လက်ဆင့်ကမ်းမျှဝေပေးပါ
ဤစာတမ်းကို ယခင်က သင်လက်ခံရရှိပြီး ဖြစ်ချင်ဖြစ်မည် ။ ဤ ဆေးနည်းသည် အမှန်တကယ် စွမ်းပါသည် ။ Dr . Lai Chiu-Nan ၏ အကြောင်းနှင့် ဤဆေးနည်းဖြင့် ကုသပျောက်ကင်းသူများ၏ ကိုယ်တွေ့ တင်ပြချက်များကို အင်တာနက်ပေါ်တွင် ရှုာနိုင်ပါသည် ။ " ကောင်းသောအရာများကို အမြဲလက်ဆင့်ကမ်းပါ " ။
(Dr . Lai Chiu-Nan နည်းပေးသည် )
ဤဆေးနည်းဖြင့် ကုသပျောက်ကင်းသူ များပါသည် ။ အကယ်၍ သင်ကိုယ်တိုင် သုံးစွဲ၍ ပျောက်ကင်းလျှင်လည်း ဤဆေးနည်း ကို အခြားသူများသို့  လက်ဆင့်ကမ်းပေးပါ ။
Dr . Lai Chiu-Nan သည် ဤဆေးနည်းကို အခမဲ့ မျှဝေသည်ဖြစ်ရာ သင်သည်လည်း လူအများကို အခမဲ့ မျှဝေပါ ။တစ်စုံတစ်ယောက်သည် သင့်ထံမှတဆင့်ကြားပြီး ဤဆေးနည်းကြောင့် ရောဂါပျောက်ကင်းခဲ့ခြင်းပင်လျှင် သင်ရရှိသောဆုလာဘ်ဟုမှတ်ယူပါ ။
သည်းခြေကျောက်သည် လူတိုင်း၏စိုးရိမ်သည့်အချက်တော့မဟုတ်ပါ ။သို့ ရာတွင် လူတိုင်းတွင်ရှိသည့်အရာဖြစ်သဖြင့် ကျွန်ုပ်တို့ အားလုံးသည် စိုးရိမ်သင့်ပေသည် ။ ထို့ အပြင် သည်းခြေကျောက်သည် ကင်ဆာရောဂါဖြစ်စေနိုင်သည် ။ Chiu-Nan က " ကင်ဆာရောဂါဆိုသည်မှာ မည်သည့်အခါမျှ ရှေးဦးဆုံး ဖြစ်သောရောဂါ မဟုတ်ပါ ။" ဟုထောက်ပြခဲ့ပါသည် ။ " အများအားဖြင့် ကင်ဆာဖြစ်စေသော အခြားပြသနာအများအပြားရှိပါသည် ။ တရုတ်ပြည်တွင် ကျွန်မ၏ သုတေသနပြုချက်အရ ကင်ဆာရောဂါ ဝေဒနာသည်များသည် အများအား ကျောက်တည်သူများဖြစ်ကြကြောင်း မှတ်တမ်းများတွေ့ ရှိရပါသည်။ ကျွန်ုပ်တို့ အားလုံးတွင် သည်းခြေကျောက်များရှိပါသည် ။ အကြီး အသေးနှင့် အနည်းအများသာ ကွာခြားပါသည် ။
သည်းခြေကျောက်တည်သောရောဂါ၏ လက္ခဏာ တစ်ခုမှာ အစာကို များများစားပြီးနောက် ဝမ်းပိုက် ပြည့်အင့် ဖေါင်းကားလာသကဲ့သို့ ခံစားရခြင်းဖြစ်ပါသည် ။ အစာမကြေသကဲ့သို့ လည်း ခံစားရပါသည် ။ အကယ်၍ ရောဂါအခြေအနေဆိုးပါက အသည်းတဝှိုက်တွင် နာကျင်မှုကို ခံစားရပါမည် " ဟုလည်း ပြောပြပါသည် ။
အကယ်၍ သင့်တွင် သည်းခြေကျောက်တည်နေသည်ဟုထင်လျှင် သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းကို Dr . Lai Chiu-Nan က အောက်ပါအတိုင်း နည်းပေးထားပါသည် ။
အသည်းနှင့် သည်းခြေကျောက်တို့ သည် တစ်နည်းတစ်ဖုံ ဆက်စပ်နေကြသည် ဖြစ်ရာ အောက်ပါကုသနည်း ( သို့ မဟုတ် ) ဆေးနည်းသည် အသည်းအားနည်းသူများ အတွက်လည်း သင့်လျှော်ပါသည် ။
၁ ။ ပထမ (၅) ရက်တွင် နေ့ စဉ် ပန်းသီးဖျော်ရည် (Apple Juice ) ၄ ခွက် သောက်ပါ ။ ( သို့ မဟုတ် ) ပန်းသီး လေး၊ ငါး လုံး စားပါ ။ ( ပန်းသီး ဖျော်ရည် သို့ မဟုတ် ပန်းသီး မိမိ နှစ်သက်ရာ စားသောက်နိုင်သည်) ။ ပန်းသီးရည်သည် သည်းခြေကျောက်များကို ပျော့စေနိုင်ပါသည် ။ ထို ၅ ရက် အတွင်း အစားအစာကို ပုံမှန် စားသုံးပါ ။
ဆားခါးသည် သည်းခြေအိတ် ပြွန်များကို ပွင့်စေပါသည် ။
သံပုရာရည် ပန်းကန်လုံး တစ်ဝက် = သံပုရာသီး ၁၀ လုံး ခန့်  )
............................................................................................................................
ပန်းသီးဝယ်ယူရာတွင် အလုံးကြီး အခွံနီ က ပိုကောင်းသည် ။ တရုပ်ပြည်မှ ဝင်သည် ။ရန်ကုန်တွင် နေသူများ အတွက် သီရိမင်္ဂလာ ဈေး ၊ ဒိုင်တွင် ဝယ်ပါက စီးတီးမတ် ထက် တစ်ဝက်မျှ သက်သာသည် ။ တစ်နေ့  ၅ လုံး ဆိုတော့ ၅ရက်စာ ၂၅ လုံး ၊ အခွံမခွာပဲ ဝါးစားနိုင်ပါက ပိုကောင်းသည် ။ အများကြီး စားရမည် ဖြစ်သဖြင့် တစ်ချို့ သူများ ပါးစပ်နာ နိုင်သည်။ ပွန်းပဲ့ နိုင်သည် ။ အစိတ်သေးသေး အတုံးသေးသေးလေးများ စိတ်ပြီး မနက် ၂ လုံး ၊ နေ့ လည် ၂ လုံး ၊ ည ၁လုံး တမြုံ့ မြုံ့  ဝါးစားပါ ၊ လုံးဝ မဝါးနိုင်တော့ပါက သစ်သီးဖျော်စက် ဖြင့် ကြိတ်ပြီး စားပါ ။ သံဓါတ်များသော သစ်သီး ဖြစ်သဖြင့် အရောင်အဆင်းတော့ မလှမပ ဖြစ်နေမည် ၊ဝမ်းလည်းချုပ်စေတတ်သည် ။ ရောဂါပျောက်ရန် ကြိုးစားပြီး စားပေးပါ ။ သံလွင်ဆီမှာ ဝယ်ရမလွယ် ( သို့မဟုတ် ) ဈေးပိုကြီးတတ်သဖြင့် နှမ်းဆီ ကို သုံးပါ ။ အာနိသင်ခြင်းတူတူပင်ဖြစ်သည် ။
ဝမ်းမခိုင်သော ညီမငယ်လေးတယောက်လည်း ထိုနည်းအတိုင်း လိုက်နာ စားသုံးခဲ့ရာမှ ဆားခါးနှင့် နှမ်းဆီ ၊ သံပုရာရည် များ မသောက်ရသေးမီ (၅ ) ရက်မြောက် နေ့ တွင်စတင်၍ ဝမ်းထဲမှတဆင့် သည်းခြေကျောက်များ ထွက်ကျပြီး ၊ နောက် တစ်ရက် ဆားခါး ၊ နှမ်းဆီ ၊ သံပုရာရည် အစွမ်းကြောင့် ဆက်လက် ဝမ်းလျှော သည် ။ ယခုအခါတွင် သည်းခြေ ကျောက် နှိပ်စက်မှုကြောင့် နာကျင်မှု များ ကင်းဝေးကာ စိတ်ရော ကိုယ်ပါ ကျန်းမာ ပျော်ရွှင်နေပြီ ဖြစ်ပါသည် ။( သူ့ ဓါတ်ပုံများကို တင်ပြလိုသော်လည်း ခွင့်ပြုချက် မရသဖြင့် အဆိုပါ ကျောက်တုံး မျိုး ဆင်တူများ ၊ ပုံများ ကို အင်တာ နက်တွင် ရှာဖွေ ပြီး ကူးယူ ဖေါ်ပြလိုက်ရပါသည် )
အလားတူ ဝေဒနာ ခံစားနေကြရသူများလည်း မခွဲမစိတ်ရပဲ သည်းခြေကျောက် ရောဂါမှ ပျောက်ကင်းနိုင်ကြပါစေ ။ ကျောက်ဖို့ကောင်းပေမဲ့ ကျောက်စရာ မလိုတော့တဲ့ ဒီကျောက်တုံးများကြောင့် သည်းခြေအိတ် ဖယ်ထုတ်ခံရပြီး အမှတ်သည်းခြေ မရှိသူများ အဖြစ်မှ လွတ်ကင်းကြပါစေ ဟု ဆန္ဒပြုလိုက်ပါသည် ။










လူတစ်ယောက်ရဲ့ မျက်စိနှစ်လုံးက မြင်နိုင်တဲ့ အကွာအဝေး ထက် ပိုပြီး ဝေးကွာလွန်းတဲ့ နေရာက ပစ္စည်းတစ်ခု၊ ကြည့်လို စူးစမ်းလိုတဲ့ အရာတစ်ခုကို အနီးကလေးမှာ ရှိနေသလို မြင်တွေ့နိုင်အောင် မှန်ဘီးလူးဆိုတာ ပေါ်လာ တယ်။ စစ်မြေပြင်မှာ အရေးပါ အရာရောက် ခဲ့ရုံ သာမက ခရီးဝေးသွားသူ၊ သုတေသနပြု လုပ်သူတွေ စတဲ့ လူတန်းစား အားလုံး အသုံးပြု လာကြ တာကြောင့် ဈေးကွက်ဝင် ပစ္စည်းသစ် ပါ။ နေ့အခါမှာ အလင်းရောင်ကြောင့် မြင်တွေ့ နိုင်ပေမယ့် ညအမှောင်မှာတော့ မှန်ဘီလူး တွေ မစွမ်းခဲ့ပါဘူး။





အမေရိကန် ပြည်ထောင်စုက အီရန် လေကြောင်းလိုင်း Mahan ကို အမေရိက အတွင်း ရောက်ရှိလျက် ရှိသော ဆော်ဒီ ကိုယ်စားလှယ် အဖွဲ့ ဝင်များအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ရာတွင် ပါဝင်သူများနှင့် ဆက်သွယ် ပတ်သက်မှုဖြင့် ပိတ်ဆို့ အရေးယူလိုက်ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။
ဂျပန် ခရီးသွားလုပ်ငန်း အေ ဂျင်စီသည် နိုင်ငံခြားသား တစ် သောင်းကို ဂျပန်နိုင်ငံသို့ အခမဲ့ လာရောက် လည်ပတ်ခွင့်ပြုမည် ဖြစ်သည်။ ယင်း အစီအစဉ်အရ နိုင်ငံခြားသားများသည် အခမဲ့ လေယာဉ်လက်မှတ်များအတွက် တိုင်းပြည်၏ မည်သည့်နေရာများ သို့ လည်ပတ်လိုကြောင်း အသေး စိတ်အချက်အလက်များကို အွန် လိုင်းမှတစ်ဆင့် ဖော်ပြလျှောက် ထားရမည်ဖြစ်သည်။ ခရီးသွား လုပ်ငန်းအေဂျင်စီက လျှောက်ထား သူများအနက်မှ ကံထူးသူများကို ရွေးချယ်မည်။ ၄င်းတို့သည် ခရီး စဉ်အကြောင်း အစီရင်ခံစာ တစ်ရပ် ရေးသားကြရမည်။ ၄င်းရေးသား ချက်များကို အင်တာနက်ပေါ်၌ ဖော်ပြမည်ဟု ယူမီယူရီရှင်ဘွန်း သတင်းစာကဖော်ပြသည်။ ခရီးသွားလုပ်ငန်း အာဏာပိုင် များက ဂျပန်တွင် ၄င်းတို့အတွေ့ အကြုံအကြောင်းနှင့်ပတ်သက်ပြီး ခရီးသွားများထံမှ အပြုသဘော အစီရင်ခံစာများသည် ဂျပန်သို့ အလည်အပတ်လာဖို့ နိုင်ငံတကာ စိုးရိမ်ပူပန်မှုများကို လျော့ပါးရေး အထောက်အကူပြုမည်ဟု မျှော် လင့်ထားသည်။ အထက်ပါ အစီ အစဉ်ကို ဧပြီလတွင် စတင်မည်ဖြစ် သည်။ မတ်လ ၁၁ ရက်နေ့ ငလျင်နှင့် ဆူနာမီ အပြီး သုံးလအတွင်း ဂျပန် ကမ္ဘာလှည့်ခရီးသွားများ လာ ရောက်လည်ပတ်မှုသည် ၅၀ ရာခိုင် နှုန်းကျော် ကျဆင်းခဲ့သည်။ ဇွန်လ နှင့် ဇူလိုင်လတွင် ကမ္ဘာလှည့်ခရီး ခရီးသွားအရေအတွက်သည် လွန်ခဲ့ သောနှစ်ကထက် ၃၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ သို့သော် ဩဂုတ် လတွင် ၃၂ ရာခိုင်နှုန်း ရှိခဲ့သည်။ ဂျပန်အစိုးရက ငလျင်နှင့် ဆူနာမီ ကြောင့် ပျက်စီးခဲ့ရသည့် ဖူကူရှီးမား စက်ရုံအနီးအနား တစ်ဝိုက်မှလွဲပြီး ဂျပန်နိုင်ငံသည် လုံခြုံမှုရှိကြောင်း ပြောကြားခဲ့သည်။ ဖူကူရှီးမား စက်ရုံတွင် အဖွဲ့သားများသည် စက်ရုံအေးပြီး ရပ်ဆိုင်းသွားစေရန် ထိန်းချုပ်ဖို့ ကြိုးပမ်းနေဆဲရှိသည်။ Ref: Internet
အနုပညာလောကမှာ နေရာတစ်ခုပိုင်ဆိုင်လာတဲ့ အနုပညာရှင်မင်းသမီးလေး နိုဘယ်လ်ကျော်ကျော်နဲ့ တွေ့ဆုံခိုက် Venus ပရိသတ်ကြီးအတွက် အကြောင်းအရာတချို့ကို မေးမြန်းဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် စောင်ရေ အများဆုံး ထုတ်ဝေ ဖြန့်ချိနေသည့် 7 Day သတင်း ဂျာနယ်မှ သတင်းထောက် မအေးသူစံ၏ အင်တာဗျူးတွေ့ ဆုံမေးမြန်းမှုကိုပြောကြား နေစဉ် ကိုယ်ထိ လက်ရောက် တုံ့ပြန်ခဲ့ သောကြောင့် တရားစွဲဆိုခြင်း ခံထား ရသော ထက်ထက်မိုးဦး၏ အမှုအား အောက်တိုဘာ ၁၈ရက်နေ့တွင် ရန်ကင်းမြို့နယ် တရားရုံးက ပုံမှန် ရုံးချိန်ထက် စောပြီး နံနက် ၉နာရီခန့် တွင် စတင်စစ်ဆေးခဲ့သည်ကို တွေ.ရှိရသည်။
အစ္စရေးနိုင်ငံ တဲလ်အဗစ် တက္ကသိုလ်မှ ဇီဝကမ္မဗေဒ ပါမောက္ခ မက်တီမင့်ဇ် ဦးဆောင်သော သုတေသီ အဖွဲ့သည် ကြွက်၏ ဦးနှောက် တစ်စိတ် တစ်ပိုင်းနှင့် တူသော ကွန်ပျူတာချစ်ပ် ပြားကို စက်တင်ဘာလ ကုန်ပိုင်းက တီထွင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အမေရိ ကန်ရူပဗေဒ အသင်း ၏ Website တွင် ရေးသား ဖော်ပြထားသည်။ ယခုအောင်မြင်မှုသည် ကျန်းမာ ရေးချို့ယွင်း မှုကြောင့် သို့မဟုတ်ဒဏ်ရာ ရရှိမှုကြောင့် ဦးနှောက် အစိတ်အပိုင်း တစ်ခုခု ပျက်စီးသွား သူများအတွက် ဦးနှောက်၏ လုပ်ငန်း ဆောင်တာများ ပုံမှန်ပြန်လုပ် နိုင်စေရန် ပူးပေါင်း ကူညီပေးမည့် စက် ကိရိယာများ တီထွင်နိုင်ရေး အတွက် လှေကားထစ် အသစ် တစ်ခု တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်း ၌ ဖော်ပြထားသည်။ အဆိုပါ ချစ်ပ်ပြားသည် ကြွက်၏ ဦးနှောက်ငယ် (Cerebellum) ၏ လုပ်ငန်း ဆောင်တာ များထဲမှ တစ်ခုကို ထပ်တူ တုပ စွမ်းဆောင် နိုင်ကြောင်း သိရသည်။


လီဗာပူးလ် အသင်း အတွက် (၇)လအတွင်း ပထမဆုံး အကြိမ်အဖြစ် စတီဗင် ဂျရတ် အနေနှင့် ပွဲထွက်ခွင့် ရရှိတော့မည် ဖြစ်သည်။
မြန်မာ ယူ-၂၃ လက်ရွေးစင် အသင်းအား ကိုင်တွယ်လျှက် ရှိနေသည့် ဆွီဒင်လူမျိုး နည်းပြကြီး စတီဖန် ဟန်ဆန်သည် အောင်မြင်မှု ရရှိပါက ချီးမြှင့် ခံရမည့် အပိုဆုကြေးများအား ကလေးဆေးရုံ ဆောက်လုပ် လှူဒါန်းရန် စိတ်အား ထက်သန်နေကြောင်း သိရသည်။
မန်ချက်စတာ ယူနိုက်တက် အသင်းသည် ကွင်းလယ် ကစားသမား တွမ်ကလီ ဗာလေအား (၂၀၁၅)ခုနှစ်ထိ သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုလိုက် နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
Rangoon Time