရေး လုပ်ငန်း၌ နံပတ် ၂ ကုမ္ပဏီကြီးဖြစ်သည့် Motorola သည် ကမ္ဘာ့ဈေးကွက် အစုရှယ်ယာ၏ ၂ ရာခိုင်နှုန်းမျှသာ ရရှိခဲ့သည်။ အွန်လိုင်း ကြော်ငြာ လုပ်ငန်းသည် ဟာ့ဒ်ဝဲလ် လုပ်ငန်းနှင့် လုံးဝ ကွဲပြားခြားနား ခြင်းကြောင့် google ၏ ယခုစွန့်စား ခန်းကို စိုးရိမ် မကင်းဖြစ်မိကြောင်း အကဲခတ် များက ပြောကြားခဲ့ သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, May 30, 2012

စာချုပ်သက်တမ်းတိုး ခဲ့သည့် ဆက်ခ်ျ

စာချုပ်သက်တမ်းတိုး ခဲ့သည့် ဆက်ခ်ျပီတာဆက်ခ်ျသည် သူ၏ အနာဂတ်အား ချယ်လ်ဆီး အသင်းတွင် သာဖြတ်သန်းရန် ဆုံးဖြတ်ခဲ့ပြီး (၂၀၁၆) ခုနှစ်ထိ ရှိနေ မည့်လေးနှစ် သက်တမ်းတိုး စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့သည်။ ပီတာဆက်ခ်ျမှာ ဘိုင်ယန်မြူနစ် အ သင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင် ပင်နယ်တီများကို ကာကွယ်ခဲ့ပြီး အသင်းအား သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ် ဆုဖလားကို ရယူပေး ခဲ့ သူ ဖြစ်သည်။ ပီတာဆက်ခ်ျသည် ချယ်လ်ဆီး အသင်းသို့ စတင်ရောက်ရှိလာ ခဲ့သည့် (၂၀၀၄) ခုနှစ်မှ စတင်ကာ ပရီးမီးယားလိဂ်၏ အကောင်းဆုံး ဂိုးသမား များထဲမှ တစ်ဦး အပါအ၀င် အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီး အသင်းအတွက် (၃၆၉) ပွဲ ပါဝင် ကစားပေးခဲ့ပြီး ချယ်လ်ဆီး အသင်း၏ပြည်ပ ကစားသမားများ ထဲ တွင် ပွဲထွက် ကစားခွင့် အများဆုံး ရခဲ့သူလည်း ဖြစ်သည်။
"ဒီလို အသင်းကြီးမှာ နောက်ထပ် လေးနှစ်ပါဝင် ကစားခွင့်ရဦးမှာဖြစ် တဲ့အတွက် ကျွန်တော် အရမ်းကို ပျော်ရွှင်မိပါတယ်။ ကျွန်တော် ဒီကလပ်နေခဲ့တဲ့ (၈)နှစ် တာ ကာလထက် လာမယ့် (၄) နှစ်တာ ကာလက ပိုပြီး အောင်မြင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်"ဟု ဆက်ခ်ျမှ အသင်း၏ ၀က်ဘ်ဆိုက် တွင်ပြောဆို ခဲ့ သည်။
Soccer
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, May 29, 2012

အရက်နာ ကျခြင်း အတွက် နံနက်စာ

အရက်နာ ကျခြင်း အတွက် နံနက်စာညတုန်း ကတော့ ပျော်ပျော်ပါး ပါးကြီး သောက်စား ပျော်ပါး ခဲ့ပေမယ့် မနက် မိုးလင်း အိပ်ရာနိုး တဲ့ အခါမှာ တော့ အရက်နာကျခြင်းရဲ့ ဝေဒနာကို အရက်နာကျခြင်း အတွက် နံနက်စာ ကောင်းကောင်းကြီးခံစား ရပါတော့ တယ်။ ထိုကဲ့သို့နောက်တစ်နေ့မနက် အရက်နာကျခြင်းအတွက် အကောင်း ဆုံးအိမ်တွင်း ကုထုံးတစ်ခုကတော့ လိမ္မော်ရည် ဖြစ် ပါတယ်။
ရေဓာတ် ပြန်လည်ဖြည့်တင်းရာမှာ အလွန် ကောင်းမွန်စေတဲ့အပြင် ဗီတာမင်စီ ပါဝင်တဲ့အတွက် မူးဝေနေတဲ့ခံစားမှုကို သက်သာစေပါတယ်။ ကြက်ဥ သို့ မဟုတ် ဘဲဥနှင့် အနည်းငယ် မီးကင် ထားသောပေါင်မုန့်ကို စားပေးပါက လည်း သက်သာစေနိုင်ပါတယ်။
ဥ မှာပါတဲ့ပရိုတင်းဓာတ်က အသည်း ထဲမှ အယ်လ်ကိုဟောရဲ့ အဆိပ်အ တောက်တွေကို ချေဖျက်ရာမှာ အကူ အညီပေးပါတယ်။ ပေါင်မုန့်မီးကင် ကတော့ အယ်လ် ကိုဟောကြောင့် အန်ခြင်း၊ လေပွခြင်းကို သက်သာစေ နိုင်ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကာဗာနီကို ပေါင်သန်း ၅၀ဖြင့် ဂျူဗီတို့ ကမ်းလှမ်းပြီ

နာပိုလီတိုက်စစ်မှူး ကာဗာနီကို ပေါင်သန်း ၅၀ဖြင့် ဂျူဗီတို့ ကမ်းလှမ်းပြီ
နာပိုလီတိုက်စစ်မှူး ကာဗာနီကို ပေါင်သန်း ၅၀ဖြင့် ဂျူဗီတို့ ကမ်းလှမ်းပြီ
ဂျူဗင်တပ်အသင်းသည် နာပိုလီမှ တိုက်စစ်မှူး အေဒင်ဆွန်ကာဗာနီအတွက် ပေါင်သန်း ၅၀ဖြင့် ခေါ်ယူဖို့ စတင်ကာ အဆိုပြု ကမ်းလှမ်းလိုက်ပြီဟု သိရသည်။

ဂျူဗင်တပ်သည် ပေါင်သန်း ၃၀ အပြင် ပေါင် ၁၈သန်းတန် ဥရုဂွေး တိုက်စစ်မှူး အဲလက်စ်ဆန်ဒရိုမက်ရီကိုပါ ပေါင်းထည့်ပြီး ပေးသွားမည်ဟု သိရသည်။

နာပိုလီ၏ ဥက္ကဌဖြစ်သူကမူ ဂျူဗီ၏ ကမ်းလှမ်းမှုတွင် ပါဝင်သော မက်ရီကိုမူ စိတ်မ၀င်စားဟု ပြောကြားလိုက်သည်။

အဆိုပါ ကာဗာနီအား မန်ချက်စတာစီးတီးနှင့် ချယ်ဆီးတို့ကလည်း စိတ်ဝင်စားကာ အဓိကပစ်မှတ်အဖြစ် ထားရှိနေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အတုယူဖွယ်ကောင်းသည့် ဗန်ပါစီတို့ သားအမိ

အတုယူဖွယ်ကောင်းသည့် ဗန်ပါစီတို့ သားအမိ
အတုယူဖွယ်ကောင်းသည့် ဗန်ပါစီတို့ သားအမိ
ဒီရာသီ အာဆယ်နယ်ရဲ့ အကောင်းဆုံးကစားသမားနှစ်ဆုရှင်၊ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင် စတဲ့ ဆုတံဆိပ်များရှင် ရော်ဘင်ဗန်ပါစီဟာ အမေ့အချစ်တော်သားတစ်ယောက်လည်း ဖြစ်နေပြန်ပါတယ်။

ဗန်ပါစီက သူ့ရဲ့ဘ၀မှာ သူ့အမေ ဂျိုဆေး၊ ဇနီးသည် ဘိုခ်ျရာ၊ သမီးငယ် ဒီနာ၊ ညီမတွေဖြစ်ကြတဲ့ ကီကီနဲ့ လိုင်လီတို့ရဲ့ အကြံပေးမှုတွေက အရေးပါခဲ့တယ်လို့ ဆိုပြန်ပါတယ်။

အသက် (၂၈)နှစ်ရှိ ဒတ်ခ်ျစူပါစတားက -

"ကျွန်တော် ဒီနေ့ ဒီလိုရပ်တည်နိုင်တာဟာ ကျွန်တော့်အမေကြောင့်ပါ၊ သူဟာ အမြဲတမ်းကျွန်တော့်ကို စိတ်ဓာတ်မကျအောင် အားပေးပါတယ်၊ ပွဲတစ်ပွဲကစားပြီးတိုင်း အမေ့ရဲ့အကြံဥာဏ်တွေရဖို့က ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်၊  အမေ့ရဲ့အချစ်တော်သားတစ်ယောက်ဖြစ်ရတဲ့အတွက် အရမ်း ကျေနပ်မိပါတယ်"

"ဒီအမျိုးသမီးတွေဟာ ကျွန်တော့်ရဲ့ဘ၀အပေါ် အရမ်းလွှမ်းမိုးမှု ရှိပါတယ်၊ ပြောမယ်ဆိုရင်၊ ဘောလုံးပွဲတွေအထိပါပဲ"

"ကျွန်တော့်အမေ၊ ဇနီးသည်နဲ့ ညီမတွေဟာ ရိုးသားကြပါတယ်၊ တစ်ခါတစ်လေ သူတို့ရဲ့ ဝေဖန်မှုတွေက အရမ်းခံရခက်ပါတယ်၊ သူတို့ရဲ့ အကြံဥာဏ်တွေကို ကျွန်တော် လေးစားပါတယ်"

"ဒီနာကတော့ ကျွန်တော့်ရဲ့ မင်းသမီးလေးပါ၊ အခုကျွန်တော် စံပြဖခင်ကောင်းတစ်ယောက်ပါ၊ သမီးလေးဟာ ပြုံးပြပြီး၊ သူ့ရဲ့လက်ချောင်းလေးတွေနဲ့ ကျွန်တော့်ကို မျက်လှည့်ပြနိုင်ပါတယ်"

"ကိုယ့်ရဲ့နာမည်ကြီးမှုအပေါ် သာယာတာဟာ အမြဲတမ်း အန္တရာယ်ရှိပါတယ်၊ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်အမေ၊ ဇနီး၊ ညီမတွေရဲ့ အကြံဥာဏ်တွေကို အမြဲတမ်း ရယူပါတယ်၊ အဲဒါကို အမြဲတမ်း လုပ်ဆောင်သွားမှာပါ"ဆိုပြီး ပြောကြားသွားပါတယ်။

ဆရာမ ဂျိုဆေးဟာ ဗန်ပါစီရဲ့ ကိုယ်ပိုင်စပါယ်ရှယ်ဝမ်းတစ်ယောက်ပါ။

ဂျိုဆေးဟာ သားဖြစ်သူနဲ့ ဘောလုံးအကြောင်း ဆွေးနွေးနိုင်အောင် ဘောလုံးပွဲကောင်းတွေအကြောင်း ရေးထားတဲ့ စာအုပ်တွေကို တစ်ထပ်ကြီးဝယ်ပြီး၊ လေ့လာခဲ့သူပါ။

"ရော်ဘင်ဟာ အနုပညာဆန်တဲ့ ဘောလုံးသမားတစ်ယောက်ပါ၊ ဒါပေမယ့် တစ်ခါတစ်လေ ဘောလုံးပွဲတွေဟာ စစ်ပွဲနဲ့အလားသဏ္ဍာန်တူသလို၊ စိတ်ခံစားချက်တွေကလည်း ကြမ်းတမ်းကြပါတယ်၊ အဲလိုအချိန်မျိုးမှာ သူနာကျင်ခံစားရရင်၊ ကျွန်မလည်း နာကျင်ရတာပါပဲ"လို့ ဗန်ပါစီရဲ့ မွေးသမိခင်က ပြောကြားခဲ့လေရဲ့။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒီဒီယာဒရော့ဘာသည် ရီးရဲလ်မက်ဒရစ်တွင် ဆရာဟောင်း ဂျိုဆေးမော်ရင်ညိုနှင့် ပြန်လည်ပေါင်းစည်းရန် စဉ်းစားနေကြောင်း

စပါယ်ရှယ်ဝမ်းနှင့် ပြန်လည်လက်တွဲရန် စဉ်းစားနေသည့် ဒရော့ဘာ
စပါယ်ရှယ်ဝမ်းနှင့် ပြန်လည်လက်တွဲရန် စဉ်းစားနေသည့် ဒရော့ဘာ
ဒီဒီယာဒရော့ဘာသည် ရီးရဲလ်မက်ဒရစ်တွင် ဆရာဟောင်း ဂျိုဆေးမော်ရင်ညိုနှင့် ပြန်လည်ပေါင်းစည်းရန် စဉ်းစားနေကြောင်း သိရှိရသည်။

အသက် (၃၄)နှစ်ရှိ ဒရော့ဘာအား စပိန်အသင်းက အလိုရှိနေပြီး၊ နှစ်နှစ်စာချုပ်ချုပ်ဆိုရန် နှစ်ဖက် ကိုယ်စားလှယ်များဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

ချယ်လ်ဆီး၏ ချန်ပီယံလိဂ်သူရဲကောင်းအား မော်ရင်ညိုသည် (၂၀၀၄)တွင် စတမ်းဖို့ဒ်ဗရစ်ခ်ျသို့ ခေါ်ဆောင်လာခဲ့ပြီး၊ ဒရော့ဘာသည် မနှစ်က ပေါ်တူဂီနည်းပြ၏ အလိုရှိသည့် စာရင်းတွင်ပါဝင်ခဲ့သော်လည်း၊ ပြောင်းရွှေ့ကြေးကြောင့် စာချုပ်ကိစ္စမှာ ပျက်ပြယ်ခဲ့ရသည်။

သို့ပါသော်လည်း  လက်ရှိတွင် မော်ရင်ညိုသည် ဘာနေဗျူအသင်း၏ အပြောင်းအရွှေ့ပေါ်လစီအား အလုံးစုံထိန်းချုပ်ထားပြီး၊ ဒရော့ဘာမှာလည်း အေးဂျင့်လွတ်လပ်သူတစ်ဦးဖြစ်နေခြင်းကြောင့် ချယ်လ်ဆီးတိုက်စစ်မှူး၏အပြောင်းအရွှေ့ကိစ္စမှာ တစ်ဖန်ပြန်ဖြစ်လာဖွယ် ရှိနေသည်။

အိုင်ဗရီကို့စ်တိုက်စစ်မှူးသည် တရုတ်ရှန်ဟိုင်းကလပ်၏ မက်လောက်စရာ ကမ်းလှမ်းမှုကြောင့်၊ စပိန်၊ အီတလီ၊ ဂျာမနီနှင့် ရုရှားကလပ်များ၏ စိတ်ဝင်စားမှုများအား ပယ်ချထားသည်။

သို့ပါသော်လည်း၊ ယာယီကစားသမားနည်းပြ အနယ်လ်ကာ၏နေရာအား အာဂျင်တီးနားနည်းပြ ဆာဂျီယို ဘာတစ္စတာဖြင့် အစားထိုးထားမှုအခြေအနေအပါအ၀င်၊ လက်ရှိ ရှန်ဟိုင်းကလပ်တွင် ရှုပ်ထွေးမှုများရှိနေခြင်းက ဒရော့ဘာအတွက် တရုတ်ကလပ်သို့ပြောင်းရွှေ့ရန် စဉ်းစားစရာ အချက်တစ်ခု ဖြစ်နေသည်။



မော်ရင်ညို၏ ရီးရဲလ်အတွက် ချန်ပီယံလိဂ်ဖလား ရယူပေးချင်နေမှု၊ ဒရော့ဘာလို နာမည်ကြီးကစားသမားတစ်ယောက်အတွက် နောက်ထပ် ဥရောပဖလားတစ်လုံး ရယူနိုင်မည့် အခွင့်အရေး စသည့်အချက်များက အိုင်ဗရီကို့စ်တိုက်စစ်မှူး၏ အပြောင်းအရွှေ့ဖြစ်လာနိုင်သည့် အခြေအနေများဖြစ်သည်။

တဆက်တည်းမှာပင်၊ ချယ်လ်ဆီးအသင်း၏ နောက်ထပ်ချန်ပီယံလိဂ်သူရဲကောင်းတစ်ဦးဖြစ်သူ ပီတာဆက်ခ်ျသည် စတမ်းဖို့ဒ်ဗရစ်ခ်ျအသင်းနှင့် လေးနှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။

အဆိုပါချက်ဂိုးသမားသည် ချယ်လ်ဆီးအသင်းတွင် အခြားနိုင်ငံခြားသားကစားသမားများထက် ပွဲအရေအတွက်ပိုကစားထားသည့် ကစားသမားဖြစ်ပြီး၊ စုစုပေါင်း (၃၆၉)ပွဲကစားထားကြောင်း သိရှိရသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, May 26, 2012

ဧရာမခြေထောက် ပိုင်ရှင် ၁၀ နှစ်သား ကလေးငယ်လေး

ယခုအခါ သူနေထိုင်ရာ ပီတာအမည်ရှိရွာမှ ဆရာဝန်များက ကလေးငယ် သည် ဆေးမကုဘဲ ထားပါက မကြာခင်သေ ဆုံးရတော့မည် ဖြစ်သောကြောင့် အကူ အညီများ ပေးကြရန် နိုင်ငံတကာသို့ အကူအညီတောင်းခံထားကြောင်း သိရသည်။ ဗင်းဆင့်၏ မိသားစုသည် သူ ၁၈ လသား အရွယ်ကတည်းက သူ့၌ ရောဂါဖြစ်နေကြောင်း သတိပြုမိသော်လည်း ဆင်းရဲလွန်းသောကြောင့် ဆေးခန်းမပြနိုင်ရှာပေ။ သူကြီးပြင်းလာသည် နှင့်အမျှ သူ၏ခြေထောက်များမှာလည်း ကြီး၍လာခဲ့သည်။ ဆရာဝန်များသည် ကလေးငယ်၌မူလက ဆင်ခြေထောက်ရောဂါ ကဲ့သို့ ပြန်ရည်ကြော စနစ်ဆိုင်ရာ ရောဂါတစ်ရပ်ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။
သို့သော်သူ၏ ခြေထောက်များကြီးထွားလာမှုက အရိုးများအပေါ်ပါ သက်ရောက်မှုရှိပြီး တင်ပဆုံရိုးမှာ အဆစ်လွဲသွားပြီး ခြေကျင်း ဝတ်ရိုး မှာ လည်း ကျိုးသွားခဲ့သည်ဟု ဆိုသည်။ အသားစ နမူနာယူ၍ စမ်းသပ်စစ်ဆေးကြည့်ရာ၌ ကလေးငယ်သည် အသားစားရောဂါပိုး တစ်မျိုး ကူးစက်ခံရခြင်းဖြစ်ပြီး ဆေးမကုဘဲထားပါက မကြာခင်သေဆုံးရမည်ဟု ဆိုသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လာမည့်ရာသီအကုန်တွင် အနားယူဖွယ်ရှိနေသည့် ဖာဂူဆန်


လာမည့်ရာသီအကုန်တွင် အနားယူဖွယ်ရှိနေသည့် ဖာဂူဆန်
လာမည့်ရာသီအကုန်တွင် အနားယူဖွယ်ရှိနေသည့် ဖာဂူဆန်
ဝီဂန်အသင်းဥက္ကဋ္ဌ ဒေ့ဗ်ဝှီလန်က သူ၏မိတ်ဆွေ ဆာအဲလက်စ်ဖာဂူဆန်သည် ကျန်းမာရေးအခြေအနေအရ လာမည့် (၂၀၁၂-၁၃)ရာသီအကုန်တွင် မန်ယူအသင်းနည်းပြရာထူးမှ အနားယူသွားနိုင်ကြောင်း အရိပ်အမြွက်ပြောကြားသွားခဲ့သည်။

ဖာဂူဆန် အသက် (၇၀)နှစ်သည် (၁၉၈၆)ခုနှစ်မှစ၍ မန်ယူအသင်းအား စတင်ကိုင်တွယ်ခဲ့ပြီး၊ ပရီမီးယားလိဂ်ဖလား (၁၂)ကြိမ်အပါအ၀င်၊ မန်ယူအသင်းအား မယုံနိုင်စရာ အောင်မြင်မှုများစွာ ရယူပေးခဲ့သည်။

ဖာဂူဆန်သည် (၂၀၀၁-၀၂)ရာသီက အနားယူရန် ကြေညာခဲ့ဖူးသော်လည်း၊ နောက်ပိုင်းတွင် အသင်းအား ဆက်လက်နည်းပြခဲ့သည်။

ဖာဂူဆန်သည် (၂၀၁၁)၊ ဒီဇင်ဘာလက သူ့အနေဖြင့် မန်ယူနည်းပြအဖြစ် နောက်သုံးနှစ်အထိ ဆက်ရှိနေချင်သည်ဟု ပြောကြားခဲ့သော်လည်း၊ ၀ှီလန်က သူ၏ မိတ်ဆွေကြီးသည် လာမည့်ဘောလုံးရာသီအကုန်တွင် အနားယူသွားနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"နောက်ရာသီအကုန်မှာ ဆာအဲလက်စ် အနားယူနိုင်ပါတယ်၊ ထိပ်ဆုံးအဆင့်မှာ အချိန်အတော်ကြာ ရပ်တည်နေတဲ့ လူတစ်ယောက်အတွက် ဖိအားတွေက အရမ်းများပါတယ်"

"အသက်ကြီးလာလေ၊ အဲဒီဖိအားတွေကို ကျော်လွှားဖို့ ခက်ခဲလာလေပါ၊ ဖာဂီရဲ့ ဇွဲသတ္တိကိုတော့ လေးစားပါတယ်၊ သူဟာ နောက်ဆုံးအချိန်အထိ ဆက်လက်တိုက်ပွဲဝင်သွားချင်တယ်ဆိုတာ ကျွန်တော် သိပါတယ်"

"သူ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက် ဒါမှမဟုတ် ဒီထက်ပိုပြီး နည်းပြသွားချင်တယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ သူ့ဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊ ဒီအခြေအနေက သူ့အနေနဲ့ နောက်ထပ် ငါးနှစ်လောက် ဆက်ပြီး နည်းပြဖို့ဆိုတာ မလွယ်ကူနိုင်ဘူးဆိုတာ ညွှန်ပြနေပါတယ်၊ ဒါဟာ အရမ်းကိုစွန့်စားရာ ကျပါလိမ့်မယ်"

"သူဟာ အကောင်းဆုံးနည်းပြလို့ ကျွန်တော်ပြောချင်ပါတယ်၊ သူရဲ့ အနားယူမှုဟာ ဘောလုံးလောကအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်လာမှာပါ၊ ဒါဟာ လုံးဝကျိန်းသေပါတယ်"

"သူ့ရဲ့ နှိုင်းယှဉ်လို့မရတဲ့ အောင်မြင်မှုတွေကို ရယူခဲ့ပုံတွေ၊ ထူးချွန်တဲ့ကစားသမားတွေကို ဘယ်လိုရွေးချယ်ရမယ်ဆိုတာ နားလည်တတ်ကျွမ်းမှုတွေက သူ့ကို ကျွန်တော့်တို့ရဲ့ဘ၀တစ်လျှောက် ထာဝရအကောင်းဆုံးနည်းပြအဖြစ် ရောက်ရှိစေခဲ့တာပါ"ဟု ၀ှီလန်က ပြောကြားသွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, May 23, 2012

အင်္ဂလန်အသင်းအား အဓိကပြိုင်ပွဲကြီးတစ်ခုခုတွင် ဗိုလ်စွဲစေချင်ကြောင်း ပြောကြားလိုက်သည့် ရော်နယ်ဒို

အင်္ဂလန်အသင်းအား အဓိကပြိုင်ပွဲကြီးတစ်ခုခုတွင် ဗိုလ်စွဲစေချင်ကြောင်း ပြောကြားလိုက်သည့် ရော်နယ်ဒို
အင်္ဂလန်အသင်းအား အဓိကပြိုင်ပွဲကြီးတစ်ခုခုတွင် ဗိုလ်စွဲစေချင်ကြောင်း ပြောကြားလိုက်သည့် ရော်နယ်ဒို
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက သူသည် အင်္ဂလန်အသင်းအား အဓိကပြိုင်ပွဲကြီးတစ်ရပ်ရပ်တွင် ဗိုလ်စွဲစေဖို့ အမြဲတမ်းမျှော်လင့်နေမိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ရော်နယ်ဒို၏ ပေါ်တူဂီအသင်းသည် လာမည့်ယူရိုပြိုင်ပွဲတွင် ဟော်လန်၊ ဒိန်းမတ်၊ ဂျာမနီအသင်းတို့နှင့်အတူ မရဏအုပ်စုတွင် ကျရောက်လျှက်ရှိနေသည်။

ပေါ်တူဂီကဲ့သို့ပင်၊ အင်္ဂလန်မှာလည်း ပြိုင်ပွဲကြီးများတွင် ဆုဖလား မရဖူးသေးချေ။ ဆာ အက်ဖ် ရမ်ဆေး၏ ၀င်ဘလေ ကမ္ဘာ့ချန်ပီယံအောင်မြင်မှုပြီးကတည်းက အဓိကအောင်မြင်မှုနှင့် ဝေးကွာနေသည်မှာ (၄၆)နှစ်ရှိပြီဖြစ်သည်။

"အင်္ဂလန်အသင်းကို အဓိက ပြိုင်ပွဲကြီးတစ်ခုခုမှာ ဗိုလ်စွဲစေချင်ပါတယ်၊ အင်္ဂလန်အသင်းမှာ  ကမ္ဘာ့အကောင်းဆုံးကစားသမားအချို့လည်းရှိနေပြီး၊ သူတို့အသင်းဟာ အသင်းတိုင်းအတွက်တော့ ခက်ခဲတဲ့ပြိုင်ဘက်ပါ"

"လာမယ့် ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်း အောင်မြင်မှု ရဖို့မျှော်လင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလန်မှာ ကျွန်တော့်သူငယ်ချင်းတွေ အများကြီး ရှိပါတယ်၊ အင်္ဂလန်ဟာ ကျွန်တာ် အရမ်းကြိုက်တဲ့ နေရာတစ်ခုပါ"

"နည်းပြသစ်နဲ့ အင်္ဂလန်အသင်း အောင်မြင်မှုတွေ ရရှိဖို့ မျှော်လင့်ပါတယ်"ဟု ရော်နယ်ဒိုက ပြောကြားသွားခဲ့သည်။

နည်းပြသစ် ရွိုင်းဟော့ဆန်သည် စနေနေ့ နော်ဝေအသင်းနှင့် ချစ်ကြည်ရေးပွဲစဉ်မှ စတင်ကာ အင်္ဂလန်အသင်းအား စတင်တာဝန်ယူမည်ဖြစ်သည်။

ဝက်ဘရွမ်းမ်နည်းပြဟောင်းသည် အင်္ဂလန်အတွက် မှန်ကန်သည့် ရွေးချယ်မှုလားဟု ရော်နယ်ဒိုအား မေးမြန်းခဲ့ရာတွင် -

"သူ့အကြောင်း ကျွန်တော် သေချာမသိပါဘူး၊ ဒါပေမယ့် နိုင်ငံအသင်းကိုနည်းပြချင်ရင်တော့၊ ထူးချွန်ရပါမယ်၊ ယူရိုပြိုင်ပွဲက သူတို့ရဲ့အခြေအနေကို စောင့်ကြည့်သွားရပါမယ်၊ သူတို့မှာ ဂရိတ်ကစားသမားတွေလည်းရှိပြီး၊ အခုနည်းပြသစ်နဲ့ဆိုတော့ ထူးရှယ်ပါ"

သို့ပါသော်လည်း ရော်နယ်ဒိုက လာမည့် ယူရိုပြိုင်ပွဲတွင် ရွိုင်းဟော့ဆန်၏အသင်းထက် ချန်ပီယံဖြစ်ရန် အခွင့်အလမ်းပိုများသည့် အသင်းများ ရှိနေကြောင်းလည်း ယုံကြည်လျှက်ရှိနေသည်။

"အီတလီမှာလည်း အခွင့်အရေးရှိပါတယ်၊ ပေါ်တူဂီလည်း ထို့အတူပါပဲ၊ ဘာကြောင့်မဖြစ်နိုင်ရမှာလဲ၊ ဗိုလ်စွဲဖို့ အခွင့်အရေးအများဆုံးကတော့ စပိန်၊ ဂျာမနီနဲ့ ဟော်လန်ပါ"ဟု ရော်နယ်ဒိုက ပြောကြားသွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ရှင်ဂျီအား ဈေးပေါပေါဖြင့် မရောင်းနိုင်ကြောင်း ...

ရှင်ဂျီအား ဈေးပေါပေါဖြင့် မရောင်းနိုင်ကြောင်း မန်ယူအသင်းအား သတိပေးလိုက်သည့် ဒေါ့မွန်
ရှင်ဂျီအား ဈေးပေါပေါဖြင့် မရောင်းနိုင်ကြောင်း မန်ယူအသင်းအား သတိပေးလိုက်သည့် ဒေါ့မွန်
ဘိုရူးရှားဒေါ့မွန်အသင်း စီအီးအိုက ဒီနွေတွင် အသင်း၏ကွင်းလယ်လူ ရှင်ဂျီကာဂါဝါအား ဈေးပေါပါဖြင့် ရောင်းချမည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။

အဆိုပါဂျပန်လက်ရွေးစင်သည် လာမည့် ဘောလုံးရာသီမတိုင်ခင်၊ ဒေါ့မွန်အသင်းက ထွက်ခွာရန် အလိုရှိနေပြီး၊ ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေသည်။

မန်ယူအသင်းကလည်း ကာဂါဝါ၏ ကွင်းလယ်မောင်းနှင်အားအပေါ် သဘောကျနေပြီး၊ ခေါ်ယူရန်စိတ်ဝင်စားနေသည်။ သို့ပါသော်လည်း ဒေါ့မွန် စီအီးအိုက ကာဂါဝါအား ဈေးမှန်ဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

"ရှင်ဂျီရဲ့ အရည်အချင်းတွေ၊ သူ့ရဲ့ အသင်းအတွက် တန်ဖိုးကြီးမားမှုတွေက ပြောနေစရာမလိုပါဘူး၊ နူအာအတွက် ဘေယန်မြူးနစ် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးကို ကျွန်တော် ဥပမာပေးလိုပါတယ်၊ အဲတုန်းက သူဟာ တစ်နှစ်စာချုပ်ပဲ ကျန်တော့တာပါ၊ အဲဒီကနေ ကျွန်တော်တို့ သင်ခန်းစာ ယူရပါမယ်"ဟု ဒေါ့မွန်စီအီးအိုက ပြောကြားသွားခဲ့သည်။

ဘေယန်မြူးနစ်သည် နူအာ အပြောင်းအရွှေ့အတွက် ရှော်လ်ကေးအသင်းအား ယူရို(၁၈)သန်း လက်ငင်း ပေးချေခဲ့ရမှုအပါအ၀င်၊ စုစုပေါင်း ယူရို (၂၅)သန်း ပေးခဲ့ရသည်။

အသက် (၂၃)နှစ်ရှိ ကာဂါဝါသည် ဒီရာသီ ဒေါ့မွန်အသင်း ချန်ပီယံဖြစ်မှုတွင် အဓိကနေရာမှ ပါဝင်ခဲ့ပြီး၊ ဘွန်ဒက်လီဂါပြိုင်ပွဲ (၃၁)ပွဲတွင် (၁၃)ဂိုးသွင်းယူခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, May 22, 2012

မြန်မာနိုင်ငံတွင် ပထမဆုံးသော လေယာဉ်မှူး သင်တန်း ဖွင့်လှစ်

မြန်မာနိုင်ငံတွင် ပထမဆုံးသော လေယာဉ်မှူး သင်တန်း ဖွင့်လှစ်မြန်မာ နိုင်ငံတွင် ပထမဆုံး သော လေယာဉ်မှူး သင်တန်းကို နယူးဇီလန် နိုင်ငံ Golden Wings Flight Traiming နှင့် ရန်ကုန်မြို့ အခြေစိုက် Jenko Group Of Companies တို့ ပူးပေါင်း၍ မေလ ၂၁ရက်မှစတင်ကာ ရန်ကုန်မြို့၌ ဖွင့်လှစ် သင်ကြားပေးသွားမှာ ဖြစ်ပြီး သင်တန်း ကာလ ၁၄ ပတ်ကြာမြင့်မှာ ဖြစ်သည်။
အဆိုပါ သင်တန်းနှင့်ပတ် သက်၍ မိတ်ဆက် ရှင်းလင်းပွဲကို မန္တလေးမြို့ Hotel Mandalay ၌ မေ ၁၆ရက်၊ နံနက် ၉နာရီက ပြုလုပ်ခဲ့ရာ Golden Wings မှ Director Mr. Will Morrison, သင်တန်းနည်းပြချုပ် Capt. Peter Ober Schneider နှင့် Jenko Group မှ Managing Director မနီမြစီတို့က ရှင်းပြ သည်။
"ရန်ကုန်မှာ Ground School အဖြစ် ၁၄ ပတ်သင်ကြား ပေးပြီး နယူးဇီလန်နိုင်ငံ Nelson Airport မှာ Flight Training တက်ရောက်ရမှာပါ။ Golding Wings နဲ့ ကျွန်မတို့ Jenko တို့ Partnership လုပ်ထားတယ်။ ကျောင်းအုပ်ကြီးကပ္ပတိန် Peter Oberschneider က နယူးဇီ လန်မြို့ပြလေကြောင်းက ဖြစ်ပြီး အတွေ့အကြုံ ၁၅နှစ်ကျော်ရှိပြီ။
အရည်အချင်းပြည့်ဝတဲ့ Pilot တွေဖြစ်အောင် မွေးထုတ်ပေးသွား မှာပါ။ အနိမ့်ဆုံးပညာအရည် အ ချင်းက အထက်တန်းအောင်၊ အင်္ဂလိပ်စကားပြောဆိုနိုင်ရမယ်။ Interview ဖြေဆိုအောင်မြင်သူ ၁၀ ဦးလက်ခံသင်ကြားပေးသွား မှာပါ" ဟု Jenko မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
သင်ကြားပို့ချမည့် Ground School မြေပြင်အတတ်သင်တန်း ကျောင်းတွင် v Aviation Law, Meteorology, Flight Navigation, Aircraft Technical Knowledge စသည့် ဘာသာရပ် များပါဝင်ပြီး ရန်ကုန်မြို့ သင်တန်းအတွက် US ဒေါ်လာ USD ၆၇၁၀ ပေးသွင်းရမှာ ဖြစ် သည်။
ဘိုရင်းကုမ္ပဏီ၏ ပြောကြား ချက်အရ လေယာဉ်နှင့်ခရီးသွား လာမှုနှစ်စဉ်တိုးမြင့်လျက်ရှိရာ လာမည့်နှစ် ၂၀အတွင်း Pilot လေ ယာဉ်မှူးပေါင်း ၄၅၉၀ဝ၀ လို အပ်မည်ဖြစ်၍ Pilot တစ်ဦး၏ ဘဝအာမခံချက်မှာ ခိုင်မာမှုရှိသည် ဟုဆိုသည်။ စိတ်ပါဝင်စားသူများအနေဖြင့် အသေးစိတ် သိရှိလိုပါက ဖုန်း- ဝ၉ ၅၀၆၂၈၉၁၊ ဝ၉-၄၃၀ ၂၈၇၆၀ ဖြစ်ကြောင်း သိရသည်။
ကျော်ထက်
Mobile Guide
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒေးဗစ်ဘက်ခမ်းနှင့်အတူ ဂရိတ်ဗြိတိန်အသင်းတွင် ပါဝင်ချင်ကြောင်း ပြောကြားလိုက်သည့် ရွိုင်ရယ်ဂစ်

ဒေးဗစ်ဘက်ခမ်းနှင့်အတူ ဂရိတ်ဗြိတိန်အသင်းတွင် ပါဝင်ချင်ကြောင်း ပြောကြားလိုက်သည့် ရွိုင်ရယ်ဂစ်
ဒေးဗစ်ဘက်ခမ်းနှင့်အတူ ဂရိတ်ဗြိတိန်အသင်းတွင် ပါဝင်ချင်ကြောင်း ပြောကြားလိုက်သည့် ရွိုင်ရယ်ဂစ်
ရွိုင်ရယ်ဂစ်က လာမည့် အိုလံပစ်ပြိုင်ပွဲတွင် အသင်းဖော်ဟောင်း ဒေးဗစ်ဘက်ခမ်းနှင့်အတူ ဂရိတ်ဗြိတိန်အသင်းတွင် ပါဝင်လိုကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ရွိုင်ရယ်ဂစ်၏ ဆန္ဒသာ အမှန်တကယ်ဖြစ်လာပါက၊ (၂၀၀၃)ခုနှစ်တွင် ဒေးဗစ်ဘက်ခမ်း၊ အိုးထရက်ဖို့ဒ်မှ ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့သွားပြီးနောက်ပိုင်း၊ ပထမဆုံးအကြိမ်အဖြစ် မန်ယူပရိသတ်များသည် မန်ယူဂန္တ၀င်နှစ်ဦးအား အတူတကွ ပြန်လည်မြင်တွေ့ခွင့် ရမည်ဖြစ်သည်။

"ဘက်ခမ်းဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ၊ ပြီးတော့ သူဟာ ဂရိတ်ပလေယာပါ၊ ကျွန်တော် သူနဲ့အတူ လူငယ်အသင်းမှာ ကစားသမားဘ၀ စတင်ခဲ့ပါတယ်၊ နှစ်ပေါင်းနှစ်ဆယ်အကြာမှာ သူနဲ့အတူ ပြန်ပြီး တွဲကစားခွင့်ရရင်တော့ အရမ်းကို ကျေနပ်စရာကောင်းပါလိမ့်မယ်"ဟု ဂစ်က ပြောကြားခဲ့သည်။

ဝေးလ်တောင်ပံကစားသည် ဂရိတ်ဗြိတိန်အသင်းတွင် သူ့အတွက် နေရာတစ်နေရာရရှိရန်အတွက် မန်နေဂျာ စတူးဝပ်ပီယာ့စ်အား တောင်းဆိုထားကြောင်းလည်း သိရှိရသည်။

"ဟုတ်ပါတယ်၊ ကျွန်တော် ပါဝင်ခွင့်ရအောင် ကြိုးစားနေပါတယ်၊ ကျွန်တော် ရွေးချယ်ခံရမလားဆိုတာကတော့ စောင့်ကြည့်သွားရပါမယ်"

"အခုဆိုရင် လူတိုင်း ဗြိတိန်ရဲ့  ခွဲထွက်ဒေသတွေနဲ့ လန်ဒန်မှာ ကျင်းပတော့မည့် အိုလံပစ်ပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေကြပါတယ်"

"ကျွန်တော် ပီယာ့စ်နဲ့လည်း စကားပြောပြီးပါပြီ၊ ကစားသမားတွေရဲ့ဆန္ဒက အဓိက ကျလိမ့်မယ်လို့ ထင်ပါတယ်"ဟု ဂစ်က ပြောကြားသွားခဲ့
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ချယ်လ်ဆီးအသင်းက ထွက်ခွာပြီဖြစ်ကြောင်း အသင်းဖော်များအား အသိပေးလိုက်သည့် ဒရော့ဘာ

သူ ချယ်လ်ဆီးအသင်းက ထွက်ခွာပြီဖြစ်ကြောင်း အသင်းဖော်များအား အသိပေးလိုက်သည့် ဒရော့ဘာ
သူ ချယ်လ်ဆီးအသင်းက ထွက်ခွာပြီဖြစ်ကြောင်း အသင်းဖော်များအား အသိပေးလိုက်သည့် ဒရော့ဘာ
ချယ်လ်ဆီးတိုက်စစ်မှူးဒရော့ဘာက  သူအသင်းမှ ထွက်ခွာပြီဖြစ်ကြောင်း အသင်းဖော်များအား ငိုကြွေးရင်း အသိပေးပြောကြားသွားခဲ့သည်။

ဒရော့ဘာသည် ဂျွန်တယ်ရီ၊ ဖရန့်လမ်းပတ်နှင့် ကျန်သည့် ချယ်လ်ဆီးအသင်းသားများအား -

"နောက်ရာသီ ငါတို့အတူတကွ ရှိတော့မည် မဟုတ်ကြောင်း" ပြောကြားသွားခဲ့သည်။

"ကျွန်တော် စိတ်မကောင်းပါဘူး၊ အထူးသဖြင့် အခုလို ကစာသမားကောင်းတွေကို စွန့်ခွာရမှာ ၀မ်းနည်းမိပါတယ်၊ ဒါပေမယ့် အခြားလူတွေ ကစားနေတာကို ကျွန်တော် အရန်ခုံကနေ ထိုင်မကြည့်နေနိုင်ပါဘူး၊ ကျွန်တော် ထွက်ခွာရပါမယ်"ဟု ဒရော့ဘာက ပြောကြားသွားခဲ့သည်။

ဒရော့ဘာသည် အဆိုပါသတင်းအား ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဖလားရရှိပြီး၊ (၂၄)နာရီအကြာ လှည့်လည်အောင်ပွဲခံသည့်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အသက် (၃၄)နှစ်ရှိ ဒရော့ဘာသည် သူ့အား တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းဖြင့် ကမ်းလှမ်းထားသည့် အသင်းဖော်ဟောင်း အနယ်လ်ကာ ရှိသည့် တရုတ်ရှန်ဟိုင်းကလပ်သို့ ပြောင်းရွှေ့ရန် ချိတ်ဆက်နေသည်။

သို့ပါသော်လည်း သူ၏ ရှန်ဟိုင်းကလပ်သို့ပြောင်းရွှေ့မှုမှာ တရုတ်ကလပ်ပိုင်ရှင်များ၏ ကစားသမားနည်းပြ အနယ်ကာ၏အခန်းကဏ္ဍများအပေါ် ၀င်ရောက်စွက်ဖက်မှုများကြောင့် မသေချာမှုများ ရှိလာပြီဖြစ်သည်။

အနယ်ကာသည် ရှန်ဟိုင်းကလပ်နှင့် ဒရော့ဘာတို့၏ ဆွေးနွေးမှု နောက်ဆုံးအဆင့်သို့ ရောက်ရှိရန် ကူညီခဲ့သည်။

သို့ပါသော်လည်း အနယ်ကာသည် ပြီးခဲ့သည့်လက ဂျင်း တီဂါနာထံမှ နည်းပြတာဝန်ကို လွှဲပြောင်းရယူပြီး၊ ကစားသမားနည်းပြအဖြစ် တာဝန်ယူချိန်မှစ၍ အသင်းပိုင်ရှင်များ၏ ၀င်ရောက်စွက်ဖက်မှုများကြောင့် မပျော်မရွှင်ဖြစ်နေပြီး၊ အသင်းမှ ထွက်ခွာရန် စဉ်းစားနေကြောင်း သိရှိရသည်။

ဒရော့ဘာက သူ့အနေဖြင့် အခြားပရီးမီးယားလိဂ်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားမည်မဟုတ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။

"ကျွန်တော် အသင်းက ထွက်ခွာရင်တော့ ၊ အဆင့်မြင့် ပြိုင်ပွဲကြီးတွေနဲ့ လုံးဝခြားနားတဲ့နေရာကို သွားမှာပါ၊ ပရီးမီးယားလိဂ်အခြားအသင်းတစ်သင်းမှာ ကျွန်တော် ကစားမှာလားလို့ မေးစရာမလိုပါဘူး၊ ကျွန်တော် စပိန်ကို ရောက်မှာလား၊ ဒါမှမဟုတ်၊ အီတလီ၊ ဂျာမနီလား၊ ဘာမှ သေချာမသိသေးပါဘူး၊ ကျွန်တော်အနေနဲ့ ပတ်ဝန်းကျင်သစ်ကို ပိုပြီး စိတ်ဝင်စားပါတယ်"ဟု ဒရော့ဘာက ပြောကြားသွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, May 17, 2012

နည်းပြ အဖြစ်မှ ထုတ်ပယ်ခံ ခဲ့ရသည့် ဒဲလ်ဂလစ်ရှ်

နည်းပြ အဖြစ်မှ ထုတ်ပယ်ခံ ခဲ့ရသည့် ဒဲလ်ဂလစ်ရှ်အသင်း သမိုင်းတစ်လျှောက် အဆိုးဝါဆုံး ပရီးမီးယာလိဂ် ရာသီတစ်ခု ကို ဖြတ်ကျော် ခဲ့ရပြီးနောက် အသင်းနည်းပြ ဒဲလ်ဂလစ်ရှ်အား ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း လီဗာပူးလ် အသင်းမှ အတည်ပြု ခဲ့သည်။ အသက် (၆၁) နှစ် အ ရွယ်ရှိ ဒဲလ်ဂလစ်ရှ်မှာ အသင်းပိုင်ရှင်များ ဖြစ်သည့် FSG နှင့် အထွေထွေ ဒါရိုက်တာ အာရီတို့နှင့် တွေ့ဆုံ ခဲ့ပြီးနောက် စာချုပ်ဖျက်သိမ်းရန် သဘောတူညီ ခဲ့ခြင်းလည်း ဖြစ်သည်။
ကစားသမား ခေါ်ယူမှု အတွင် ပေါင်သန်း (၁၀၀)ကျော် အသုံးပြု ခဲ့သည့် ဒဲလ်ဂလစ်ရှ်သည် အသင်းအား (၂၀၀၆) ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဆုဖလား ရယူပေးနိုင် ခဲ့သော်လည်း ပရီးမီးယားလဂ်တွင် အဆင့် (၄) အတွင်း ၀င်ရန် မစွမ်းဆောင်နိုင် ခဲ့ခြင်းကြောင့် ရာထူးမှ ထုတ်ပယ် ခံခဲ့ရခြင်း လည်း ဖြစ် သည်။ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် အဆင့် (၉) နေရာတွင်သာ ရပ်တည်နိုင် ခဲ့ခြင်းမှာ နှစ်ပေါင်း (၂၀) အတွင်း အဆိုးဝါးဆုံး ရပ်တည်မှု ဖြစ်ခဲ့ပြီး ရမှတ် (၅၂) မှတ်မှာလည်း တန်းဆင်းခဲ့ရသည့် (၁၉၄၈-၄၉) ခုနှစ်နောက်ပိုင်း အနည်းဆုံး ရမှတ်လည်း ဖြစ်ခဲ့သည်။
Soccer
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အသားများများ စားရင် အဆာခံနိုင်

အသားများများ စားရင် အဆာခံနိုင်ဆာလောင်မှု မပြေပျောက် နိုင်သော သူများနှင့် ကိုယ် အလေးချိန် ချရန် ကြိုးစား နေသူများ အတွက် သတင်းကောင်း ကတော့ အသားများ များပါသော အစားအစာ (တစ်နေ့ တာကယ်လိုရီ လိုအပ်ချက်၏ ၂၅ ရာခိုင်နှုန်းကို အသားဓာတ်မှ ရယူ ခြင်း) များတွင် တစ်နေ့တာအတွင်း ဗိုက်ပြည့်နေသလို ခံစားရမှုမျိုး ပိုမို ရရှိနိုင်ကြောင်း၊ ညနှောင်းပိုင်းတွင် အစာစားလိုစိတ် ဖြစ်ပေါ် လာမှုကို လည်း နည်းပါးစေကြောင်း၊ စားစရာ များအနီးတွင် တဝဲလည်လည်ဖြစ်နေ မှုကိုလည်း လျော့နည်းစေကြောင်း သိ ရှိရပါတယ်။
တစ်နေ့လျှင် အသား ဓာတ်မြင့်မားစွာ ပါဝင်သော အစား အစာ ၃ ကြိမ်စားခြင်း အားဖြင့် ည နေပိုင်းနှင့် ညပိုင်းတွင် ဗိုက်ပြည့်နေ သလို ခံစားမှုမျိုး ရရှိစေကြောင်း၊ ဒါ့ ကြောင့် အဝလွန် နေသူများ၊ ကိုယ် အလေးချိန် ချရန် ကြိုးစားနေသူများ အနေဖြင့် တစ်နေ့လျှင် အသားဓာတ် များများ ပါဝင်သော အစားအစာများ ၃ ကြိမ် စားသင့်ကြောင်း သိရပါတယ်။
မောင် Ref: Men's Health , Sep 2011
Health Digest
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဖခင် ဖြစ်လိုသူများ အင်တာနက် သုံးရင် သတိထား

ဖခင် ဖြစ်လိုသူများ အင်တာနက် သုံးရင် သတိထားအာဂျင်တီးနား သိပံ္ပပညာရှင် များဟာ ကျန်းမာတဲ့ အမျိုးသား ၂၉ ဦးရဲ့ သုက်ရည် နမူနာ များကို Wi-Fi ဖြင့် အင်တာနက် ချိတ်ဆက် ထားတဲ့ လက်ပ်တော့ ကွန်ပျူတာ တင်ထားတဲ့ စားပွဲအောက်မှာ ထားခဲ့ပါတယ်။
၎- နာရီ ကြာပြီးတဲ့ နောက်မှာ အဲဒီနမူနာ များထဲမှာပါဝင်တဲ့ သုက်ပိုး ကောင်ရေ ရဲ့ ၂၅ ရာခိုင်နှုန်းဟာ လှုပ်ရှားကူး ခတ်မှုမရှိတော့တာကို တွေ့ရ ပါတယ်။ တစ်ချိန်တည်းမှာပဲ တူညီတဲ့အပူချိန် အောက်မှာ Wi-Fi နဲ့ အင်တာနက် ချိတ်ဆက်ထားတဲ့ လက်ပ်တော့ရဲ့ အနီးမှာမဟုတ်ဘဲ အခန်းထဲမှာထားတဲ့ သုက်ရည်နမူနာများထဲမှာတော့ ၄ နာရီကြာတဲ့အခါ သုက်ပိုးကောင်ရေ ၁၄ ရာခိုင်နှုန်းသာ မလှုပ်ရှားနိုင် ကြောင်းတွေ့ရတယ်။
ဒါ့အပြင် သုက် ပိုးတွေရဲ့ ၉ ရာခိုင်နှုန်းမှာ DNA ပျက်စီးမှုတွေ့ရပြီး Wi-Fi အင်တာနက် အနီးမှာ မထားတဲ့နမူနာသုက်ပိုးတွေ ထက်စာရင် ၃-ဆများပါတယ်။ အကြောင်းရင်းကတော့ ဝိုင်ယာလက်စ် ချိတ်ဆက်မှု ပြုနေစဉ်မှာ ထွက်ရှိလာတဲ့ လျှပ်စစ်သံလိုက် ထုတ်လွှတ်မှု Electromagnetic Radiation ကြောင့် ဖြစ်ပါတယ်။
ရရှိတဲ့ အချက် အလက်တွေအရ အင်တာနက်နှင့် ကြိုးမဲ့ချိတ်ဆက် ထားတဲ့ ကွန်ပျူတာ အနီးမှာ အမျိုးသားရဲ့ မျိုးပွားမှုဆိုင်ရာ အင်္ဂါများ ရောက်ရှိနေခဲ့ရင် သုက်ပိုးရဲ့ အရည်အသွေးကို ကျဆင်းစေကြောင်း တွေ့ရပါတယ်။ အင်တာနက်နဲ့ ကြိုးမဲ့ ချိတ်ဆက်မှုပြုမထားတဲ့ ရိုးရိုးလက်ပ် တော့ကတော့ လျှပ်စစ် သံလိုက်လှိုင်း တွေ ထုတ်လွှတ်မှုရှိပေမယ့် ထိခိုက် မှုမရှိတဲ့ပမာဏသာ ဖြစ်ပါတယ်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, May 15, 2012

မလေးရှား အနိမ့်ဆုံး လစာသတ်မှတ်

မလေးရှား အနိမ့်ဆုံး လစာသတ်မှတ်မလေးရှား နိုင်ငံ တွင်းရှိ ဝင်ငွေနည်း အခြေခံ အလုပ်သမားများ နေထိုင်မှု အဆင်ပြေစေရန် နိုင်ငံတွင်း ပထမဆုံး အကြိမ်အဖြစ် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ် ပြဋ္ဌာန်း လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
မလေးရှား ကျွန်းဆွယ် အတွင်းရှိ ပုဂ္ဂလိက အလုပ်သမားများအနေဖြင့် အနိမ့်ဆုံး တစ်လဝင်ငွေ ရင်းဂစ် ၉၀ဝ (ဒေါ်လာ ၂၉၇ ) ရရှိမည်ဖြစ်ပြီး ဆာဘတ်နှင့် ဆာရာဝပ် ပြည်နယ်များရှိ အလုပ်သမားများ အနေဖြင့် ဝင်ငွေ ၈၀ဝ ရင်းဂစ် ရရှိမည် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ "အနိမ့်ဆုံးလုပ်ခ သတ်မှတ်မှုဟာ မလေးရှားနိုင်ငံရဲ့ သမိုင်းဝင်ဖြစ်ရပ်ပဲ" ဟု ဝန်ကြီးချုပ် Najib Razak က မှတ်ချက်ပြု ပြောကြားသွားသည်။
အဆိုပါ လုပ်ဆောင်ချက်ကြောင့် နိုင်ငံတွင်းရှိ အခြေခံ လူတန်းစားများ ဝင်ငွေရရှိမှု သေချာစေမည် ဖြစ်ပြီး ဆင်းရဲ မွဲတေမှုမှ လွတ်မြောက်နိုင်မည်ဖြစ်သလို နေထိုင်မှု စရိတ်များ မြင့်တက်လာမှုများ ကိုလည်း အဆင်ပြေစွာ ရင်ဆိုင်သွားနိုင် မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက် ပြောကြား သွားသည်။
မလေးရှား နိုင်ငံသည် အရှေ့ တောင်အာရှ နိုင်ငံ များတွင် တတိယ မြောက် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ် ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ချမ်းသာ သောနိုင်ငံများ လူနေမှု အဆင့် ရရှိစေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ လုပ်ဆောင်ချက်ကို နိုင်ငံ တွင်းရှိ အခြေခံ လူတန်းစားများက ကြိုဆို ထောက်ခံမည် ဖြစ်သော်လည်း စီးပွား ရေးလုပ်ငန်းငယ်များမှာ အနိမ့်ဆုံးလစာ ငွေသတ်မှတ် ချက်ကြောင့် ထိခိုက်မှုများ ကြုံတွေ့ရနိုင်ကြောင်း အချို့သောလေ့လာ သုံးသပ်သူများက ပြောကြားသွားသည်။ "ရင်းဂစ် ၉၀ဝ ဆိုတာ မြို့ငယ် လေးတွေနဲ့ ရွာလေးတွေမှာ အလွန် များပြားတဲ့ ပမာဏဖြစ်တယ်" ဟု မလေးရှားအလုပ်ရှင်များဖက်ဒရေးရှင်း ဒါရိုက်တာ Shamsuddin Bardan က ထုတ်ဖော်ပြောကြားသွားသည်။
အနိမ့်ဆုံးလခ သတ်မှတ်ချက် ကြောင့် လစာများမှာ ၄၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းထိ မြင့်တက်သွားပြီး အလုပ်သမားများ၏ အရည်အချင်းနှင့် ကုန်ထုတ်လုပ်နိုင်မှု အပေါ် မူတည်၍ လစာသတ်မှတ်မှုကို ချိတ်ဆက်ဆောင် ရွက်ပါက အခြေအနေမှာ ပိုမိုကောင်းမွန် လာမည်ဖြစ်ကြောင်း ၄င်းကမှတ်ချက်ပြု ပြောကြားသွားသည်။ •
The Voice Journal
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒီရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ရရှိသွားသည့် ရော်ဘင် ဗန်ပါစီ

ဒီရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ရရှိသွားသည့် ရော်ဘင် ဗန်ပါစီ
ဒီရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ရရှိသွားသည့် ရော်ဘင် ဗန်ပါစီ
အာဆင်နယ်တိုက်စစ်မှူး ဗန်ပါစီသည် ၀ိန်းရူနီနှင့် အဂွီရိုတို့ကို ကျော်ဖြတ်ကာ၊ (၂၀၁၁-၁၂)ရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ရွှေဖိနပ်ဆု ရရှိသွားခဲ့သည်။

ဗန်ပါစီသည် အဆိုပါဆုအား သူ၏ကစားသမားဘ၀တွင် ပထမဆုံးအကြိမ် ရရှိဖူးခြင်းဖြစ်ပြီး၊ ရရှိသည့် ဆုကြေး ပေါင် သုံးသောင်းအား လူမှုရေးလုပ်ငန်းများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဒီရာသီ ဗန်ပါစီ၏ ဂိုး(၃၀)သွင်းယူနိုင်မှုသည် (၂၀၀၃-၀၄)ရာသီက၊ အာဆင်နယ်ဂန္တ၀င် အွန်နရီ သွင်းယူခဲ့သည့် ဂိုးအရေအတွက်နှင့် တူညီသွားခဲ့ပြီး၊ ရွှေဖိနပ်ဆု မရယူခင်က၊ ဗန်ပါစီသည် ပီအက်ဖ်အေဆုနှင့် ဘောလုံးစာနယ်ဇင်းဆရာများက ရွေးချယ်သည့် တစ်နှစ်တာ အကောင်းဆုံးဆုများအားလည်း ရရှိခဲ့သည်။

ဒတ်ခ်ျတိုက်စစ်မှူးသည် ဒီရာသီ ဂန်းနားအသင်းအား အဓိက ဦးဆောင်ခဲ့ပြီး၊ ဂိုးများသွင်းယူခြင်းဖြင့်၊ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ကူညီခဲ့သည်။

မနှစ်က မန်ယူတိုက်စစ်မှူးတစ်ဦးဖြစ်သူ ဘာဘာတော့ဗ် ဂိုးသွင်းအများဆုံးဆု ရရှိပြီးနောက်၊ ယခုနှစ်တွင် ၀ိန်းရူနီမှာ သွင်းဂိုး (၂၇)ဂိုးဖြင့် ဒုတိယ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့သည်။

ဒီဇင်ဘာလတုန်းက၊ အမ်းမရိတ်တွင် အဲဗာတန်အသင်းဘက်သို့ လှပစွာသွင်းယူခဲ့သည့် Volley ကန်ချက်အပါအ၀င်၊ ဗန်ပါစီသွင်းယူခဲ့သည့် ဂိုးများထဲမှ နှစ်ဂိုးမှာ ဒီရာသီအကောင်းဆုံးဂိုးဆုအတွက် ရွေးချယ်ခံခဲ့ရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, May 13, 2012

ငရုတ်သီး စပ်စပ် ကြိုက်တဲ့သူတွေအတွက်..

ခပ်စပ်စပ်ဟင်းတွေစားရင် နှလုံးရောဂါ ကာကွယ်နိုင်တယ်လို့ ဖော်ထုတ် မကြာ သေးခင် ရက်ပိုင်း အတွင်းက ဟောင်ကောင် တက္ကသိုလ် ကနေ ဖော်ထုတ် လိုက်တဲ့ စစ်တမ်း တစ်ခုအရ ငရုတ်သီး စပ်စပ် ဟင်းလျာတွေ စားသုံးလေ့ ရှိသူတွေ ဟာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်စွမ်း မြင့်မား ကြကြောင်း သိရှိလာရပါပြီ။
ငရုတ်သီးမှာ အဓိက အားဖြင့်ပါဝင်တဲ့ အပူဓာတ်တစ်မျိုး ဟာ သွေးတိုးခြင်းအပြင် သွေးတွင်း ကိုလက်စရော များပြားခြင်းကိုပါ ချေ ဖျက်နိုင်တဲ့အတွက် နှလုံးရောဂါ ဖြစ်ပွား မှုကိုပါ ထိထိရောက်ရောက် ကာကွယ် နိုင်ဖွယ်ရှိကြောင်း အဆိုပါ တက္ကသိုလ် ကလေ့လာမှုကို ဦးဆောင်ခဲ့သူ ဒေါက် တာဇန်ယူချွမ်ကဆိုခဲ့ပါတယ်။
"ငရုတ်သီး ထဲမှာ အဓိက အားဖြင့် ပါဝင်တဲ့ capsaicinoids ဆိုတဲ့ဓာတ် ပေါင်းတစ်မျိုးဟာ ပူစပ်ခြင်းကို ဖြစ်ပေါ် စေကာ သွေးအတွင်းအဆီဓာတ်များ ပြားမှုကိုလဲ ထိန်းသိမ်း နိုင်စွမ်း ရှိပါတယ်။
ကျွန်တော်တို့ လေ့လာ ခဲ့ကြရာမှာ ဟမ်းစတားလေးတွေကို အုပ်စု(၂) စုခွဲ ခဲ့ပြီး capsaicinoids ဓာတ်ပါဝင်တဲ့ အစားအသောက်၊ မပါဝင် အဲ့ စားအသောက် ဆိုပြီး ခွဲခြား ကျွေးခဲ့ပါတယ်။
တွေ့ရှိခဲ့ရ တဲ့ ရလဒ်ကတော့ အထက်မှာဖော်ပြ ခဲ့သလို သွေးအတွင်း အဆီဓာတ် ပါဝင်မှု နှုန်းတွေက သိသိသာသာကို ကွာခြားနေပါတယ်။"လို့ ဒေါက်တာ ဇန်ယူချွမ်က ဆိုခဲ့ပါတယ်။

အောင်မျိုးသန့်
Health Care

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, May 12, 2012

: Windows 7 ကို ဘာအကောင့်မှ မလိုပဲ Microsoft Site ကနေ တိုက်ရိုက်ဒေါင်းလုပ်လုပ်နိုင်တဲ့ Links လေးတွေ ကိုကြေငြာပေးချင်ပါတယ်ခင်ဗျာ။




Free Windows 7 Download (No Need for rapidshare/hotfile/megaupload )
Windows 7 ကို ဘာအကောင့်မှ မလိုပဲ Microsoft Site ကနေ တိုက်ရိုက်ဒေါင်းလုပ်လုပ်နိုင်တဲ့ Links လေးတွေ ကိုကြေငြာပေးချင်ပါတယ်ခင်ဗျာ။
ပထမဆုံးကြေငြာပေးချင်တာကတော့ Windows 7 home premium ပါခင်ဗျာ။


ownload ==> For 32-bit Windows 7 Home Premium x86 ISO
Download ==> For 64-bit Windows 7 Home Premium x64 ISO
Windows 7 professional

Download ==> For 32-bit Windows 7 Professional x86 ISO
Download ==> For 64-bit Windows 7 Professional x64 ISO
Windows 7 enter

Download ==> For 32-bit Windows 7 Enterprise x86 ISO
Download ==> For 64-bit Windows 7 Enterprise x64 ISO
Activator for all windows 7 ==> Download
အရမ်းလွယ်လွန်းလို့ ကျွန်တော် ၀င်းဒိုးအက်တစ်ပေးတာကိုပြောမပြလိုက်တာပါ။ ၀င်းဒိုး Activator ကိုဒေါင်းပြီး သွားရင် အင်စတောလုပ်လိုက်ပါ။ ဘာမှမလုပ်တတ်ရင် ဘာမှမလုပ်ပါနဲ့ ။ သူမှာပါတဲ့ ဒက်ဖော့ကအလုပ်လုပ်သွား ပါလိမ့်မယ်ခင်ဗျာ ။ ရီစတတ်ကျပြီး ၀င်းဒိုးပြန်တတ်လာတာနဲ့ ၀င်းဒိုးဟာ Genuine ဖြစ်နေပြီးသားပါခင်ဗျာ။ အဆင်ပြေကြပါစေခင်ျော
မူးရင်းလင့်မှကူးယူဖေါ်ပြပါသည်။  ဒီပိုစ်ကို ကိုဝင်းကမ္ဘာကျော်မှတင်ပြခဲ့ဘူးပါသည် ယခုတဖန်သူငယ်ချင်းများလွယ်လင့်တကူရှာဖွေနိင်ရန်ပြန်လည်မျှဝေပါသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

တောင်ကိုရီးယားသည် မကြာခင် ဂျပန်ထက် ချမ်းသာလာမည်


နှစ်ပေါင်းအတော်ကြာအောင် ဂျပန်က အာရှမှာ အချမ်းသာဆုံးနှင့် စီးပွားရေးအင်အားအကြီး ဖြစ်ခဲ့သည်။ အာရှစီးပွားရေးမှာ ပထမဆုံး စက်မှုခေတ် ပြောင်းနိုင်ခဲ့တဲ့ နိုင်ငံလည်းဖြစ်သည်။ နောက်မှ အာရှကျားတွေဖြစ်တဲ့ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ တောင်ကိုရီးယားနှင့် တရုတ်တို့  ဂျပန်လမ်းကြောင်းကိုကြည့်ပြီး လိုက်လာခြင်း ဖြစ်သည်။
ဒါပေမဲ့ အခု ဂျပန်ကို သူ့နောက်က နိုင်ငံတွေ ကျော်တက်စပြုနေပြီ။ တရုတ်စီးပွားရေးအရွယ်အစားက ဂျပန်ထက် ပိုကြီးသွားခဲ့ပြီ။ လူသိနည်းတဲ့ အချက်တစ်ခုက စက်မှုဖွံ့ပြီး အာရှနိုင်ငံသစ်တွေရဲ့ စီးပွားရေးက ဂျပန်ထက် ပိုပြီးချမ်းသာနေခြင်း ဖြစ်သည်။
နိုင်ငံတွေရဲ့ လူနေမှုအဆင့်အတန်းကို နှိုင်းယှဉ်ဖို့ အကောင်းဆုံးနည်းက တစ်ဦးချင်း ၀ယ်ယူနိုင်စွမ်း (purchasing-power parity) ဖြင့် တိုင်းတာတဲ့ နိုင်ငံသားတစ်ဦးချင်း ဂျီဒီပီ (GDP per person) ဖြစ်သည်။ ဤနည်းအားဖြင့် တိုင်းပြည်တစ်ခုချင်းအလိုက် လူနေမှုစရိတ် ကွာခြားမှုတွေကို ကြည့်ကြသည်။ PPP တိုင်းတာမှုအရဆိုရင် စင်္ကာပူက ဂျပန်ကို ၁၉၉၃ ခုနှစ်မှာ ကျော်တက်ခဲ့သည်။ ဟောင်ကောင်က ၁၉၉၇ ခုနှစ်မှာ ကျော်လွန် ခဲ့သည်။ ထိုင်ဝမ်က ၂၀၁၀ မှာ ဂျပန်ကို ကျော်လွန်ခဲ့သည်။
အခုနောက်ဆုံး IMF ရဲ့ ခန့်မှန်းချက်အရ လာမယ့်ငါးနှစ်အတွင်း တောင်ကိုရီးယားက ဂျပန်ထက် ချမ်းသာလာပြီး၊ စီးပွားရေး အင်အားပါ သာလွန်သွားမည်ဟု ဆိုသည်။ ၁၉၈၀ ခုနှစ်ကဆိုရင် တောင်ကိုရီးယား တစ်ဦးချင်းရဲ့ ဂျီဒီပီက ဂျပန်ရဲ့ လေးပုံတစ်ပုံသာ ရှိခဲ့သည်။ ယခုတော့ တောင်ကိုရီးယားက နေရစ်တော့ ဂျပန်ရေ.. ဟု နှုတ်ဆက်ဖို့ ရှိနေသည်။

source: IMF
ဝင့်ထန်း
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

BERSIH သန့်ရှင်းမှု၊ ဘာဆစ် ၃.၀ နှင့် မြန်မာပြည်


မြန်မာပြည်တွင် အခြေခံဥပဒေပြောင်းလဲရန် လွှတ်တော်ထဲသို့ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်သွားချိန်သည် မလေးရှားနိုင်ငံတွင် အပြောင်းအလဲ ဖြစ်ဖို့ လူတွေ လမ်းပေါ်ကို ထွက်လာကြသည့် အချိန်နှင့် တိုက်ဆိုင်နေလေသည်။
ဘာဆစ် ဟူသည် သန့်ရှင်းမှု၊ စင်ကြယ်မှုနှင့် လွတ်မြောက်မှုကို ညွှန်းဆိုနေလေသည်။ မြန်မာပြည်၏ အနေအထားများနှင့် မလေးရှား၏ ဘာဆစ်ကို နှိုင်းယှဉ်ကြည့်ပြီး မိမိဥာဏ်ဖြင့် ဆင်ခြင်ကြည့်ကြရန် ဖြစ်သည်။
နိုင်ငံတိုင်းသည် ကိုယ်ပိုင်လမ်းစဉ်ဖြင့် လျှောက်လှမ်းကြရသည်သာ ဖြစ်သည်။ သို့သော် အိမ်နီးချင်းနိုင်ငံများ၏ အကြောင်းခြင်းရာများကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး မိမိ၏ အနေအထားကို သုံးသပ်ကြည့်ကြရန် ဖြစ်ပါသည်။
ဘာဆစ်ဟူသည်မှာ မလေးဘာသာဖြင့် သန့်ရှင်းခြင်းဟု အဓိပ္ပာယ်ရသည်။ ဘာဆစ်လှုပ်ရှားမှု ဟူသည်မှာ မလေးရှားနိုင်ငံတွင် သန့်ရှင်းပြီး တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ပေါ်လာရန်၊ မဲပေးပုံစနစ် ပြုပြင်ပြောင်းလဲရန်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ စုပေါင်းကာ လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်သော လှုပ်ရှားမှု ဖြစ်သည်။
ဘာဆစ်လှုပ်ရှားမှု အဖွဲ့ကို ၂၀၀၆ နိုဝင်ဘာ ၂၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး၊ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပါဝင်ခဲ့သည်။
မလေးရှား နိုင်ငံတော်ဝန်ကြီးချုပ် လက်အောက်ရှိ ရွေးကောက်ပွဲကော်မရှင်သည် မဲပေးပုံစနစ်ကို ထိန်းချုပ်ချယ်လှယ်ထားပြီး လက်ရှိအုပ်ချုပ်နေသော အစိုးရအနိုင်ရရှိနေစေရန် မမျှတသော စနစ်ကို ထွင်ထားကြောင်း ဘာဆစ်လှုပ်ရှားမှုအဖွဲ့က စွပ်စွဲထားသည်။
၂၀၀၇ နိုဝင်ဘာ ၁၀ ရက်နေ့တွင် ဘာဆစ်အဖွဲ့မှ လူပေါင်း ၁ သောင်းမှ ၄ သောင်းအထိပါဝင်သော လူထုသဘောထားဖော်ထုတ်ပွဲကို ကွာလာလမ်ပူမြို့တွင် စီစဉ်ခဲ့ပြီး၊ တက်ရောက်လာသူများကို မတရားသော 'ဂွင်'ကို ဆန့်ကျင်ခြင်း အထိန်းအမှတ် အ၀ါရောင်ကို ၀တ်ဆင်ကြရန် တိုက်တွန်းခဲ့သည်။ ဤလှုပ်ရှားမှုသည် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိခဲ့သည်။
၂၀၀၈ ရွေးကောက်ပွဲတွင် လက်ရှိအုပ်ချုပ်နေသော အမျိုးသားတပ်ဦး (national front) သည် ပုံမှန်နိုင်နေကျ မဲသုံးပုံနှစ်ပုံကို အနိုင်မရရှိခဲ့တော့ပေ။ ၁၉၆၉ ခုမှသည် လွှတ်တော်တွင် အမြဲတမ်းသုံးပုံနှစ်ပုံ နိုင်ခဲ့သော အမျိုးသားတပ်ဦ ကို ဘာဆစ်လှုပ်ရှားမှုက အားနည်းစေခဲ့သည်။

ဧပြီ ၂၀၁၀ တွင် ဘာဆစ် ၂.၀ ကို စတင်သည်။ အခုလှုပ်ရှားရာတွင် နိုင်ငံရေးပါတီများ ပါဝင်လာခြင်း မရှိတော့ဘဲ အရပ်ဘက်လူ့အဖွဲ့အစည်းများသက်သက်ဖြင့် လှုပ်ရှားခဲ့သည်။ ၂၀၁၁ ဇွန်လတွင် မလေးရှားနိုင်ငံရှေ့နေများကောင်စီဥက္ကဌ ဒါတို အမ်ဘီကာ စကရိမ်ဝါဆံ သည် ဘာဆစ်လှုပ်ရှားမှု အဖွဲ့၏ ဥက္ကဌ ဖြစ်လာခဲ့သည်။
ဘာဆစ်၏ တောင်းဆိုချက်များကို ရွေးကောက်ပွဲ ကော်မရှင်က မလိုက်လျောခဲ့သဖြင့် ဘာဆစ် ၃.၀ ကို  ယခုနှစ် ဧပြီလ ၂၈ ရက်နေ့က ကျင်းပခဲ့လေသည်။ ယခုလှုပ်ရှားမှုကို မလေးရှားနိုင်ငံရှိ အကြီးဆုံးသော အတိုက်အခံပါတီ သုံးခုက ကူညီခဲ့သည်။
ဘာဆစ်လှုပ်ရှားမှုကို နိုင်ငံတကာအထိ ရောက်အောင် ဖြန့်ကျက်နိုင်ခဲ့သည်။ နိုင်ငံပေါင်းစုံမှ မလေးရှား၏ ဘာဆစ်လှုပ်ရှားမှုကို ထောက်ခံသူများ အ၀ါရောင်ဝတ်ဆင်၍ လမ်းပေါ်ထွက်ချီထက်ကာ သဘောထားထုတ်ဖော်ခဲ့ကြသည်။
ဘာဆစ်၏ တောင်းဆိုချက်များမှာ ၁။ မဲဆန္ဒရှင် စာရင်းကို စိစစ်ရှင်းလင်းပေးရန် ၂။ စာတိုက်ကတစ်ဆင့် မဲပေးနည်းကို ပြုပြင်ပေးရန် ၃။ မဲဆန္ဒရှင်များအတွက် မှင်အမှတ်အသား အသုံးပြုရန် ၄။ ရွေးကောက်ပွဲ မဲဆွယ်မှုကို ၂၁ ရက်အထိ အနည်းဆုံးသတ်မှတ်ပေးရန် ၅။ မီဒီယာလွတ်လပ်ခွင့်ပေးရန် ၆။ ပြည်သူပိုင်အဖွဲ့အစည်းများကို အားဖြည့်ပေးရန် ၇။ ခြစားမှုတိုက်ဖျက်ပေးရန် ၈။ညစ်ပတ်သော နိုင်ငံရေးကို ဖယ်ရှားပေးရန်တို့ ဖြစ်သည်။
ဘာဆစ်တောင်းဆိုချက်များမှ အချက် ၅ ဖြစ်သော မီဒီယာလွတ်လပ်ခွင့် အတွက် လမ်းမများပေါ်ထွက်ပြီး သဘောထားဖော်ထုတ် ရင်ဆိုင်နေချိန်တွင် လူထု၏ အနေအထားကို မီဒီယာများမှ ထုတ်လွှင့်ပြသနိုင်ခွင့် အတွက် ရုန်းကန်ခဲ့ရသည်။  မလေးရှားနိုင်ငံ အစိုးရသည် သတင်းစာများ၊ ရုပ်မြင်သံကြားဌာနများကို ထိန်းချူပ်ထားသည်။ သတင်းသမားများမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်မရပဲ ထိန်းချုပ်ခံနေရသည်။

မလေးရှားနိုင်ငံ၏ မီဒီယာလောက သည် လွတ်လပ်မှု မရှိကြောင်း နိုင်ငံတကာစံနှုန်းများက ဖော်ပြနေသည်။ ယခုလှုပ်ရှားမှုကြောင့်ပို၍ပင် တင်းကျပ်လာသည်။ မြန်မာပြည်တွင် မီဒီယာများ လွတ်လပ်ခွင့်ရလာသည်နှင့် ပြောင်းပြန် ဖြစ်နေပြန်သည်။
မလေးရှားနိုင်ငံအစိုးရသည် မီဒီယာ ကို ထိန်းချုပ်လာသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော် ယခု ဘာဆစ် ၃.၀ လုပ်ရှားမှုတွင် ဂျာနယ်လစ်များကို တိုက်ခိုက်ပြီး ကင်မရာ သိမ်းယူခြင်းများ ပြုလုပ်ခဲ့သည်။ အစိုးရက ဤသည်မှာ လုပ်ရိုးလုပ်စဉ်သာ ဖြစ်ကြောင်း ပြောသည်။
မြန်မာပြည်ကို ပြန်ကြည့်ပါမည်။
လွန်ခဲ့သော ၅ နှစ်ကာလ မြန်မာပြည်တွင် ရွှေဝါရောင်တော်လှန်ရေးပေါ်ပေါက်ခဲ့သည်။ မရှေးမနှောင်း ထိုင်းနိုင်ငံတွင်လည်း အ၀ါနှင့် အနီ ရန်ဖြစ်ကြသေးသည်။ အ၀ါသည် ထိုင်းနိုင်ငံတွင် တော်ဝင်သဘောဆောင်၍၊ မလေးတွင် ပြောင်းလဲမှု သဘောကို ဆောင်သည် ထင်သည်။ မြန်မာပြည်တွင် ရွှေတစ်လုံးထပ်တိုးကာ ပိုတောင် လေးနက်သွားသည်ထင်ရသည်။
ရွှေဝါရောင်တောင်လှန်ရေးကို ဖိနှိပ်မှုကြောင့် မြန်မာပြည်သားတွေ ၀မ်းနည်း စိတ်ပျက်အားလျှော့မှုများ ကြုံခဲ့သည်။ အစိုးရအပေါ်အားမလိုအားမရ ဖြစ်ခဲ့ရသည်။ ၂၀၁၀ ရွေးကောက်ပွဲပြီး မြန်မာပြည်၏ အပြောင်းအလဲများ စတင်မိတ်ဆက်ချိန်တွင် မြန်မာပြည်သားများမှာ အံ့အားသင့်စွာဖြင့် ပျော်ရွှင်ကြည်နူးခဲ့ရသည်။ အခုအခါ မြန်မာနိုင်ငံသားများကြားတွင် မကြုံဖူးသော အားတက်မှုများ ရှင်သန်လျက် ရှိနေသည်။ အသိကိန်းများ ရှိနေသေးသော်လည်း မျှော်လင့်ချက် ရောင်ခြည်များ ထွန်းလင်းလျက်ရှိသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် အိမ်နီးနားချင်း နိုင်ငံများ၏ အခြေအနေများကို စူးစမ်းလေ့လာကြည့်ရသည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ သီရိလင်္ကာလို မြန်မာတွေနှင့် မစိမ်းလှသော နိုင်ငံမျိုးတွင် မြန်မာနိုင်ငံရေးကို စိတ်ပါဝင်စားစွာ စောင့်ကြည့်နေကြသူတွေ ရှိသည်။ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားတွင်လည်း မြန်မာပြည်အကြောင်းကို ပြောနေကြသည်။ အမှန်မှာ မြန်မာပြည်၏ အပြောင်းအလဲများကို တကမ္ဘာလုံးက စိတ်ဝင်စားနေကြသည်သာ ဖြစ်သည်။
မြန်မာပြည်တွင် အပြောင်းအလဲလုပ်စရာများ အများအပြားကျန်နေသေးသည်သာဖြစ်သည်။ သို့သော် အကောင်းဖက်မှ ကြည့်ပေးနေရသည်။ အတိတ်က ခါးသီးမှု ရေဆုံးရေခန်းရောက်ခဲ့သည် မဟုတ်ပါလား။
မြန်မာပြည်၏ အပြောင်းအလဲများထဲမှ စိတ်ဝင်စားစရာ အကောင်းဆုံးမှာ မီဒီယာ လွတ်လပ်လာမှု ဖြစ်ပါသည်။ အစိုးရကို ဆန့်ကျင်သော ပြည်ပမီဒီယာများ ပြည်ထဲပြန်ဝင်ခွင့်ရခြင်း၊ လွတ်လပ်စွာ သတင်းထုတ်ပြန်ခွင့် ရလာခြင်းများကို ကြုံတွေ့လာရသည်။
အခြားတစ်ဖက်တွင် အိမ်နီးချင်းနိုင်ငံဖြစ်သော မလေးရှားနိုင်ငံတွင် ဘာဆစ် ၃.၀ ကို ကွာလာလမ်ပူမြို့ လမ်းမများပေါ်တွင် ချီတက်ပြကြရာ၊ မီဒီယာသမားတို့ အလူးအလဲ ခံကြရသည်။
ဘဆစ်ဟူသည် လွတ်လပ်မှုကိုလည်း ညွန်းသည်။ သန့်ရှင်းမှုကိုလည်း ကိုယ်စားပြုသည်။ လွတ်လပ်မှု၊ ညီမျှမှုနှင့် သန့်ရှင်းမှုအတွက် တစ်ချို့ပုဂ္ဂိုလ်များသည် အပြင်သို့ထွက်ကြပြီး၊ တစ်ချို့ကား အတွင်းသို့ ၀င်ကြလေသည်။ လုပ်နည်းလုပ်ဟန်သာ ကွာခြားပြီး ယုံကြည်ချက်မှာ အတူတူသာ ဖြစ်သည်။
မောင်စိုင်းစား
Written by မောင်စိုင်းစား 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အိုင်းစတိုင်း၊ စတီဖင်ဟော့ကင်း တို့နှင့် ဉာဏ်ရည် မကွာတဲ့ လေးနှစ် သမီးလေး


အင်္ဂလန် ၀င်ချက်စတာမြို့မှ ဟိုက်ဒီ ဟန်ကင်းစ် (Heidi Hankins) အမည်ရှိ ၄ နှစ်သမီးလေးရဲ့ ဉာဏ်ရည်ပြကိန်း (IQ) မှာ ၁၅၉ ရှိပြီး ရူပဗေဒအကျော်အမော် အဲလ်ဘတ် အိုင်စတိုင်းနှင့် စတီဖင်ဟောကင်း တို့ထက် ၁ မှတ်သာ နိမ့်ကြောင်း တွေ့ရသည်။
ဟိုက်ဒီ ဟန်ကင်းစ် ကို အင်္ဂလန်ရှိ ကမ္ဘာ့အိုင်ကျူအမြင့်ဆုံးသူများ အဖွဲ့ Mensa International က ဉာဏ်ရည်မြင့် ကလေးအဖြစ် အတည်ပြုပြီး အဖွဲ့ဝင်သစ်အဖြစ် လက်ခံလိုက်သည်။
ဟိုက်ဒီ က အသက် ၂ နှစ်အရွယ်မှာပင် အသက် ၈ နှစ် အရွယ်တွေ ဖတ်သော စာများကို ဖတ်နိုင်ခဲ့သည်။ ပုံမှန်အားဖြင့် အသက် ၁၀ နှစ်အောက် ကလေးများကို အိုင်ကျူ စနစ်တကျ စမ်းသပ်မှု လုပ်လေ့မရှိသော်လည်း၊ ယခု Mensa အဖွဲ့က စိတ်ပိုင်းဆိုင်ရာ မေးခွန်းများ မေးခြင်းဖြင့် ဟိုက်ဒီ ဟန်ကင်းစ် ရဲ့ အိုင်ကျူကို အတည်ပြုခဲ့ကြသည်။
"ဟိုက်ဒီ က အချိန်တွေ၊ နေရာတွေ၊ သာမန်လူတွေ သတိမထားမိတဲ့ ဖြစ်ရပ်တွေကို မှတ်မိလွယ်တယ်၊ မှတ်ဉာဏ်အရမ်း ကေင်းတယ်" ဟု သူ့ဖခင်က the Star သတင်းစာကို ပြောပြသည်။
ဟိုက်ဒီ တစ်ဦးထဲသာ အိုင်ကျူမြင့်သူ မဟုတ်။ ၂၀၀၉ ခုနှစ်ကလည်း Oscar Wrigly ဆိုသည့်ကလေးသည် အသက် ၂ နှစ်အရွယ်မှာ အိုင်ကျူ ၁၆၀ ရှိခဲ့ပြီး Mensa အဖွဲ့တွင် အသက် အငယ်ဆုံးဖြင့် ကမ္ဘာ့အိုင်ကျူ အမြင့်ဆုံး စံချိန်ချိုးခဲ့သည်။
သာမန်လူတွေရဲ့ ပျမ်းမျှ အိုင်ကျူမှာ ၁၀၀ ခန့် ရှိသည်ဟု Mensa International ဉာဏ်ကြီးရှင် အဖွဲ့က ဆိုသည်။
Category: မောက
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ယခုနှစ်ရာသီ ဘာကလေ အကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆုများ ရရှိသွားသည့် အလန်ပါဂျူးနှင့် ကွန်ပနီ


ယခုနှစ်ရာသီ ဘာကလေ အကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆုများ ရရှိသွားသည့် အလန်ပါဂျူးနှင့် ကွန်ပနီ
ယခုနှစ်ရာသီ ဘာကလေ အကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆုများ ရရှိသွားသည့် အလန်ပါဂျူးနှင့် ကွန်ပနီ
နယူးကာဆယ်လ်နည်းပြ အလန်ပါဂျူးနှင့် မန်စီးတီးကပ္ပတိန် ကွန်ပနီတို့မှာ ယခုနှစ်ရာသီ ဘာကလေ အကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆုများ ရရှိသွားကြောင်း သိရှိရသည်။

အလန်ပါဂျူးသည် ဒီရာသီ နယူးကာဆယ်အသင်းအား ချန်ပီယံလိဂ်ဝင်ခွင့် ရရှိစေမည့် အဆင့်လေးနေရာအား  စိန်ခေါ်နိုင်သည်အထိ ဦးဆောင်မှု ပေးနိုင်ခဲ့သည့်အတွက် အဆိုပါဆုအား ရရှိခဲ့ခြင်းဖြစ်ပြီး၊  ကွန်ပနီမှာမူ ပြီးခဲ့သည့် မန်ချက်စတာဒါဘီတွင် မန်စီးတီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးအား သွင်းယူပေးခဲ့မှုအပါအ၀င်၊ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေသည့် မန်စီးတီးအသင်းအား အကောင်းဆုံးဦးဆောင်မှု ပေးနိုင်ခဲ့သဖြင့်၊ ယခုနှစ်ရာသီ ဘာကလေ အကောင်းဆုံးကစားသမားဆုအား ချီးမြှင့်ခံရခြင်းဖြစ်သည်။

လက်ရှိတွင် လက်ကျန်တစ်ပွဲစီကစားရန် ကျန်ရှိမှုနှင့်အတူ၊ နယူးကာဆယ်အသင်းမှာ အဆင့် ငါးနေရာတွင် ရပ်တည်နေပြီး၊ မန်စီးတီးအသင်းမှာမူ ဂိုးကွာခြားချက်အသာဖြင့် မန်ယူအသင်း၏ အထက်တွင် ဦးဆောင်နေသည်။

လာမည့် ဒီရာသီနောက်ဆုံးပွဲစဉ်များတွင် နယူးကာဆယ်အသင်းနှင့် မန်စီးတီးအသင်းတို့မှာ အနိုင်ရလဒ်များ ရယူနိုင်ခဲ့ပါက၊ နယူးကာဆယ်အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမည်ဖြစ်သလို၊ မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မည် ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လန်ဒန်အိုလံပစ်ပြိုင်ပွဲအတွက် ရော်နယ်ဒင်ညိုအား ချန်လှပ်..

လန်ဒန်အိုလံပစ်ပြိုင်ပွဲအတွက် ရော်နယ်ဒင်ညိုအား ချန်လှပ်ပြီး၊ ဂီလာန ပါတိုအား အံ့အားသင့်ဖွယ် ရွေးချယ်လိုက်သည့် ဘရာဇီးအသင်း
လန်ဒန်အိုလံပစ်ပြိုင်ပွဲအတွက် ရော်နယ်ဒင်ညိုအား ချန်လှပ်ပြီး၊ ဂီလာန ပါတိုအား အံ့အားသင့်ဖွယ် ရွေးချယ်လိုက်သည့် ဘရာဇီးအသင်း
ဖလာမင်ဂိုစတားရော်နယ်ဒင်ညိုမှာ လန်ဒန်အိုလံပစ်ပြိုင်ပွဲအတွက် ဘရာဇီးအသင်း၏ ဆန်ခါတင်စာရင်းတွင် ချန်လှပ်ခြင်းခံရပြီး၊ ဒီတစ်ရာသီလုံး ဒဏ်ရာများနှင့် နပန်းလုံးနေသည့် အေစီမီလန်တိုက်စစ်မှူး ပါတိုမှာမူ အံ့အားသင့်ဖွယ် ရွေးချယ်ခံခဲ့ရသည်။

ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ညိုသည် ဘရာဇီးအသင်း၏ လာမည့် ခြေစမ်းပွဲများအတွက်၊ နည်းပြ မီနီဇက်ဇ်၏ (၂၃)ယောက်လူစာရင်းတွင် ချန်လှပ်ခံခဲ့ရခြင်းဖြစ်သည်။

ရော်နယ်ဒင်ညိုသည် အိုလံပစ်ပြိုင်ပွဲအတွက် (၅၂)ယောက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သော်လည်း၊ နည်းပြ မီနီဇက်ဇ်၏ လန်ဒန်အိုလံပစ်ပြိုင်ပွဲအတွက် ခေါ်ယူသွားမည့် ကစားသမားစာရင်းအား မကြေညာခင်၊ နောက်ဆုံးဆန်ခါတင်စာရင်းတွင် ချန်လှပ်ခံခဲ့ရသည်။

ယခုနှစ်ဘောလုံးရာသီတစ်လျှောက်လုံး ဒဏ်ရာများ မကြခဏရရှိနေသည့် မီလန်တိုက်စစ်မှူး ပါတိုမှာမူ၊ အံ့အားသင့်ဖွယ် ရွေးချယ်ခံခဲ့ရသလို၊ ဖလာမီနီတိုက်စစ်မှူး ၀ယ်လင်တန်မှာလည်း ဘရာဇီးလက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးခေါ်ယူခြင်း ခံခဲ့ရသည်။

ဘရာဇီးအသင်းသည် ဇွန်(၉) အာဂျင်တီးနား၊ ဇွန်(၃) မက္ကဆီကို၊ မေ (၃၀) အမေရိကန်အသင်းတို့နှင့် ခြေစမ်းပွဲမကစားခင်၊ မေလ (၂၆)တွင် ဒိန်းမတ်အသင်းနှင့် စတင်ခြေစမ်းမည်ဖြစ်သည်။

လာမည့် လန်ဒန်အိုလံပစ်တွင် ဘရာဇီးအသင်းသည် အီဂျစ်၊ ဘီလာရပ်စ်၊ နယူးဇီလန်တို့နှင့် တစ်အုပ်စုတည်းကျလျှက် ရှိနေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မနက်ဖြန်ပွဲဟာ ကျွန်တော့်ရဲ့ ချယ်လ်ဆီးမန်နေဂျာဘ၀ နောက်ဆုံးပွဲ ဖြစ်လာနိုင်ပါတယ် - ဒီ မက်တီယို

မနက်ဖြန်ပွဲဟာ ကျွန်တော့်ရဲ့ ချယ်လ်ဆီးမန်နေဂျာဘ၀ နောက်ဆုံးပွဲ ဖြစ်လာနိုင်ပါတယ် - ဒီ မက်တီယို
မနက်ဖြန်ပွဲဟာ ကျွန်တော့်ရဲ့ ချယ်လ်ဆီးမန်နေဂျာဘ၀ နောက်ဆုံးပွဲ ဖြစ်လာနိုင်ပါတယ် - ဒီ မက်တီယို
ချယ်လ်ဆီးနည်းပြ ဒီ မက်တီယိုက မနက်ဖြန်တွင် စတမ်းဖို့ဗရစ်ခ်ျတွင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်သည် သူ၏ ချယ်လ်ဆီးမန်နေဂျာဘ၀ နောက်ဆုံးပွဲစဉ်ဖြစ်လာနိုင်ကြောင်း ပြောကြားလိုက်သည်။

အဆိုပါချယ်လ်ဆီးယာယီနည်းပြသည် အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျနှင့် နောက်ရာသီအတွက် စာချုပ်ချုပ်ဆိုရခြင်း မရှိသေးချေ။

ဒီ မက်တီယိုက သူ့အနေဖြင့် လက်ရှိစွမ်းဆောင်နိုင်သည်မှာ လာမည့် မြူးနစ် ချန်ပီယံလိဂ်ဖိုင်နယ်တွင် အနိုင်ရရှိအောင် ပြုလုပ်ရန်ဖြစ်ပြီး၊ အဆိုပါအချက်က သူ့အား အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် လုံလောက်မှုရှိလိမ့်မည်ဟု မျှော်လင့်နေသည်။

"ကျွန်တော့်ရဲ့စာချုပ်က ဇွန်မှာ ကုန်ဆုံးမှာပါ၊ လက်ရှိ ကျွန်တော့်ရဲ့အနေအထားကလည်း ပြောင်းလဲမှု မရှိသေးပါဘူး၊ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲပြီးရင် ၊ ဘာတွေဆက်ဖြစ်မယ် မသိသေးပါဘူး၊ အဲဒီအကြောင်း စဉ်းစားဖို့ လိုပါသေးတယ်၊ လောလောဆယ် အဲဒီထက် အရေးကြီးတဲ့ကိစ္စတွေ ရှိနေပါသေးတယ်"

"အခု ကျွန်တော် ချယ်လ်ဆီးမန်နေဂျာတစ်ယောက်အနေနဲ့ အလုပ်လုပ်ရတာ ပျော်ပါတယ်၊ ပြီးတော့ ပရိသတ်တွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေပါတယ်"

"ကျွန်တော်မှာ ဒီကလပ်နဲ့ ပတ်သက်ပြီး၊ ဆက်နွယ်မှုတွေ ရှိနေပါတယ်၊ စတမ်းဖို့ဗရစ်ခ်ျကို ပြန်လာရတာ၊ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်"

"ဒါပေမယ့် ဒီမှာ ကျွန်တော်က အရေးမပါပါဘူး၊ အဓိကက အသင်းပါ၊ အသင်းဟာ နောက်အပတ် မြူးနစ်ဖိုင်နယ်မှာ ထူးရှယ်အခွင့်အရေးတစ်ခုကို ရယူရပါမယ်"ဟု ဒီ မက်တီယိုက ပြောကြားသွားခဲ့သည်။

မနက်ဖြန်တွင် စတမ်းဖို့ဗရစ်ခ်ျတွင် ကစားမည့်ပွဲသည် စာချုပ်ကုန်ဆုံးတော့မည့် ဒရော့ဘာ၏ နှုတ်ဆက်ပွဲ ဖြစ်လာနိုင်သော်လည်း၊ အဆိုပါပွဲတွင် အိုင်ဗရီကို့စ်တိုက်စစ်မှူးမှာ ပါဝင်ကစားရန် မကျိန်းသေချေ။

မနက်ဖြန်ပွဲတွင် ဒီ မက်တီယိုသည် လာမည့် ချန်ပီယံလိဂ်ဖိုင်နယ်အတွက် အဓိကကစားသမားများအား အနားပေးသည့်အနေဖြင့်၊ လူငယ်ကစားသမားများအား အတွေ့အကြုံရစေရန် ပွဲထုတ်သွားဖွယ်ရှိနေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, May 9, 2012

အထင်ကြီးမှုမရရှိခဲ့သည့် ဒေးဗစ် ဘက်ခမ်း

ဂရိတ်ဗြိတိန်အသင်းအတွက် စတူးဝပ် ပီယာ့စ်ရဲ့ အထင်ကြီးမှုမရရှိခဲ့သည့် ဒေးဗစ် ဘက်ခမ်း
ဂရိတ်ဗြိတိန်အသင်းအတွက် စတူးဝပ် ပီယာ့စ်ရဲ့ အထင်ကြီးမှုမရရှိခဲ့သည့် ဒေးဗစ် ဘက်ခမ်း
စတူးဝပ်ပီယာ့စ်သည် ဂရိတ်ဗြိတိန်အသင်းလူစာရင်းအတွက် ဒေးဗစ် ဘက်ခမ်း၏ခြေစွမ်းအား အကဲခတ်ရန် ပြီးခဲ့သည့်အပတ် အယ်လ်အေ ဂလက်ဆီအသင်းကစားခဲ့သည့် မေဂျာလိဂ်ပွဲအား သွားရောက်ကြည့်ရှုခဲ့ပြီး၊ အဆိုပါပွဲတွင် ဒေးဗစ် ဘက်ခမ်းမှာ စတူးဝပ်ပီယာ့စ် သဘောကျလောက်အောင် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

စတူးဝပ်ပီယာ့စ်သည် ပြီးခဲ့သည့်စနေနေ့က ဒေးဗစ် ဘက်ခမ်းအား စောင့်ကြည့်လေ့လာရန်အတွက် လော့အိန်ဂျယ်လိစ်သို့ ရောက်ရှိနေခဲ့သည်။

ဒေးဗစ် ဘက်ခမ်းသည် ဒီနွေအိုလံပစ်ပြိုင်ပွဲဝင်မည့် စတူးဝပ် ပီယာ့စ်၏ ဂရိတ်ဗြိတိန်အသင်းက အသက်လွန် ကစားသမား(၃)နေရာထဲက တစ်နေရာအတွက် တိုက်ပွဲဝင်နေသူဖြစ်သည်။

ဂလက်ဆီအသင်းသည် ပွဲပြီးခါနီးတွင်ရရှိသည့် သရေကျမည့် အခွင့်အရေးအား မလွဲချော်ခင် ပြုလုပ်ခဲ့သည့် ဒေးဗစ် ဘက်ခမ်း၏ အမှားနှင့်အတူ နယူးယောက်ခ် ရက်ဘူးစ်အသင်းအား (၁-၀)ဂိုးမရှိဖြင့် ရှုံးနိမ့်သွားခဲ့သည်။

အဆိုပါပွဲတွင် မိနစ်(၉၀)အပြည့် ပါဝင်ကစားခဲ့သည့် ဒေးဗစ် ဘက်ခမ်းက မနှစ်က မေဂျာလိပ်ဖလားရရှိပြီးနောက်၊ ဒီနှစ်ဘောလုံးရာသီတွင် အဆင့်(၇)နေရာ၌ ရပ်တည်နေရသည့် အသင်း၏ လက်ရှိပုံစံအား စိတ်ပျက်မိကြောင်း ပြောကြားသွားခဲ့သည်။




"အသင်းရဲ့အခြေအနေက တစ်ပတ်ပြီး၊ တစ်ပတ် ပိုဆိုးလာပါတယ်၊ ကျွန်တော်တို့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့်၊ အသုံးမချနိုင်ခဲ့ပါဘူး၊ "

""နှစ်ပွဲကစားရမှုနဲ့အတူ၊ အသင်းရဲ့ခံစစ်က ဆိုးဝါးခဲ့ပါတယ်၊ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရတာ အရမ်းကို စိတ်ပျက်ဖို့ကောင်းပါတယ်"ဟု ဘက်ခမ်းက ပြောကြားသွားခဲ့သည်။




အဆိုပါပွဲအား နယူးကာဆယ်အသင်းဖော်ဟောင်း ၀ါရန် ဘာတန်နှင့်အတူ ကြည့်ရှုခဲ့သည့် စတူးဝပ် ပီယာ့စ်သည် မေလအကုန်တွင် သူ့အသင်း၏ ကစားသမား(၁၈)ဦးစာရင်းအား ကြေညာသွားမည်ဖြစ်သည်။

အမေရိကသို့ လေယာဉ်ဖြင့်မလာရောက်ခင်၊ ပီယာ့စ်က - "ကျွန်တော့်အနေနဲ့ အသင်းမှာပါဝင်ဖို့ ထိုက်တန်တဲ့ခြေစွမ်းရှိသလားဆိုတဲ့အပေါ်မှာပဲ ရွေးချယ်သွားမှာပါ၊ ဘက်ခမ်းရဲ့ လက်ရှိခြေစွမ်းကို တွေ့ရတဲ့အခါကျရင်တော့ ၊ ကျွန်တော့်အနေနဲ့ပိုပြီး ဆုံးဖြတ်လာနိုင်ပါလိမ့်မယ်"ဟု စတူးဝပ်ပီယာ့စ်က ပြောကြားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မန်စီးတီးအသင်းနှင့် ပေါင်(၂၂)သန်းတန်ကြေးရှိ စာချုပ်သစ်ချုပ်ဆိုတော့မည့် ရောဘတ်တို မန်စီနီ

မန်စီးတီးအသင်းနှင့် ပေါင်(၂၂)သန်းတန်ကြေးရှိ စာချုပ်သစ်ချုပ်ဆိုတော့မည့် ရောဘတ်တို မန်စီနီ
မန်စီးတီးအသင်းနှင့် ပေါင်(၂၂)သန်းတန်ကြေးရှိ စာချုပ်သစ်ချုပ်ဆိုတော့မည့် ရောဘတ်တို မန်စီနီ
မန်စီးတီးအသင်းသည် နည်းပြမန်စီနီအား ပေါင်(၂၂)သန်းတန်ကြေးရှိ စာချုပ်သစ်ချုပ်ဆိုခြင်းဖြင့် ပရီးမီးယားလိဂ်ချန်ပီယံများအဖြစ် အောင်ပွဲခံချင်ကြောင်း သိရှိရသည်။

မန်စီနီ၏ အဆိုပါလေးနှစ်သက်တမ်းရှိစာချုပ်သစ်သည် သူ့အား ဖာဂူဆန်ကိုကျော်ဖြတ်ကာ၊ အင်္ဂလန်၏ လစာအများဆုံးရနည်းပြအဖြစ်သို့ ရောက်ရှိစေမည်ဖြစ်သည်။

ဒီရာသီ ပရီးမီးယားလိဂ်ဖလားအား လွဲချော်ခဲ့ရင်တောင်မှ၊ မန်စီးတီးအသင်းသည် နည်းပြမန်စီနီ၏ လက်ရှိရနေသည့် တစ်နှစ် ပေါင်(၂)သန်းလစာအား ပေါင် (၅.၅)သန်းသို့ တိုးမြှင့်ကမ်းလှမ်းသွားရန်စီစဉ်နေကြောင်း သိရှိရသည်။

သို့ပါသော်လည်း မန်စီးတီးတာဝန်ရှိသူများသည် မန်ယူ၏နောက် (၈)မှတ်ကွာဟနေရာမှ၊ ယခုလို ကျော်တက်လာနိုင်ပြီးနောက်တွင်မှ၊ နည်းပြမန်စီနီအား စာချုပ်သစ်ချုပ်ဆိုရန် ပိုမိုလိုလားလာခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် အဆိုပါနှစ်သင်းသည် ရမှတ်တူညီနေသော်လည်း၊ မန်စီးတီးအသင်းက မန်ယူထက် (၈)ဂိုးအသာရလျှက်ရှိနေသည်။

ထို့ကြောင့် လာမည့်တနင်္ဂနွေတွင် ကျူပီအာအသင်းအား အနိုင်ရရှိခဲ့ပါက၊ မန်စီးတီးအသင်းသည် နှစ်ပေါင်း (၄၄)နှစ်ကြာကင်းကွာနေသည့် ပရီးမီးယားဆုဖလားအား ကိုင်မြှောက်ခွင့်ရရှိမည်ဖြစ်သည်။

လက်ရှိတွင် မန်စီနီသည် နောက်ရာသီအတွက် ပြင်ဆင်မှုများပြုလုပ်နေပြီး၊ အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်နေသေးသော်လည်း၊ စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆိုနေသည့် အာဆင်နယ်တိုက်စစ်မှူး ဗန်ပါစီအား ပေါင် သန်း(၃၀)ဖြင့် ခေါ်ယူရန် အသင်းပိုင်ရှင် ရှိတ်မန်ဆော်၏ ခွင့်ပြုချက်အားလည်း ရရှိထားသည်။

မန်စီးတီးအသင်းသည် အသက် (၂၁)နှစ်ရှိ လိုင်လီစတား အီဒင် ဟာဇက်ဇ်အား ပေါင်(၂၅)သန်းဖြင့် ခေါ်ယူခြင်းဖြင့်၊ ပြိုင်ဘက် မန်ယူအသင်းအား နောက်ကောက်ချနိုင်မည်ဟု ရေပန်းစားလျှက်ရှိနေပြန်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မော်ရင်ဟို က လူသစ်ဝယ်ဖို့ ကာကာနဲ့ ဒီအာရာကို ရောင်းချင်သော်လည်း

လူသစ်ဝယ်ဖို့ ကာကာနဲ့ ဒီအာရာကို ရောင်းချင်သော်လည်း အရောင်းခက်နေသည့် မော်ရင်ဟို
လူသစ်ဝယ်ဖို့ ကာကာနဲ့ ဒီအာရာကို ရောင်းချင်သော်လည်း အရောင်းခက်နေသည့် မော်ရင်ဟို
ရီးယဲမက်ဒရစ်အသင်းသည် လာမည့်ရာသီအတွက် ပြင်ဆင်မှုအဖြစ် ကစားသမားအချို့ကို ရောင်းချဖို့ ကြံရွယ်နေကာ ကာကာကဲ့သို့သော် ကမ္ဘာ့အကောင်းဆုံး ကစားသမား စါရင်းဝင် ကစားသမားများလည်း ပါဝင်လျက် ရှိနေသည်။












လာလီဂါချန်ပီယံ နည်းပြ မော်ရင်ဟိုအနေဖြင့်  ရာသီသစ်အတွက် ကစားသမား အသစ် ခေါ်ယူဖို့အတွက် အချို့သော ကစားသမားများကိုရောင်းချ ရမည် ဖြစ်ရာ ကြယ်စင်စု၏ အရောင်းစါရင်းထဲတွင် ဘရာဇီးသား ကာကာနှင့် ပြင်သစ်သာ ဒီအာရာတို့ ပါဝင်လျက်ရှိနေသည်။
http://upload.wikimedia.org/wikipedia/commons/thumb/5/5a/Lass.jpg/250px-Lass.jpgစပိန်မှနာမည်ကြီး သတင်းစာ တစ်ခု ဖြစ်သည့် မာကာ၏ အဆိုအရ နောက်ခံလူ ရာအူးအဘီလိုနှင့် ဂိုးသမား အန်တိုနီယိုအဒမ်တို့သည် အသင်းမှ ထွက်ခွာလိုလျက် ရှိနေသော်လည်း ၄င်းတို့မှာ မော်ရင်ဟို၏ အဓိက အားထားရသည့် ကစားသမားများ ဖြစ်နေသည့်အတွက် အသင်းပြန်လည်တည်ဆောက်ရေးတွင် ထည့်သင်းဖို့ စပယ်ရှယ်ဝမ်းသည် လျာထားလျက်ရှိနေသည်ဟု သိရသည်။

မော်ရင်ဟို ရောင်းချလိုနေသည့် ကာကာ၊ ဒီအာရာနှင့် ဟာမစ်အယ်တင်တော့ဖ်တို့ ဖြစ်သော်လည်း ၄င်းတို့ကိုလည်း စိတ်ဝင်စားသည့် ကလပ်အများအပြား ရှိနေကြသည်။ သို့သော်လည်း အဆိုပါ ကစားသမားများအတွက် ပေးရမည့်လစာနှင့် အရောင်းအ၀ယ် တန်ကြေးမှာ မြင့်မားလှသည့်အတွက် ၄င်းတို့အား ၀ယ်ယူလိုသည့် ကလပ်များမှာ စဉ်းစားချင့်ချိန်ရလျက် ရှိနေသည်။

နောက်ခံလူ ရီကာဒိုကာဗယ်ဟိုသည်လည်း အသင်းမှ ထွက်ခွာသွားနိုငသော်လည်း မော်ရင်ဟိုကမူ လာမည့်နှစ် ၄င်း၏ လူစါရင်းတွင် ထည့်သွင်းထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မန်ချက်စတာမြို့ဆီသို့ တေးဗက်စ်၏ မိသားစု ပြောင်းရွှေ့

မန်ချက်စတာမြို့ဆီသို့ တေးဗက်စ်၏ မိသားစု ပြောင်းရွှေ့လာ၊ မန်စီနီနှင့် အဆင်ပြေနေကြောင်း တေးဗက်စ်ဖွင့်ဟ
မန်ချက်စတာမြို့ဆီသို့ တေးဗက်စ်၏ မိသားစု ပြောင်းရွှေ့လာ၊ မန်စီနီနှင့် အဆင်ပြေနေကြောင်း တေးဗက်စ်ဖွင့်ဟ
mmမန်ချက်စတာစီးတီးမှာဘဲ နေချင်ပါတယ်ဟု ကားလိုစ့်တေးဗက်သည် ထုတ်ဖော်ပြောကြားလိုက်ပြီး ၄င်း၏ ဇနီးဖြစ်သူ ဗန်နီဆာနှင့် ကလေးနှစ်ဦးတို့သည် အာဂျင်တီးနားမှနေ မန်ချက်စတာသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ကြောင်း ဒေးလီအိတ်စပရက်စ်သတင်းစာက ဖော်ပြသွားခဲ့သည်။ ယင်းသို့ ပြောင်းရွှေ့လာခဲ့သည့်အတွက် မိသားစုမှာ အထိုင်ကျဖို့ ၄င်းအနေဖြင့် ကူညီနေရကြောင်း ပြောကြားသွားခဲ့သည်။

"ကျွန်တော် ပြန်လာတဲ့အချိန်ကစရင် အခုချိန်ဟာ တကယ့်ကောင်းတဲ့ ခံစားချက်ပါဘဲ။ အလွန်ကိုလည်း သက်တောင့်သက်သာ ရှိနေပြီး မန်စီးတီးအတွက် တကျော့ပြန်ကစားရတဲ့အတွက်လည်း ကျေနပ်ပျော်ရွှင်နေပါတယ်။ မန်နေဂျာနဲ့ ကျွန်တော့် မိသားစုတွေနဲ့လည်း ပုံမှန်အတိုင်း အဆင်ပြေနေပါတယ်။ ကျွန်တော့်နဲတော့ သူဟာ တကယ်ကောင်းတဲ့ သူပါဘဲ။ လုံးဝကို ပြဿနာမရှိပါဘူး။ သူဟာ ပွဲတွေကို အနိုင်ရချင်တယ် အောင်လဲ အောင်မြင်တယ် တကယ်လို့သာ ကျွန်တော်ဟာ သူ့ရဲ့ အသင်းမှာ တစိတ်တဒေသအဖြစ် ပါဝင်ကူညီခွင့်ရနေရင် တကယ်ဘဲ အပတ်တကုတ်နဲ့ ကြိုးစားကစားပေးသွားမှာပါ"
ဟု တေးဗက်စ်က ပြောကြားသွားခဲ့သည်။

လွန်ခဲ့သော လအနည်းကဆိုလျှင် တေးဗက်စ်သည် အိမ်လွမ်းသည်ဟု ဆိုသည့် အကြောင်းပြချက်ဖြင့် အာဂျင်တီးနားသို့ ပြန်သွားခဲ့ပြီး လအတန်ကြာ မန်စီးတီးသို့ ပြန်မလာဘဲ နေခဲ့ပြီး အသင်းမှ ထုတ်ခံရမည်လော အသင်းပြောင်းတော့မည်လော ဆိုသည့်သတင်းပေါင်းစုံ ထွက်ခဲ့သေးသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed