လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက
တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။
သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ
နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။
ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို
တန်ဖိုးထားသင့်ပါတယ်။
ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း
သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ်
သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက်
လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။
(၁) အင်းပါ! အင်းပါ! သိပြီ... အရမ်းရှုပ်တာပဲ!
(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!
(မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့)
(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!
(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့..... လုပ်ထားတာတွေကလည်း မကောင်းဘူး။
(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်)
(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။
(မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်)
(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။
(ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့)
(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!
(ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ)
(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!
(သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်)
(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။
(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ!
(မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ... နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား! )
မူရင်း -- http://share.youthwant.com.tw/sh?id=31023426&do=D
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
မျှဝေ
မိဘကျေးဇူးသိတတ်နိုင်ကြပါစေ........
--













ဘင်ဖီကာနှင့် ကစားသည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် အထူးလက်စွမ်းပြခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အန်းဒရက်စ် လင်ဒါဂါ့ဒ်က ဒေးဗစ်ဒီဂီယာလက်မှ နံပါတ်၁ ဦးစားပေး ဂိုးသမားနေရာကို ရယူရန် အသင့်ဖြစ်နေပြီဟု ပြောကြားလိုက်သည်။ ဒိန်းမတ်လက်ရွေးစင် ဂိုးသမားသည် ဘင်ဖီကာ၏ အိမ်ကွင်းတွင် (၁)ဂိုးစီ သရေကျသော ပွဲတွင် ထူးထူးချွန်ချွန် လက်စွမ်းပြ ကာကွယ်မှုများ ပြုလုပ်ခဲ့သည်။ အင်္ဂလန် ချန်ပီယံ ယူနိုက်တက်သည် အက်ဒွင်ဗန်ဒါဆား အနားယူသွားပြီးနောက် စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်မှ အသက်(၂၀)အရွယ် လူငယ်ဂိုးသမားလေး ဒီဂီယာကို ခေါ်ယူထားပြီး ဦးစားပေးဂိုးသမားအဖြစ် သတ်မှတ်ထားသည်။ သို့သော်လည်း ဒီဂီယာသည် အင်္ဂလန် ကစားဟန်နှင့် ရုတ်တရက် အံမ၀င်ဘဲ ဖြစ်နေသေးပြီး ပရီးမီးယားလိဂ် အစောပိုင်း ပွဲစဉ်များတွင် အမှားများ ရှိနေခဲ့သည်။ ယခုအခါ အသက်(၂၇)နှစ်ရှိ လင်ဒါဂါ့ဒ်က ၎င်းသည် အိုးလ်ထရက်ဒ်ဖို့၏ ဂိုးပေါက်ကို လုံခြုံစွာစောင့်ကြပ်ရန် တာဝန်အပေါ် အပြည့်အ၀ မျှော်လင့်နေပြီဟု ပြောကြားခဲ့သည်။ “ကျွန်တော် ဒုတိယဂိုးသမား နေရာမှာ ပျော်ရွှင်မနေပါဘူး။ ကျွန်တော် အင်္ဂလန်ကို ရောက်လာတာဟာ နံပါတ်(၁) နေရာအတွက်ပါ”ဟု လင်ဒါဂါ့ဒ်ကဆိုသည်။ ၎င်းက ယူနိုက်တက်သို့ ပြောင်းရွှေ့ခွင့် ရလာခြင်းကြောင့် ပိုမိုလက်စွမ်းတက်လာကြောင်းနှင့် ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်ထံမှ အကောင်းဆုံး အကူအညီများ ရရှိခဲ့ကြောင်း ဖွင့်ဟပြောဆိုသွားသည်။
အင်္ဂလန်လက်ရွေးစင်နှင့် ချယ်လ်ဆီးအသင်းတို့မှ နာမည်ကျော် ကစားသမား နှစ်ဦးဖြစ်သည့် ဂျွန်တယ်ရီနှင့် ဖရန့်ခ်လမ်းပတ်တို့သည် လူနာတင် လေယာဉ်ဝယ်ယူရန် ရည်ရွယ်သော ရန်ပုံငွေ တစ်ရပ်အတွက် ပါဝင်ကူညီခဲ့ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် လက်မှတ်ထိုးထားသော ဘောလုံးကန်ဖိနပ် တစ်ရန်စီကို လှူဒါန်းပြီး ယင်းတို့ကို Onlineမှတဆင့် လေလံတင် ရောင်းချသွားမည်ဖြစ်သည်။ Umbro၏ Special Revolutionအမျိုးအစား ဖိနပ်နှင့် Adidas၏ Adipureတစ်ရန်စီကို ၎င်းတို့က ပေးအပ်ခဲ့ပြီး eBayမှတဆင့် လေလံတင်သွားမည်ဖြစ်သည်။ တယ်ရီ၏ ဖိနပ်တွင် ၎င်း၏ ချယ်လ်ဆီးအသင်းတွင် ၀တ်ဆင်သော နံပါတ် (၂၆)ကို ထည့်သွင်းဖော်ပြထားသလို သမီးနှစ်ဦးဖြစ်သည့် ဂျော်ဂျီနှင့် ဆမ်မာတို့၏ အမည်များကိုလည်း ရေးထိုးထားသည်။
အင်ဒိုနီးရှား အသင်းအား တစ်လုံးတည်းသော နောက်ကျဂိုးဖြင့် အနိုင်ရခဲ့ပြီး နောက်တွင် ၄ပွဲကစား ၃ပွဲနိုင် ရမှတ် ၁၀မှတ်ဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီ ဖြစ်သည့် မြန်မာ ယူ-၁၉ နည်းပြ မစ္စတာ ဂတ် ဖရိုင်းဒရစ်က ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ကစားပုံ ပိုမို ကောင်းမွန် လာလိမ့်မည်ဟု ပြောကြားခဲ့သည်။
အာဆင်နယ်နှင့် မန်ချက်စတာ ယူနိုက်တက် အသင်းတို့သည် ခရိုအေးရှား၏ တောက်ပသော လူငယ်သွေးသစ် ကြယ်ပွင့်လေး မက်တီယို ကိုဗာဆစ်အား အပြိုင်အဆိုင် စိတ်ဝင်စား နေကြောင်း သိရှိရသည်။
မန်ချက်စတာ ယူနိုက်တက် အသင်းကို မိမိတို့ ကြောက်ရွံ့နေမည် မဟုတ်ကြောင်း ချယ်လ်ဆီး နောက်ခံလူ ဘရာနီ ဆလက်ဗ် အိုင်ဗန် နိုဗစ်က ပြောကြားလိုက်သည်။
မိမိ၏ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိ လာမှုတွင် သူငယ်ချင်းများ ဖြစ်သော ခရစ္စ တီယာနို ရော်နယ်လ်ဒိုနှင့် မီဆွတ် အိုဇေးလ် တို့ထံမှ အထောက်အပံ့ ကောင်းများ ရရှိခဲ့ကြောင်း ကီရင်မ်ဘန် ဇီးမားက ပြောကြားလိုက်သည်။
မန်ချက်စတာ စီးတီး အသင်းသည် အိုဝင် ဟားဂရေ့ဗ်၏ ကြံ့ခိုင်မှု အခြေအနေ မျှော်လင့်သလို မကောင်း မွန်ခဲ့ပါက ဘာစီလိုနာ ကွင်းလယ်လူ ဆာဂျီယို ဘက်စ်ကွက်စ်ကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။
စက်တင်ဘာ ၁၂ရက်နေ့ ညနေပိုင်းက သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် အာဆီယံ ယူ-၁၉ ပွဲစဉ်တွင် အိမ်ရှင် မြန်မာ အသင်းသည် ဘရူနိုင်း အသင်းအား ၆ဂိုးပြတ် အနိုင်ရရှိ ခဲ့သည်။
ချယ်လ်ဆီး တိုက်စစ်မှူး နီကိုလက်စ် အနယ်လ်ကာအား အရှေ့ အလယ်ပိုင်း ဒေသရှိ ကလပ်အသင်း တစ်ခုက လက်ရှိ လုပ်ခထက် (၂)ဆပေးကာ ခေါ်ယူရန် ဆန္ဒ ရှိနေကြောင်း သိရသည်။
မန်ချက်စတာ ယူနိုက်တက်သို့ အက်ရှ်လေယန်း ပြောင်းရွှေ့သွားခြင်းက ၎င်းအတွက် တိုးတက် ဖြစ်ထွန်းမှုများ ရှိလာစေကြောင်း ဖေဘီယို ကာပယ်လိုက သုံးသပ်ခဲ့သည်။











Rangoon Time