
ရီးရဲလ်အသင်းသည် ဘေယန်မြူးနစ်အသင်းအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ပြီးနောက်ပိုင်း၊ မော်ရင်ညိုက -
"ကျွန်တော် ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖလားရစေချင်ပါတယ်၊ သူတို့ဟာ မနေ့က သူရဲကောင်းတွေ ဖြစ်ခဲ့ပါတယ်"
"ဘောလုံးနဲ့ပတ်သက်ပြီး၊ ပညာရှင်တွေလို့ ထင်နေကြတဲ့သူအချို့ဟာ ကျွန်တော်ကိုင်ခဲ့တဲ့ အင်တာကို ဝေဖန်သလိုမျိုး ချယ်လ်ဆီးကိုလည်း ဝေဖန်မယ်ဆိုတာ သိပါတယ်" ဟု မော်ရင်ညိုက ပြောကြားသွားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ဖိုင်နယ်တွင် နည်းပြဟောင်းနှင့် တွေ့ဆုံမည်မဟုတ်တော့သော်လည်း အသင်း၏တောင်ပံကစားသမားဟောင်း အာဂျန်ရော်ဘင်နှင့်မူ ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။
ချယ်လ်ဆီးတွင် (၂၀၀၄)မှ (၂၀၀၇)အထိ ကစားခဲ့သည့် ဘေယန်မြူးနစ်တောင်ပံလူက -
"ကျွန်တော် ချယ်လ်ဆီးအသင်းအတွက် ဂုဏ်ယူပါတယ်၊ ကျွန်တော် အဲဒီအသင်းမှာ အကောင်းဆုံး အချိန်တွေ ရှိခဲ့ပါတယ်"
"အေဗရာမိုဗစ်ခ်ျနဲ့ ချယ်လ်ဆီးပရိသတ်တွေအတွက်လည်း ၀မ်းသာပါတယ်၊ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော် သူတို့ကို အနိုင်ယူသွားမှာပါ"
"ချယ်လ်ဆီးနဲ့ ဘေယန်မြူးနစ် ဖိုင်နယ်မှာ တွေ့ဆုံမယ်လို့ လောင်းခဲ့တဲ့သူဟာ အခုဆိုရင် လောင်းကြေးတွေအများကြီး ရနေလောက်ပါပြီ"
အပြာရောင်အသင်းသည် မေ (၁၉)ရက်တွင် ဘေယန်မြူးနစ်အိမ်ကွင်း အေလီယန်ဇ် အရီနာကွင်းတွင် ဖိုင်နယ်ကစားရမည်ဖြစ်သည်။
အသက် (၂၈)နှစ်ရှိ ရော်ဘင်က -
"ဒီ မက်တီယိုအတွက်လည်း ဂုဏ်ယူမိပါတယ်၊ သူဟာ ခက်ခဲတဲ့ အခြေအနေတွေကြားထဲမှာ အသင်းကို တာဝန်ယူခဲ့ရတာဖြစ်ပြီး၊ အခုဆိုရင် အံ့အားသင့်ဖွယ် စွမ်းဆောင်ပြနိုင်ခဲ့ပါပြီ"

ရော်နယ်ဒို၊ ကာကာ၊ ရာမို့စ်တို့ ပင်နယ်တီများ လွဲချော်ပြီးနောက်၊ ရှဝိန်းစတိုင်ဂါက ဘေယန်မြူးနစ်အသင်းအတွက် ပင်နယ်တီ အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။
ဂျာမန်ကလပ်အသင်းသည် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အိမ်ကွင်းတွင် ဖိုင်နယ်ကစားရသည့် ပထမဆုံးအသင်းဖြစ်လာခဲ့ပြီး၊ ဘေယန်မြူးနစ်ပရိသတ် တစ်သန်းခန့်သည် ဖိုင်နယ်လက်မှတ်များ ရရှိရန်အတွက် ကြိုးစားနေကြသည်။
ဘေယန်မြူးနစ်နည်းပြ ဂျပ် ဟေးနက်စ် က - "ကျွန်တော်တို့ဟာ နည်းပညာပိုင်း၊ နည်းစနစ်ပိုင်း၊ ကြံ့ခိုင်မှုပိုင်းတွေမှာ ပိုကောင်းတယ်ဆိုတာ ထပ်မံ သက်သေပြခဲ့ပါတယ်၊ အိမ်ကွင်းမှာ ကျင်းပမယ့် ဖိုင်နယ်ပွဲမှာ ဒီထက် ပိုကောင်းလာပါလိမ့်မယ်"ဟု ပြောကြားသွားခဲ့သည်။















စင်ကာပူနိုင်ငံရှိ မြန်မာ အလုပ်သမားများ ဧပြီ ၂၃ရက်မှ စတင် ၍ နိုင်ငံအတွင်းသို့ တရားဝင်ငွေ လွှဲနိုင်ပြီဖြစ် သည်။ ငွေလွှဲ ရာတွင် ပြည်ပရောက် အလုပ်သမား များ သာဆောင်ရွက် နိုင်မည်ဖြစ်သဖြင့် တစ်ရက်လျှင် စင်ကာပူနိုင်ငံ သုံးငွေ ၃၀၀၀ သာလွှဲ ပို့နိုင်သည်။ ငွေလွှဲ ၀န်ဆောင်ခမှာလည်း တစ်ကြိမ်လျှင် ပမာဏ မည်မျှ ပင်ဖြစ်စေ အမေရိကန်ဒေါ်လာဖြင့် တွက်ပါက လေးဒေါ်လာ နီးပါးပေးဆောင် ရမည်၊ ပြည်တွင်း မှ ငွေလွှဲ ၀န်ဆောင်မှုကို ရန်ကုန်မြို့မှအပ အခြားသော မြို့များသို့ ပေးပို့ရမည် ဆိုပါက ပြည်တွင်းငွေလွှဲနှုန်း အတိုင်းဝန်ဆောင်စရိတ်ယူမည်ဟု သမ၀ါယမဘဏ် (CB) ဘဏ်လီမိတက်မှမန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ဆိုသည်။


သန်းကြွယ် သူဌေး Bill Gates နှင့် ၄င်း၏ ဇနီးသည် အမေရိကန်နှင့် တောင် အာဖရိက တွင်အခြေစိုက်သော Aeras အဖွဲ့သို့ ဒေါ်လာသန်းပေါင်း ၂၂၀ လှူ ဒါန်းခဲ့ကြောင်းသိရသည်။ ၄င်း Aeras အဖွဲ့သည် အာဖရိက၊ အာရှ၊ ဥရောပ နှင့် အမေရိကတစ်ခွင်တွင် တီဘီရော ဂါကာကွယ်တိုက်ဖြတ်ရန် ထိုးဆေးများ ကိုစမ်းသပ်ထုတ်လုပ်နေသောအဖွဲ့အ အစည်းဖြစ်သည်။ TB ရာဂါသည် လေထဲမှတစ် ဆင့် ကူးစက်ပျံ့နှံ့တက်၍ နှစ်စဉ်လူ သန်းပေါင်း ၈ ဒသမ ၈ ဦးကို ကူးစက် နေကာ ၁ ဒသမ ၄ သန်းခန့်မှာ TB ကြာင့် အသက်ဆုံးရှုံးနေရကြောင်း WHO မှ ထုတ်ပြန်ထားသည်။ Bill Gates နှင့် ၄င်း၏ဇနီးတည် ထောင်ထားသော ဖောင်ဒေးရှင်းမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ယခုကဲ့သို့ အလှူငွေမတည်ခြင်းဖြင့် ကမ္ဘာနှင့် အဝှမ်းခြောက်လှန့်နေသော TB ရောဂါ ကို ကာကွယ်ပေးနိုင်မည့် ဆေးဝါးများ ပေါ်ထွက်လာကာ လူသားတို့ကို အကျိုး ပြုနိုင်စေရန် မျှော်လင့်ကြောင်း ကြေ ငြာခဲ့သည်။ WHO မှ TB ရောဂါအတွက် ကမ္ဘာနှင့်အဝှမ်းအသုံးပြုငွေသည် ဒေါ် လာ ၁၂ ဘီလီယံခန့်ရှိကြောင်းနှင့် တစ် ဝက်ခန့်ကျော်မှာ အိန္ဒိယနှင့် တရုတ် ပြည်ရှိ TB ဝေဒနာရှင်များအတွက် အသုံးပြုနေရကြောင်း ပြောကြားခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည်က သူမ၏ မိခင် အမည်ဖြစ်သော ဒေါ်ခင်ကြည် အမည်နှင့် ဖောင်ဒေးရှင်းတစ်ခုကို ဧပြီ ၁၆ ရက်တွင် ကျရောက် မည့် ဒေါ်ခင်ကြည်နှစ် (၁၀၀)ပြည့်၌ တည်ထောင်ကာ လူထု အကျိုးပြု လုပ်ငန်းများ လုပ်ဆောင် သွားမည်ဟု အင်န်အယ်လ်ဒီမှ ပြောခွင့်ရှိသူ ဦးဉာဏ်ဝင်း ကပြောသည်။





ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့ချုပ်မှ ရွေးချယ်ချီးမြှင့်မည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင်စာရင်း ထွက်ပေါ်




လီဗာပူးလ် အသင်း၏ ပေါင် (၃၅)သန်းတန် တိုက်စစ်မှူး ကာရိုးလ်သည် လာမည့် ရာသီကုန်တွင် အသင်းမှ ထွက်ခွာရဖွယ် ရှိနေကြောင်း သိရသည်။




Rangoon Time